လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, September 19, 2013

အာဆင်နယ်က ဒီနှစ် ဖလားမရရင် ထွက်မယ်လို့ ကြွေးကြော်ထားတဲ့ အာစင်ဝင်းဂါး နေရာကို အစားထိုးဖို့ ပြင်ဆင်ပြီ


အာဆင်နယ် အသင်း တာဝန်ရှိသူများသည် ယခုနှစ် ရာသီအကုန်တွင် ဖလားလက်မဲ့ ဆက်လက် ဖြစ်သွားမည် ဆိုပါက အသင်းမှ ထွက်ခွာမည်ဟု ကြွေးကြော်ထားသော အာစင်ဝင်းဂါးနေရာကို အရံသင့် အစားထိုးနိုင်ရန် ပြင်ဆင် နေကြသည်။
လက်ရှိ အာဆင်နယ် အသင်းဖြင့် ချုပ်ဆိုထားသော အာစင်ဝင်းဂါး၏ စာချုပ်မှာ ယခုနှစ် ရာသီအကုန်တွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်သည်။ Sportmediaset ၏အဆိုအရ အာဆင်နယ် ဘုတ်အဖွဲ့သည် အာစင်ဝင်းဂါး ထွက်ခွာသွားပါက ၂၀၁၁-၁၂ ဘောလုံးရာသီက ဂျုဗင်တပ်စ်အတွက် စီးရီးအေ ဖလားကို ရှုံးပွဲမရှိ စံချိန်ဖြင့် သမိုင်းဝင် ဆွတ်ခူးပေးထားသော ကွန်တီကို လျာထားကြောင်း သိရသည်။

လက်ရှိ ကွန်တီမှာ ဂျုဗင်တပ်စ် ဘုတ်အဖွဲ့ဖြင့် ကတောက်ကဆဖြစ်ပြီး အပြန်အလှန်ဝေဖန်မှုများ ပြုလုပ်နေခဲ့ကြသည်။ အကြောင်းမှာ ဂျုဗင်တပ်စ် ဘုတ်အဖွဲ့သည် ဂီယာချာရီနီနှင့် မာထရီတို့အား ၎င်း၏ ဆန္ဒ မပါပဲ ရောင်းထုတ်ခဲ့သောကြောင့် ကွန်တီသည် စိတ်ဆိုး ဒေါသထွက်၍ ဝေဖန်ခဲ့ခြင်း ဖြစ်သည်။


FOOTBALL CAFE

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..