လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, September 21, 2013

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခြောက်လမ်းသွား လမ်းမကြီးများနှင့် အဓိကလမ်းမကြီး ၂၆ လမ်းတွင် ရာသက်ပန် ယာဉ်မရပ်ရဇုန်အဖြစ် သတ်မှတ်

Photo: ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခြောက်လမ်းသွား လမ်းမကြီးများနှင့် အဓိကလမ်းမကြီး ၂၆ လမ်းတွင် ရာသက်ပန် ယာဉ်မရပ်ရဇုန်အဖြစ် သတ်မှတ်
Saturday, September 21, 2013

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခြောက်လမ်းသွား လမ်းမကြီးများ အပါအ၀င် အဓိက လမ်းမကြီး ၂၆ လမ်းတွင် ရာသက်ပန် ယာဉ်မရပ်ရဇုန်အဖြစ် စတင်သတ်မှတ် လိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

ယာဉ်မရပ်ရ လမ်းများအဖြစ် သတ်မှတ်ခဲ့သည့် လမ်းများမှာ ပြည်လမ်းတစ်လျှောက်၊ ကမ္ဘာအေးစေတီလမ်း၊ ဘုရင့်နောင်လမ်း၊ ကမ်းနားလမ်း၊ ဗဟိုလမ်း၊ အင်းစိန်လမ်း၊ လေးထောင့်ကန်လမ်း၊ ဗညားဒလလမ်း၊ သုဓမ္မာလမ်း၊ အရှေ့/အနောက်ရွှေဂုံတိုင်လမ်း၊ သမိန်ဗရမ်းလမ်း၊ ဝေဇယန္တာလမ်း၊ ကန်တော်ကြီးပတ်လမ်း၊ ပါရမီလမ်း၊ သံသုမာလမ်း၊ မင်းနန္ဒာလမ်း၊ ကုန်သည်လမ်း၊ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အင်းလျားလမ်း၊ ဓမ္မစေတီလမ်း၊ ဗားဂရာလမ်း၊ သမိုင်းဘူတာရုံလမ်း၊ လှည်းတန်းလမ်းနှင့် အောက်ပုဇွန်တောင် လမ်းမကြီးများဖြစ်ပြီး၊ ယင်းလမ်းမကြီးများတွင် ယာဉ်များခေတ္တ ရပ်နားခြင်းမှအပ ရပ်နားခြင်း မပြုကြောင်း သိရှိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ "အခုလိုမျိုး လမ်းမကြီး ၂၆ လမ်းမှာ ယာဉ်မရပ်ရ ဇုန်အဖြစ် ရာသက်ပန် သတ်မှတ်ရခြင်း အဓိက အကြောင်းရင်းကတော့ ယာဉ်ကြောတွေ ကျပ်တည်းပြီးတော့ ပိတ်ဆို့နေခြင်းကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီလမ်းမကြီးတွေပေါ်မှာ ရပ်နားတဲ့ယာဉ်တွေကို စတင်အရေးယူ နေပါပြီ" ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားခဲ့သည်။

"ရန်ကုန်မှာ ယာဉ်ကြောပိတ်ဆို့မှုတွေ တော်တော်ဆိုးနေပြီ။ ကားပါကင် မရှိတော့ လမ်းပေါ်မှာ ကားတွေရပ်ပြီး ကားတွေပိတ်နေရတာ။ အဲဒီထဲမှာ စည်းကမ်းမဲ့ ရပ်ထားတဲ့ ကားတွေကြောင့်လည်း ပါတာပေါ့။ ဒါပေမဲ့ ယာဉ်ရပ်နား စခန်းတွေဖော်ပြီး စည်းကမ်းမဲ့ ကားတွေကိုလည်း ပိုတင်းကျပ်မယ်ဆိုရင် လမ်းပေါ်က ကားကျပ်တာလည်း အထိုက်အလျောက် လျော့နည်းနိုင်ပါတယ်" ဟု မြို့ပြသယ်ယူ ပို့ဆောင်ရေးဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ လမ်းမကြီးများပေါ်တွင် စည်းကမ်းမဲ့ ရပ်နားနေသည့် ယာဉ်များကို  (၁၉၆၄) ခုနှစ် မော်တော်ယာဉ် နည်းဥပဒေဖြင့် အရေးယူ သွားမည့်အပြင် စီမံချက် ဒဏ်ငွေဖြင့်လည်း အရေးယူ သွားမည်ဖြစ်ကြောင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး ရဲမှူးသာဌေးထံမှ သိရသည်။

Eleven Media Group

ယာဉ်မရပ်ရ လမ်းအဖြစ် သတ်မှတ်ထားသည့် အနော်ရထာလမ်းအား စက်တင်ဘာ ၁၈ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..