လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, September 29, 2013

ဆင်ခြေထောက်ရောဂါအတွက် အိမ်တွင်းကုထုံးလေးများ

Photo: * Health Knowledge of the Day *
====================
*** ဆင်ခြေထောက်ရောဂါအတွက် အိမ်တွင်းကုထုံးလေးများ ***

ဆင်ခြေထောက်ရောဂါဆိုတာ။ ဆင်ခြေထောက်ရောဂါသည် အသက်အရွယ်မရွေး၊အမျိုးသား/အမျိုးသမီးမရွေး ဖြစ်နိုင်သည်။ လူမှလူသို့တိုက်ရိုက်ကူးစက်မှုမရှိပါ။ Culex mosquito ခြင်အမျိုးအစားကနေပြီး၊Wuchereria bancrofti(ခေါ်)သန်ကောင် ကပ်ပါးပိုးတစ်မျိုးကြောင့်ရောဂါဖြစ်လာ၏။ ဆင်ခြေထောက်ပုံသဏ္ဍာန်ရှိသဖြင့်“ဆင်ခြေထောက်(Elephantiasis)” ဟု အမည် တွင်သည်။ ဤရောဂါသည်လတ်တလောသေစေနိုင်သော ရောဂါမဟုတ်သော်လည်း ခြေလက်အင်္ဂါပုံသဏ္ဌာန်ပျက်ယွင်းခြင်း ကြောင့် လူမှုရေး ထိခိုက်နစ်နာဆုံးရှုံးမှုရှိသောရောဂါများတွင် တစ်ခုအပါအ၀င်ဖြစ်သည်။ရောဂါဖြစ်စဉ်။ ဆင်ခြေထောက်ပိုးရှိသော ခြင်တစ်ကောင်ကိုက်သောအခါ၊ရိုးရိုးမျက်စိနှင့်မမြင်နိုင်သောပိုးသည် လူ၏အရေ ပြားပေါက်မှတဆင့်သငံရည်(သားနံရည်)စုဝေးရာနေရာသို့ရောက်ရှိသွားပါသည်။ သန်ကောင်ငယ်နှင့်သက်ကြီးကောင်ဟူ၍ ၂-မျိုးရှိပြီး သက်ကြီးကောင်များမှာလူ၏သငံရည်ကြောတွင်နေကြသည်။ သက်ကြီးကောင်များ မိတ်လိုက်ပြီးနောက်Microfilaria (ခေါ်)သန်ကောင်ငယ်များမွေးလာကာ ယင်းတို့သည်လူတို့၏သွေးကြောများနှင့်အဆုတ်၊ အသည်းစသော အတွင်းကလီစာများ တွင်လှည့်ပတ်သွားလာကြသည်။ သန်ကောင်ငယ်များသည် ည ၁ဝ နာရီမှ နံနက် ၂ နာရီအတွင်းသွေးကြောများထဲမှ များပြား စွာထွက်ပေါ်လေ့ရှိပြီး၊ ၎င်းအချိန်တွင်ခြင်ကိုက်ရာမှခြင်၏ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသွားပြီးနောက်သန်ကောင်ငယ်များကြီး ထွားလာကာ လူတစ်ဦးမှတစ်ဦးသို့  ကူးစက်မှုပေးနိုင်သောအဆင့်ကိုရောက်ရှိ၍ ခြင်မှတဆင့် ကူးစက်မှုဖြစ်စေပါတော့သည်။ရောဂါဖြစ်နှုန်း။ လက်တလောအခြေအနေတွင် နိုင်ငံပေါင်း ၈၁-နိုင်ငံမှ လူပေါင်း၁၂၀-သန်းသည် ၄င်းရောဂါဆိုးကြီးကို ခံစားနေ ကြရပြီး