ယနေ့ညမှာတော့ ချဲလ်ဆီးအသင်းက League one အသင်းက ဆွင်ဒန်အသင်းနဲ့ Capital
one လိဂ်ဖလား ရှုံးထွက် တတိယအဆင့်ပွဲစဉ် အဖြစ်
ထိပ်တိုက်တွေ့ဆုံကစားခဲ့ရတာပါ။ League one
အသင်းက ဆွင်ဒန်အသင်းနဲ့ ကစားရတာမို့ ချဲလ်ဆီးတို့ သက်သက်သာသာနဲ့
အနိုင်ယူနိုင်ခဲ့ခြင်းပါ။ အက်ဆီယန် အသင်းခေါင်းဆောင်အဖြစ်
ပါဝင်ခဲ့ပြီးလူးဝစ်၊ ကာဟေး၊ မာတာ၊ ၀ီလီယံ နှင့် အထောင်တိုက်စစ်အဖြစ်
တောရက်စ်တို့ကို ထည့်သွင်းကစားစေခဲ့ပြီး၊နောက် အော်စကာ၊ အရှလေကိုးလ်၊
လမ်းပတ်၊ ဟာဇက် နှင့် အီတိုးတို့ကို ချန်ကစားခဲ့ပြီး ကျန်တဲ့ အရန်တွေနဲ့သာ
ပွဲထုတ်ကစားစေပါတယ်။ ပထမပိုင်းမှာ ချဲလ်ဆီးက ပိုမိုဖိကစားလာနိုင်ပြီး၊
အိမ်ရှင် ဆွင်ဒန်အသင်းကို အကောင်းဆုံးခြိမ်းခြောက်နေခဲ့တာပါ။
၂၇မိနစ် မှာ မာတာ ဂိုးရှေ့ ကိုချပေးတဲ့ဘောလုံးကို တောရက် အပိုင်ကန်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ တောရက်စ် နှင့် တစ်ယောက်ချင်းအတွေ့မှာ ဆွင်ဒန် ဂိုးသမားက တားဆီး ကာကွယ်လိုက်နိုင်တဲ့ အတွက်၊ ချဲလ်ဆီးအဖို့ ဂိုးရရှိရေး အခွင့်အရေးတစ်ခု နစ်နာခဲ့ရပါတယ်။ ၂၈ မိနစ်မှာ မာတာကန်ထည့်သည့် ဘောလုံးကို ဆွမ်ဒန်ဂိုးသမား ပုတ်ထုတ်ခဲ့ပေမယ့်လည်း ထွက်လာတဲ့ ဘောလုံးကို တောရက်စ်က အသာအယာထည့်သွင်းကာ ဗွေဆော်ဦး ရယူနိုင်ခဲ့တာပါ။ ၃၄ မိနစ်မှာ တောရက်ခင်းပေးတာကို ရာမီးရပ် အသာအယာကန်သွင်းယူပြီး ဒုတိယအနိုင်ဂိုးရခဲ့ပါတယ်။
ချဲလ်ဆီးအနေဖြင့် ပွဲအပြီးမှာ အနိုင်ရလဒ်စွမ်းဆောင်နိုင်ခဲ့သော်လည်း ကစားကွက် အနေအထားက အရင်ပွဲတွေလောက် မကောင်းခဲ့ပါဘူး။ လူသစ် အရန်ကစားသများ အပျက်များနေခြင်း နှင့် တောရက် အပိုင်အခွင့်အရေးများကို ကောင်းမွန်စွာ အသုံးမချနိုင်ခြင်းကြောင့်ချဲလ်ဆီးတို့ ရသင့်သလောက်ဂိုးမရခဲ့ခြင်းပါ။ ဒါပေမယ့်လည်း မာတာ၊ ရာမီးရပ် နှင့် တောရက်တို့ ပိုမိုခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ ပထမပိုင်းးမှာ ရာမီးရပ်အစား တယ်ရီကို ထည့်ကာ ၀ါရင့်နောက်တန်းများဖြင့် အိမ်ရှင်အသင်း၏ တိုက်စစ်ကို အကောင်းဆုံးခုခံနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ချေပဂိုးရရှိရေး အိမ်ရှင် ဆွင်ဒန်အသင်းက ကြိုးပမ်းကစားလာတာကို တွေ့ရပါတယ်။ ချဲလ်ဆီးအသင်းအနေဖြင့် ခံစစ်မှုးများဖြစ်ကြသည့် ကာဟေး၊ လူးဝစ် နှင့်တယ်ရီတို့အတွဲတို့က ဆွင်ဒန်ရှေ့ တန်းကို ဟန်ချက်ညီညီ ပညာသားပါပါနဲ့ လူကျွံထောင်ချောက်ဖမ်းကစားမှုကို အများဆုံးလုပ်ခဲ့ပါတယ်။ ဆွင်ဒန်တိုက်စစ်မှုးများ ချေပဂိုးရရှိရေး ကြိုးစားခဲ့သော်လည်း လူကျွံဘောလုံးများဖြစ်နေသဖြင့် နစ်နာခဲ့ရတာပါ။ ယခုအဆင့်မှာတော့ ပရီးမီးယားလိဂ်မှ အဲဗာတန် နှင့် အက်စတွန်ဗီလာ အသင်းမှ လွဲပြီး ကျန်အသင်းကြီးများ အားလုံးနီးပါး ဂိုးပြတ်နိုင်ပွဲတွေနဲ့ နောက်တဆင့်တက်လာနိုင်ခဲ့ကြပါတယ်။ နောက်တစ်ဆင့် ရှုံးထွက်ပွဲစဉ်တွေမှာ လည်း မည်သည့်အသင်းတွေ မည်ကဲ့သို့ တွေ့ဆုံယှဉ်ပြိုင်ကစားကြရမလဲဆိုတာတော့ စောင့်စားရပါအုံး
မည် ။
Written by မိုးတိမ် (တမာမြေ)
http://www.football-cafe.com/

No comments:
Post a Comment