SS Watertown လို့ခေါ်တဲ့အမေရိကန် ရေတပ်သင်္ဘောဟာ ဒီဇင်ဘာလ ၁၉၂၄ ခုနှစ်မှာ
ပနားမားတူးမြောင်းကနေ နယူးယော့ခ် ကိုဦးတည် ခုတ်မောင်းလာခဲ့ပါတယ်။
သင်္ဘောသားနှစ်ဦးဖြစ်တဲ့ James Courtney နဲ့ Michael Meehan ဆိုတဲ့ သူတို့နှစ်ဦးဟာ ဆီလှောင်ကန်တွေကို သန့်ရှင်းရေးလုပ်ရာကနေ မတော်တဆ မီးလောက်မှုဖြစ်ပွားခဲ့ပြီးတော့ သေဆုံးခဲ့ပါတယ်။
သူတို့နှစ်ဦးရဲ့ အလောင်းတွေကို မက္ကဆီကို ကမ်းခြေနားမှာ ရေထဲချပြီး သဂြိုလ်ပေးလိုက်ပါတယ်။နောက်တစ်နေ့ အရောက် ဒီဇင်ဘာ ၅ ရက်နေ့မှာ သင်္ဘောသားတစ်ဦးက ကုန်းပတ်တိုက်နေစဉ် သင်္ဘောရဲ့ ဘယ်ဘက်ခြမ်းကနေ သေသွားတဲ့သင်္ဘောသားနှစ်ဦးရဲ့ မျက်နှာပုံတွေနဲ့ လှိုင်းတွေလိုက်လာတယ်လို့ ထိတ်လန့်တကြားနဲ့ အော်ဟစ်လို့ သင်္ဘောတစ်ခုလုံးက ထွက်ကြည့်ပြီးတော့ ဒီဓါတ်ပုံကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
ရေလှိုင်းတွေဟာ တချိန်လုံးလိုက်လာနေပြီး အမေရိကန် ရေပိုင်နက်နားအရောက်မှာ ပျောက်ကွယ်သွားပါတယ်။ဒီအကြောင်းကို အင်္ဂလန်နိုင်ငံ မနောသုတေသီ အသင်းကြီးရဲ့ ဂျာနယ်မှာ ဖော်ပြခဲ့ပြီး တစ်ကမ္ဘာလုံးကို တုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။
မောင်စိုင်း
(ကနောင်)
Scientist Myanmar

No comments:
Post a Comment