သန်း(၄၀)သောလူများမှာကိုယ်အင်္ဂါချို့ယွင်းမှုများကြောင့် အလုပ်မလုပ်နိုင်တော့ပေ။အရှေ့တောင်အာရှဒေသတွင်း ၁၁-နိုင်ငံအနက် မြန်မာနိုင်ငံအပါအဝင်၉-နိုင်ငံတွင် ဆင်ခြေထောက်ရောဂါ အမြစ်တွယ်လျက်ရှိနေပါပြီ။မြန်မာနိုင်ငံတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄-ခုအနက် ရှမ်းပြည်နယ်၊ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့မှလွဲ၍ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၁- ခုတွင် ဆင်ခြေထောက်ရောဂါပိုး အမြစ်တွယ်မှုရှိကြောင်းသိရပါသည်။၂ဝဝ၁ ခုနှစ်တွင် ဆင်ခြေထောက်ရောဂါ အမြစ်တွယ်မှုများသည် မကွေးခရိုင် နှင့်သရက်ခရိုင်ရှိ လူများအားလုံးဆေးကျွေးခြင်းလုပ်ငန်းကို စတင်ခဲ့ပါသည်။ရောဂါလက္ခဏာများ။ ချမ်းတုန်၍ဖျားခြင်း၊ ခန္ဓာကိုယ်တစ်နေရာရာတွင်နီရဲပူလောင်ရောင်ရမ်း၍နာကျင်ခြင်း၊ သငံရည်ကြော နှင့်အကျိတ်များရောင်ခြင်း၊ ဆီးသွားသည့်အခါ အဖြူရောင်ပျစ်ချွဲချွဲဖြစ်ခြင်း၊အင်ပျဉ်ထွက်ခြင်း၊ ပန်းနာရင်ကျပ်ကဲ့သို့ကျပ်နေခြင်း၊ဘော(ရေမုတ္တ)အောင့်ခြင်း စသည့်လက္ခဏာများ စတင်ခံစားရတတ်သည်။ ထိုမှတစ်ဆင့်ခြေ/လက် (တစ်ဖက်တည်းဖြစ်စေ/နှစ် ဖက်လုံးဖြစ်စေ)တဖြည်းဖြည်းကြီ်းလာပြီးနောက်ဆုံးတွင် ခြေ/လက်များ ဆင်ခြေထောက်ကဲ့သို့ ဖြစ်လာတတ်ကြသည်။ သန် ကောင်သယ်ဆောင်ထားသောခြင် ကိုက်ခံရပြီး ရောဂါ လက္ခဏာပေါ်ရန်အတွက်ခြောက်လမှရှစ်လအထိ ကြာတတ်သည်။( အချို့ကလည်း ခြေ/လက်ဖောင်းရောင်ခြင်းကိုသွေးမှင်/လေမှင် ထင်ကာ တခြားဆေးတွေသောက်ပြီး ခေတ္တပျောက်သွားခြင်းဖြင့်ကိုယ်ထဲမှာ ပိုးများအောင်းနေခဲ့ကြ၏)ရောဂါကာကွယ်ဆေး။ ဆေးတိုက်ကျွေးရာတွင် ဆင်ခြေထောက် ပိုးသေဆေး(DEC) နှင့်သန်ချဆေးပြား(Albendazole) ကို ပူးတွဲအသုံးပြုရပါသည်။ ယင်းသည်ခန္ဓာကိုယ်တွင်းရှိ ပိုးအရေအတွက် ၉ဝ ရာခိုင်နှုန်းကျော်ကိုလျှော့ချနိုင်စွမ်းရှိ၏။ သန်ချဆေး နှင့်တွဲ၍ သောက်ခြင်းကြောင့်အူလမ်းကြောင်းရှိ အခြားသန်ကောင်များသေဆုံးနိုင်ပြီးအထူးသဖြင့်ကလေးများတွင် သန်ကောင် ရောဂါမရှိခြင်းဖြင့်စားသမျှအာဟာရကိုလည်း ကောင်းမွန်စွာရရှိမည်ဖြစ်သည်။ဆင်ခြေထောက်ရောဂါကာကွယ်ဆေးကို အနည်း ဆုံး