ပရိသတ်ရှေ့ကို သရုပ်ဆောင်အနေနဲ့သာမက ဒါရိုက်တာ အနေ နဲ့ပါ ၀င်ရောက်ဖို့
သားညီတစ်ယောက် ပြင်ဆင်နေ ပါတယ်။ သားညီက သူဒါရိုက်တာ လုပ်ဖြစ်သွားပုံ ပတ်
သက်ပြီး “ အစက ကျွန်တော် MTV ရိုက်တဲ့
ဒါရိုက်တာပဲ ဖြစ်ချင် တာပါ။ ကျွန်တော့်ကို ဒါရိုက်တာ လုပ်ဖြစ်အောင် ယုန်လေး
က စတာပေါ့။ သူက ကျွန်တော့်ကို ဇာတ်ကားတွေ တစ်စ တစ်စ ပေးရိုက်ရင်းနဲ့
အပြင်ကပါ ကျွန်တော့်ကို ဒါရိုက် တာလုပ်ဖို့ ကမ်းလှမ်းလာကြတယ်။ ကိုယ်က တခြား
ဒါရိုက်တာတွေ လို တိတိကျကျသင်တန်းတက်ပြီး လုပ်ခဲ့ တာမျိုး မဟုတ်ပါဘူး။
ဒါပေမယ့် အရင်က ဇာတ်ကားရိုက်ရင် ရှုတင် မှာ ရှိတဲ့သူတွေကို လိုက်မေးတယ်။
ထရော်လီက ဘာလို့သုံး တာလဲ၊ ဇာတ်ကို ဘာလို့ ဒီလိုလုပ်တာလဲ စသဖြင့် ဒါရိုက်တာတွေကို မေးခဲ့တယ်။ ဇာတ်နဲ့ ပတ်သ က်ရင် ဇာတ်ရဲ့ Tempo တွေ အားနည်းနေသေး တယ်။ အခုဆို ကိုယ်က ဒါရိုက်တာ လုပ်ပြီး သူထူးစံနဲ့ ရိုက်ဖို့ ငါးကား ရှိတယ်။ ပထမတစ်ကားတော့ ရိုက်ပြီး သွားပြီ။ “ ခရမ်းရောင်ဒဏ္ဍာရီ” ဆိုတဲ့ကားကို စံရတီမိုးမြင့် ၊ သူထူးစံ၊ စိုးရန်အောင်တို့နဲ့ ရိုက်ပြီးပြီ။ အခုနောက်တစ်ကားက “ပဲပြုတ်နံပြား” ဆိုတဲ့ ကားပေါ့။ ကိုယုယရဲ့ ဇာတ်ကိုရိုက်မှာပါ။ ကျွန်တော် ဒါရိုက်တာလုပ်ပြီး ရိုက်တဲ့ ဇာတ်ကားတွေအပေါ် ဝေဖန်ရင် ကြိုဆိုပါတယ်။ ကိုယ့်ကို စော်ကားတာမဟုတ်ရင် ရပါတယ်ဓ လို့ သားညီက ဆိုပါတယ်။
Venus Curves
THE MELTING POT 4 U

No comments:
Post a Comment