လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, September 26, 2013

နိုင်ငံခြားသို့ တရားမဝင် အလုပ်သွားလုပ် သူများမှ မွေးလာသည့် ကလေးကို ကျန်းမာရေး ဌာနမှ မွေးစာရင်း ထုတ်ပေးနိုင်မှု မရှိဟု ပြော

Photo: နိုင်ငံခြားသို့ တရားမဝင် အလုပ်သွားလုပ် သူများမှ မွေးလာသည့် ကလေးကို ကျန်းမာရေး ဌာနမှ မွေးစာရင်း ထုတ်ပေးနိုင်မှု မရှိဟု ပြော
=========================================

နိုင်ငံခြားသို့ တရား မဝင် အလုပ် သွားလုပ်သူများမှ မွေးဖွားလာသော ကလေး များသည် နိုင်ငံသား အဖြစ် ဆုံး ရှုံးမှု မရှိသော်လည်း ကျန်းမာရေး ဌာနမှ မွေးစာရင်း ထုတ်ပေးနိုင်မှု မရှိပါကြောင်း ကျင်းပနေသော မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် ပြည်နယ် လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဌေးမြင့်အောင် က ဖြေကြားသည်။

မြန်မာနိုင်ငံမှ အကြောင်း အမျိုးမျိုးကြောင့် တစ်ဖက်နိုင်ငံ (နိုင်ငံခြား)တွင် သွားရောက် အလုပ်လုပ်ကိုင် သူများ ထဲတွင် အချို့က တရားဝင်နှင့် တရား မဝင် သွားရောက် အလုပ်လုပ် သူ သိန်းချီ ရှိနေကြောင်း၊ တရားမဝင် သွားရောက် အလုပ်လုပ် သူများ နိုင်ငံခြားတွင် လက်ထပ်ပြီး မွေးဖွား လာသော ကလေး အရွယ်ရောက် လာ ၍ ကျောင်း အပ် သည့်အခါ မွေး စာရင်း မရှိ၍ ကျောင်းအပ်၍ မရကြောင်း၊ အိမ်ထောင်စု စာရင်းမှာ မပါ၍ နိုင်ငံသား စိစစ်ရေးကတ် မရရှိ၍ ၄င်း၊ ကလေးများကို မည်သို့ သတ်မှတ် မည်နည်း၊ နိုင်ငံသား တိုင်းရင်းသား အဖြစ် သတ်မှတ်ပါ သလား၊ မွေးစာရင်း အတွက် ပုံစံကြေး မည်မျှ သတ်မှတ်ထား သနည်း မေးခွန်းကို စက်တင်ဘာ ၁၈ ရက်နေ့ တွင် ကျင်းပသည့် ပထမ အကြိမ် မွန်ပြည်နယ် လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေး ပထမနေ့တွင် ကျိုက်မရော မြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၁ မှ မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်း က ကြယ်ပွင့်ပြ မေးခွန်း အဖြစ် မေးမြန်း ခဲ့ခြင်း ဖြစ်သည်။

သတင်းအပြည့်အစုံကို အောက်ပါလင့်အတိုင်း ဖတ်ရှုနိုင်ပါသည်။

Popular Myanmar News Journal

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..