ငါးနှစ်တိုက်ကျွေးရပြီးနေရာတစ်ခုတွင်တစ်ပတ်အတွင်း တစ်ချိန်တည်းတစ်ပြိုင်နက်လူအကုန်သောက်ရခြင်းဖြင့် ပိုးအရေ အတွက်တစ်ပြိုင်တည်းလျော့ကျသွားသည့်အတွက်ခြင်ကိုက်သော်လည်းကူးစက်မှုမဖြစ်နိုင်တော့ပေ။ ယင်းကာကွယ်ဆေးကိုဆင်ခြေထောက်ပိုးတွေ့ထားသူများ၊ ရောဂါလက္ခဏာမပြဘဲ ငုပ်နေသူများသောက်ပါကပိုးများသေဆုံး၍ ရောဂါပိုးကင်းစင်သွား မည်ဖြစ်ပြီး ခန္ဓာကိုယ်အတွင်းပိုးမရှိသေးသူများလည်း ရောဂါကူးစက်ခံရမှုက ကာကွယ်နိုင်မည်ဖြစ်၏။(ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးကို အသက် ၂-နှစ် အောက်ကလေးငယ်များ၊ကိုယ်ဝန်ဆောင်မိခင်လောင်းများနှင့် အခြားရောဂါတစ်ခုခုကြောင့် အိပ်ရာထဲလဲ၍နေမကောင်းဖြစ်နေသူများမသောက်သင့်ပေ)ဆေး၏ဘေးထွက်ဆိုးကျိုးများ။ ဆေးသောက်ခြင်းဖြင့် လူတိုင်းအားလုံးနီးပါးထူးထူးခြားခြားပြဿနာများမခံစားရပေ။ Albendazole ၏ ဘေးထွက်ဆိုးကျိုးမှာပျို့ခြင်း၊ အန်ခြင်းတို့ဖြစ်သည်။ ဆင်ခြေထောက်ရောဂါ၏ သဘာဝအရ DECသောက်ပြီး လျှင် ဆင်ခြေထောက်ပိုးများသေကျေပျက်စီးသွားသည့်အတွက်ယင်းတို့မှထွက်လာသောဓာတ်ပစ္စည်းများကြောင့် ခန္ဓာကိုယ် တွင်ဖျားနာခြင်း၊အင်ပျဉ်ထွက်ခြင်း၊ ခြေလက်များကိုက်ခဲ၍မသယ်ချင်ဖြစ်ခြင်း၊ယောက်ျားများတွင်ဝှေးစေ့ရောင်ခြင်း၊ ခြေထောက်အနည်းငယ်ရောင်လာတတ်ခြင်းတို့ ဖြစ်တတ်သည်။ ယင်းတို့သည် ဆေးသောက်ပြီး ၂၄နာရီ ကျော်လျှင် စတင်ပေါ်လာပြီး ၁ ရက် ၂ ရက်အတွင်း ပျောက်သွားမည်ဖြစ်သည်။(၎င်းဘေးထွက် ဆိုးကျိုးများအတွက် B-6 ၊ ဓာတ်ပစ္စည်းများကြောင့်ဖျားလျှင်Paracetamol နှင့် အင်ပျဉ်ထလျှင် Anti histamine တို့တွဲသောက်ပေးနိုင်၏)ဆင်ခြေထောက်ရောဂါအတွက် အိမ်တွင်းကုထုံးလေးများ။(၁) သစ်ကြားသီးက သငံရေ(သွေးရည်ကြည်)ထဲရှိ သက်ကြီးသန်ကောင်များကိုရာနှုန်ူပြည့်နီးပါးတိုက်ထုတ်ပေးနိုင်သည်။ (၂) တမာပင်ထဲမှာပါရှိသောlactones(ခေါ်)ဆေးဘက်ဝင်သဘာဝဓာတုပစ္စည်းတမျိုးက ဆင်ခြေထောက်ဖြစ်စေနိုင်သည့်ကပ်ပါး သန်ကောင်များကို သတ်ပေးနိုင်သဖြင့် တမာပင်စည်ခေါက်ကိုပြုတ်သောက်ပါ။ (၃) လေးညှင်းပွင့်က သွေးကြောထဲရှိ မျက်စေ့ဖြင့်မမြင်နိုင်သော ကပ်ပါးပိုးများကိုသေစေနိုင်သဖြင့်လေးညှင်းပွင့်စားပါ(သို့ မဟုတ်)လေးညှင့်ပွင့်အခြောက်မှုန့် ကို ကော်ဖီ/လ္ဘက်ရည်ထဲ ထဲ့သောက်ပါ။ (၄) ကြက်သွန်ဖြူမှာ ဆင်ခြေထောက်ရောဂါပိုးကိုတိုက်ထုတ်ပေးနိုင်သည့်အစွမ်းသတ္တိပါရှိသဖြင့် ကြက်သွန်ဖြူ တစ်နေ့  ၄-မွှာနှုန်းဖြင့် ၁-လတိတိ စားပေးပါ။ (၅) နာနတ်သီးထဲရှိ သဘာဝအင်ဇိုင်းဓာတ်များကကပ်ပါးပိုးများကို တိုက်ထုတ်ပေးနိုင်သည်။ (၆) ဗီတာမင်အေ ကြွယ်ဝသောအစားအများဖြစ်ကြသည့် မုန်လာဥနီ၊ ကန်စွန်းဥ၊ တရုပ်ဇီးချိုသီးများ ကကပ်ပါးပိုးများအန္တရာယ်မှ ကာကွယ်ကာကိုယ်ခံစွမ်းအားတိုးတက်မြင့်မားလာစေသည်။ (၇) အနက်ရောင် ခွေးလှေးယားသီးပင်အမြစ်ကို အမှုန့် ကြိတ်ပြီး၊ ပဲဆီနှင့်ချက်၍ ထိုဆီဖြင့် လိမ်းပေးပါ။

(ပေါက်ပေါက်….မျှဝေသည်)--*promise.pauk*

*(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)*

29-09-2013 နေ့ ထုတ် FLOWER NEWS အပတ်စဉ်ဂျာနယ်မှာ ဖော်ပြခံရ တဲ့ဆောင်းပါးလေးပါ။ FB မိတ်ဆွေများ ကျမ္မာသုတရစေဖို့  မျှဝေလိုက်ရပါတယ်ရှင်။ (စေတနာများစွာဖြင့်.......ပေါက်ပေါက်)+++++++++++++++++++++


ဆင်ခြေထောက်ရောဂါဆိုတာ။ ဆင်ခြေထောက်ရောဂါသည် အသက်အရွယ်မရွေး၊အမျိုးသား/အမျိုးသမီးမရွေး ဖြစ်နိုင်သည်။ လူမှလူသို့တိုက်ရိုက်ကူးစက်မှုမရှိပါ။ Culex mosquito ခြင်အမျိုးအစားကနေပြီး၊Wuchereria bancrofti(ခေါ်)သန်ကောင် ကပ်ပါးပိုးတစ်မျိုးကြောင့်ရောဂါဖြစ်လာ၏။ ဆင်ခြေထောက်ပုံသဏ္ဍာန်ရှိသဖြင့်“ဆင်ခြေထောက်(Elephantiasis)” ဟု အမည် တွင်သည်။ ဤရောဂါသည်လတ်တလောသေစေနိုင်သော ရောဂါမဟုတ်သော်လည်း ခြေလက်အင်္ဂါပုံသဏ္ဌာန်
ပျက်ယွင်းခြင်း ကြောင့် လူမှုရေး ထိခိုက်နစ်နာဆုံးရှုံးမှုရှိသောရောဂါများတွင် တစ်ခုအပါအ၀င်ဖြစ်သည်။ရောဂါဖြစ်စဉ်ဆင်ခြေထောက်ပိုးရှိသော ခြင်တစ်ကောင်ကိုက်သောအခါ၊ရိုးရိုးမျက်စိနှင့်မမြင်နိုင်သောပိုးသည် လူ၏အရေ ပြားပေါက်မှတဆင့်သငံရည်(သားနံရည်)စုဝေးရာနေရာသို့ရောက်ရှိသွားပါသည်။ သန်ကောင်ငယ်နှင့်သက်ကြီးကောင်ဟူ၍ ၂-မျိုးရှိပြီး သက်ကြီးကောင်များမှာလူ၏သငံရည်ကြောတွင်နေကြသည်။ သက်ကြီးကောင်များ မိတ်လိုက်ပြီးနောက်Microfilaria (ခေါ်)သန်ကောင်ငယ်များမွေးလာကာ ယင်းတို့သည်လူတို့၏သွေးကြောများနှင့်အဆုတ်၊ အသည်းစသော အတွင်းကလီစာများ တွင်လှည့်ပတ်သွားလာကြသည်။ သန်ကောင်ငယ်များသည် ည ၁ဝ နာရီမှ နံနက် ၂ နာရီအတွင်းသွေးကြောများထဲမှ များပြား စွာထွက်ပေါ်လေ့ရှိပြီး၊ ၎င်းအချိန်တွင်ခြင်ကိုက်ရာမှခြင်၏ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသွားပြီးနောက်သန်ကောင်ငယ်များကြီး ထွားလာကာ လူတစ်ဦးမှတစ်ဦးသို့  ကူးစက်မှုပေးနိုင်သောအဆင့်ကိုရောက်ရှိ၍ ခြင်မှတဆင့် ကူးစက်မှုဖြစ်စေပါတော့သည်။ရောဂါဖြစ်နှုန်း။ လက်တလောအခြေအနေတွင် နိုင်ငံပေါင်း ၈၁-နိုင်ငံမှ လူပေါင်း၁၂၀-သန်းသည် ၄င်းရောဂါဆိုးကြီးကို ခံစားနေ ကြရပြီး သန်း(၄၀)သောလူများမှာကိုယ်အင်္ဂါချို့ယွင်းမှုများကြောင့် အလုပ်မလုပ်နိုင်တော့ပေ။အရှေ့တောင်အာရှဒေသတွင်း ၁၁-နိုင်ငံအနက် မြန်မာနိုင်ငံအပါအဝင်၉-နိုင်ငံတွင် ဆင်ခြေထောက်ရောဂါ အမြစ်တွယ်လျက်ရှိနေပါပြီ။မြန်မာနိုင်ငံတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄-ခုအနက် ရှမ်းပြည်နယ်၊ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့မှလွဲ၍ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၁- ခုတွင် ဆင်ခြေထောက်ရောဂါပိုး အမြစ်တွယ်မှုရှိကြောင်းသိရပါသည်။၂ဝဝ၁ ခုနှစ်တွင် ဆင်ခြေထောက်ရောဂါ အမြစ်တွယ်မှုများသည် မကွေးခရိုင် နှင့်သရက်ခရိုင်ရှိ လူများအားလုံးဆေးကျွေးခြင်းလုပ်ငန်းကို စတင်ခဲ့ပါသည်။ရောဂါလက္ခဏာများ။ ချမ်းတုန်၍ဖျားခြင်း၊ ခန္ဓာကိုယ်တစ်နေရာရာတွင်နီရဲပူလောင်ရောင်ရမ်း၍နာကျင်ခြင်း၊ သငံရည်ကြော နှင့်အကျိတ်များရောင်ခြင်း၊ ဆီးသွားသည့်အခါ အဖြူရောင်ပျစ်ချွဲချွဲဖြစ်ခြင်း၊အင်ပျဉ်ထွက်ခြင်း၊ ပန်းနာရင်ကျပ်ကဲ့သို့ကျပ်နေခြင်း၊ဘော(ရေမုတ္တ)အောင့်ခြင်း စသည့်လက္ခဏာများ စတင်ခံစားရတတ်သည်။ ထိုမှတစ်ဆင့်ခြေ/လက် (တစ်ဖက်တည်းဖြစ်စေ/နှစ် ဖက်လုံးဖြစ်စေ)တဖြည်းဖြည်းကြီ်းလာပြီးနောက်ဆုံးတွင် ခြေ/လက်များ ဆင်ခြေထောက်ကဲ့သို့ ဖြစ်လာတတ်ကြသည်။ သန် ကောင်သယ်ဆောင်ထားသောခြင် ကိုက်ခံရပြီး ရောဂါ လက္ခဏာပေါ်ရန်အတွက်ခြောက်လမှရှစ်လအထိ ကြာတတ်သည်။( အချို့ကလည်း ခြေ/လက်ဖောင်းရောင်ခြင်းကိုသွေးမှင်/လေမှင် ထင်ကာ တခြားဆေးတွေသောက်ပြီး ခေတ္တပျောက်သွားခြင်းဖြင့်ကိုယ်ထဲမှာ ပိုးများအောင်းနေခဲ့ကြ၏)ရောဂါကာကွယ်ဆေး။ ဆေးတိုက်ကျွေးရာတွင် ဆင်ခြေထောက် ပိုးသေဆေး(DEC) နှင့်သန်ချဆေးပြား(Albendazole) ကို ပူးတွဲအသုံးပြုရပါသည်။ ယင်းသည်ခန္ဓာကိုယ်တွင်းရှိ ပိုးအရေအတွက် ၉ဝ ရာခိုင်နှုန်းကျော်ကိုလျှော့ချနိုင်စွမ်းရှိ၏။ သန်ချဆေး နှင့်တွဲ၍ သောက်ခြင်းကြောင့်အူလမ်းကြောင်းရှိ အခြားသန်ကောင်များသေဆုံးနိုင်ပြီးအထူးသဖြင့်ကလေးများတွင် သန်ကောင် ရောဂါမရှိခြင်းဖြင့်စားသမျှအာဟာရကိုလည်း ကောင်းမွန်စွာရရှိမည်ဖြစ်သည်။
ဆင်ခြေထောက်ရောဂါကာကွယ်ဆေးကို အနည်း ဆုံး ငါးနှစ်တိုက်ကျွေးရပြီးနေရာတစ်ခုတွင်တစ်ပတ်အတွင်း တစ်ချိန်တည်းတစ်ပြိုင်နက်လူအကုန်သောက်ရခြင်းဖြင့် ပိုးအရေ အတွက်တစ်ပြိုင်တည်းလျော့ကျသွားသည့်အတွက်ခြင်ကိုက်သော်လည်းကူးစက်မှုမဖြစ်နိုင်တော့ပေ။ ယင်းကာကွယ်ဆေးကိုဆင်ခြေထောက်ပိုးတွေ့ထားသူများ၊ ရောဂါလက္ခဏာမပြဘဲ ငုပ်နေသူများသောက်ပါကပိုးများသေဆုံး၍ ရောဂါပိုးကင်းစင်သွား မည်ဖြစ်ပြီး ခန္ဓာကိုယ်အတွင်းပိုးမရှိသေးသူများလည်း ရောဂါကူးစက်ခံရမှုက ကာကွယ်နိုင်မည်ဖြစ်၏။(ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးကို အသက် ၂-နှစ် အောက်ကလေးငယ်များ၊ကိုယ်ဝန်ဆောင်မိခင်လောင်းများနှင့် အခြားရောဂါတစ်ခုခုကြောင့် အိပ်ရာထဲလဲ၍နေမကောင်းဖြစ်နေသူများမသောက်သင့်ပေ)ဆေး၏ဘေးထွက်ဆိုးကျိုးများ။
 ဆေးသောက်ခြင်းဖြင့် လူတိုင်းအားလုံးနီးပါးထူးထူးခြားခြားပြဿနာများမခံစားရပေ။ Albendazole ၏ ဘေးထွက်ဆိုးကျိုးမှာပျို့ခြင်း၊ အန်ခြင်းတို့ဖြစ်သည်။ ဆင်ခြေထောက်ရောဂါ၏ သဘာဝအရ DECသောက်ပြီး လျှင် ဆင်ခြေထောက်ပိုးများသေကျေပျက်စီးသွားသည့်အတွက်ယင်းတို့မှထွက်လာသောဓာတ်ပစ္စည်းများကြောင့် ခန္ဓာကိုယ် တွင်ဖျားနာခြင်း၊အင်ပျဉ်ထွက်ခြင်း၊ ခြေလက်များကိုက်ခဲ၍မသယ်ချင်ဖြစ်ခြင်း၊ယောက်ျား
