သရုပ်ဆောင် အောင်ရဲလင်းကိုယ်တိုင် Acer SmartPhone Liquid Z3
ဝယ်ယူသူတိုင်းကို ဖုန်း၏ Flip Cover တွင် အမှတ်တရလက်မှတ်ထိုး
ရောင်းချပေးမည့် အစီအစဉ်ကို Junction Mawtin
Promotion Area မှာ နံနက် ၉း၀၀ နာရီမှ ည ၈ နာရီအထိ
ပြုလုပ်ကျင်းပမည်ဖြစ်သည်။ နံနက် ၉ နာရီနှင့် မွန်းလွဲ ၁ နာရီ
နှစ်ချိန်ခွဲပြီး Discount အစီအစဉ်ဖြင့် တစ်ကြိမ်လျှင် အလုံး ၄၀
ရောင်းချမည်ဖြစ်သည်။
တစ်ဦးတစ်ယောက်တည်း လာရောက်ဝယ်ယူလျှင် ၂၀ ရာခိုင်နှုန်း၊ စုံတွဲလာရောက်ဝယ်ယူလျှင် ၂၅ ရာခိုင်နှုန်း၊ မိသားစုလိုက်လာဝယ်လျှင် ၃၀ ရာခိုင်နှုန်းအထိ Discout ချရောင်းချပေးသွားမည်ဖြစ်သည်။
အောင်ရဲလင်းနှင့်အတူ အမှတ်တရဓာတ်ပုံရိုက်ခြင်း၊ ပျော်ရွှင်ဖွယ်အစီအစဉ်များနှင့်အတူ ကျင်းပသွားမည်ဖြစ်သည်။ Acer SmartPhone Liquid Z3 မြန်မာစာစနစ်ပါဝင်ပြီး ဈေးနှုန်းမှာ 109 USD ဖြစ်သည်ဟု သိရသည်။
အမ်ဘွယ်
Popular Journal

No comments:
Post a Comment