နာမည်ကျော် ဟောလီးဝုဒ်မင်းသား ဝီလ်စမစ်သ်၏ အသက်(၁၅)နှစ်အရွယ် သားဖြစ်သူက
မိမိသည် စာသင်ကျောင်းတွင် ဆရာ၊ ဆရာမများ၏ ဦးနှောက်ဆေး (Brainwash)မှုကို ကြုံခဲ့ကြောင်း ဝေဖန်ခဲ့သည်။
လူငယ်လူရွယ်များအတွက် စာသင်ကျောင်းဆိုသော အရာမျိုး မရှိလျှင် ကမ္ဘာမြေကြီးသည် နေထိုင်ရန် ပိုမို ကောင်းမွန်လာလိမ့်မည်ဟု ဂျေဒန်စမစ်သ်က မှတ်ချက်ပြုခဲ့သည်။ နာမည်ကျော် ဟောလီးဝုဒ်မင်းသား ဝီလ်စမစ်သ်၏ အသက်(၁၅)နှစ်အရွယ် သားဖြစ်သူက မိမိသည် စာသင်ကျောင်းတွင် ဆရာ၊ ဆရာမများ၏ ဦးနှောက်ဆေး (Brainwash)မှုကို ကြုံခဲ့ကြောင်း ဝေဖန်ခဲ့သည်။ ဖခင်ဖြစ်သူနှင့်အတူ After Earth ဇာတ်ကားတွင် တွဲဖက် သရုပ်ဆောင်ထားသည့် ဂျေဒန်က Twitterတွင် ယင်းအမြင် ကို ရေးသားခဲ့ခြင်း ဖြစ်သည်။ Keeping Up with the Kardashians
စတား ကိုင်လီဂျန်နာနှင့် တွဲနေသည့် ဂျေဒန်က "တကယ်လို့ ကမ္ဘာကြီးမှာ စာသင်ကျောင်းတွေ အားလုံး ဖျက်သိမ်းလိုက်ရင် ကျွန်တော်တို့မှာ ပိုပြီး ပညာဉာဏ် ပြည့်ဝတဲ့ လူ့အဖွဲ့အစည်းမျိုး ရှိလာလိမ့်မယ်"ဟု မှတ်ချက်ပြုခဲ့သည်။
အဆိုပါ မှတ်ချက်သည် ၎င်း၏ မူလရေးတင်သော Postဖြစ်သည့် "ကျောင်းတွေဆိုတာ လူငယ်တွေကို ဦးနှောက်ဆေး မှိုင်းတိုက်တဲ့ နေရာပဲ။ ဒီကမ္ဘာကြီးမှာ စည်းကမ်းတွေ ထုတ်နေတဲ့ လူတွေ အားလုံးဟာ ကိုယ့်လောက်တောင် စမတ်မကျတဲ့ သူတွေချည်းပဲ။ ဒါကြောင့် ကိုယ့်ဖာသာ ရပ်တည်တာ ပိုကောင်းတယ်"ဆိုသော အမြင်အတွေး၏ အောက် တွင် ရေးသားထားခြင်း ဖြစ်သည်။ ဂျေဒန်၏ မိခင်ဖြစ်သူ ဂျာဒါသည်
ယခင်က သူမ၏ သားသမီးများအပေါ် ကိုင်တွယ် စီမံမှုတွင် လွတ်လပ်စွာ ခွဲခြမ်းစိတ်ဖြာမှု ပေးထားကြောင်း ဝန်ခံဖူးသည်။ ဂျာဒါက "ငါက မိဘ၊ ဒါကြောင့် ငါက မင်းတို့ထက်သာတယ် ဆိုတာမျိုး သားသမီးတွေကို ပြောဆို အုပ်ချုပ်တဲ့ ပုံစံဟောင်းက အလုပ်မဖြစ်ဘူးလို့ ကျွန်မထင်တယ်။ ကျွန်မဟာ ကလေးတွေကို အဖော်ပြုတဲ့ ပုံစံမျိုးပဲ ဆက်ဆံတယ်။ သူတို့ဘဝမှာ ဘာတွေဖြစ်ပျက်နေတယ် ဆိုတာကို ကျွန်မက နှုတ်တိုက်ချပေးနေစရာ အကြောင်းမရှိဘူးလို့ ယူဆပါတယ်"ဟု ပြောကြားသွားသည်။
Planet Myanmar Network

No comments:
Post a Comment