များတွင်ဝှေးစေ့ရောင်ခြင်း၊ ခြေထောက်အနည်းငယ်ရောင်လာတတ်ခြင်းတို့ ဖြစ်တတ်သည်။ ယင်းတို့သည် ဆေးသောက်ပြီး ၂၄နာရီ ကျော်လျှင် စတင်ပေါ်လာပြီး ၁ ရက် ၂ ရက်အတွင်း ပျောက်သွားမည်ဖြစ်သည်။(၎င်းဘေးထွက် ဆိုးကျိုးများအတွက် B-6 ၊ ဓာတ်ပစ္စည်းများကြောင့်ဖျားလျှင်Paracetamol နှင့် အင်ပျဉ်ထလျှင် Anti histamine တို့တွဲသောက်ပေးနိုင်၏)ဆင်ခြေထောက်ရောဂါအတွက် အိမ်တွင်းကုထုံးလေးများ။(၁) သစ်ကြားသီးက သငံရေ(သွေးရည်ကြည်)ထဲရှိ သက်ကြီးသန်ကောင်များကိုရာနှုန်ူပြည့်နီးပါးတိုက်ထုတ်ပေးနိုင်သည်။ (၂) တမာပင်ထဲမှာပါရှိသောlactones(ခေါ်)ဆေးဘက်ဝင်သဘာဝဓာတုပစ္စည်းတမျိုးက ဆင်ခြေထောက်ဖြစ်စေနိုင်သည့်ကပ်ပါး သန်ကောင်များကို သတ်ပေးနိုင်သဖြင့် တမာပင်စည်ခေါက်ကိုပြုတ်သောက်ပါ။ (၃) လေးညှင်းပွင့်က သွေးကြောထဲရှိ မျက်စေ့ဖြင့်မမြင်နိုင်သော ကပ်ပါးပိုးများကိုသေစေနိုင်သဖြင့်လေးညှင်းပွင့်စားပါ(သို့ မဟုတ်)လေးညှင့်ပွင့်အခြောက်မှုန့် ကို
 ကော်ဖီ/လ္ဘက်ရည်ထဲ ထဲ့သောက်ပါ။ (၄) ကြက်သွန်ဖြူမှာ ဆင်ခြေထောက်ရောဂါပိုးကိုတိုက်ထုတ်ပေးနိုင်သည့်အစွမ်းသတ္တိပါရှိသဖြင့် ကြက်သွန်ဖြူ တစ်နေ့  ၄-မွှာနှုန်းဖြင့် ၁-လတိတိ စားပေးပါ။ (၅) နာနတ်သီးထဲရှိ သဘာဝအင်ဇိုင်းဓာတ်များကကပ်ပါးပိုးများကို တိုက်ထုတ်ပေးနိုင်သည်။ (၆) ဗီတာမင်အေ ကြွယ်ဝသောအစားအများဖြစ်ကြသည့် မုန်လာဥနီ၊ ကန်စွန်းဥ၊ တရုပ်ဇီးချိုသီးများ ကကပ်ပါးပိုးများအန္တရာယ်မှ ကာကွယ်ကာကိုယ်ခံစွမ်းအားတိုးတက်မြင့်မားလာစေသည်။ (၇) အနက်ရောင် ခွေးလှေးယားသီးပင်အမြစ်ကို အမှုန့် ကြိတ်ပြီး၊ ပဲဆီနှင့်ချက်၍ ထိုဆီဖြင့် လိမ်းပေးပါ။

(ပေါက်ပေါက်….မျှဝေသည်)--*promise.pauk*

*(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)*

29-09-2013 နေ့ ထုတ် FLOWER NEWS အပတ်စဉ်ဂျာနယ်မှာ ဖော်ပြခံရ တဲ့ဆောင်းပါးလေးပါ။ FB မိတ်ဆွေများ ကျမ္မာသုတရစေဖို့  မျှဝေလိုက်ရပါတယ်ရှင်။ (စေတနာများစွာဖြင့်.......ပေါက်ပေါက်)+++++++++++++++++++++


No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..