လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, September 13, 2013

လက်နက် သဖွယ်အသုံးပြုနိုင်တော့မယ့် စမတ်ဖုန်း

Photo: လက်နက် သဖွယ်အသုံးပြုနိုင်တော့မယ့် စမတ်ဖုန်း

ဥရောပအခြေဆိုက် Smart Guard Company ကထုတ်လိုက်တဲ့ မိမိကိုယ်ကို
ကာကွယ်နိုင်မယ့် အရေးပေါ်လက်နက်ကိရိယာပါ။ယနေ့ခေတ်လူနေမူ
ဘဝမှာ စမတ်ဖုန်းလိုနည်းပညာတွေက လူတွေအတွက်မရှိမဖြစ် အသုံးပြု
လာကြတဲ့အတွက် ယခုလိုရွေးချယ်ဖန်တီးလိုက်တာပါ။

အဓိက ပစ်မှတ်ကတော့ မသမာသူတွေရဲ့ တိုက်ခိုက်မူတွေရန်မှ အားနွဲ့တဲ့မိန်းကလေးတွေကို အကာအကွယ်ပေးစေလိုတဲ့အတွက် မိမိရဲ့  Cell-phone တွေကို Self-defense systems အဖြစ်ပြောင်းလည်း ပေးထား
တာပါ။

ကနဦးတီထွင်ဖန်တီးပေးထားမူအရ iPhone တွေမှာသာ တပ်ဆင်အသုံးပြုရ
မှာဖြစ်ပြီး အဆိုပါကရိယာတွေကို အခြားသူတွေလွယ်ကူစွာအသုံးမပြုစေ
နိုင်ဖို့ လက်ဗွေလုံခြုံရေးစနစ်ကိုပါထည့်သွင်းပေးထားပါသေးတယ်။

ပုံမှာမြင်တွေ့ရတဲ့ဟာကတော့ ဖုန်းနဲ့တွဲဖွက်ပြီး အသုံးပြုရတဲ့ Pepper Spray
လို့ခေါ်တဲ့ ငရုပ်ကောင်းဆေးဖျန်းရေပါ။လက်ဗွေစနစ်ကိုအသုံး ပြုထားတဲ့အ
တွက် မိမိကိုယ်တိုင်သာအသုံးပြုရမှာဖြစ်ပြီး အရေးပေါ်အခြေအနေမှာ ရန်သူ
ရဲ့ မျက်စိကို လွယ်ကူစွာဖျန်းထည့်လို့ရအောင်ဖန်တီးပေးထားပါတယ်။

ထို့ပြင် ယခုထက်ပိုမိုပြင်းထန်ပြီး အန္တရာယ်များတဲ့ လျှပ်စစ်စွမ်းအင်ပါ
Yellow Jacket လို့ခေါ်တဲ့ အရာကိုလည်းဖန်တီးပေးထားပါတယ်။အဲဒါက
တော့ အဆိတ်ပြင်းတဲ့ ပျားတစ်ကောင်အတုတ်ခံရ သလိုမျိုး အားအလွန်ပြင်း
တဲ့ တစ်ချက်ထိ လျှပ်စစ်စွမ်းအင်တွေကိုအသုံးပြုထားတယ်လို့ဆိုပါတယ်။

နိုင်ငံတကာအနံ့ဖြန့်ချိဖို့ပြုလုပ်ထားပြီး Pepper Spray ပါကာဗာအတွက်ကို
တော့ ၃၉.၉၅ ဒေါ်လာနှင့် စွမ်းအားမြင့်လျှပ်စစ်ဓာတ်တွေကိုထုတ်လုပ်ပေး
မယ့် Yellow Jacket ကာဗာတစ်ခုကိုတော့ ကန်ဒေါ်လာ ၁၄၀ ကျသင့်မယ်
လို့သိရပါတယ်။လက်ရှိဈေးကွက်အနေအထားအရ ဥရောပတွေမှာသာဖြန့်
ချိရောင်းချလျက်ရှိနေပါတယ်။

Ref:Dailymail

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..