လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, September 14, 2013

မြန်မာနှင့် မလေးရှား မာဒေးကား ဖလား ဗိုလ်လုမည်

Photo: မြန်မာနှင့် မလေးရှား မာဒေးကား ဖလား ဗိုလ်လုမည်
 
Friday, 13 September 2013 

(၄၁)ကြိမ်မြောက် မာဒေးကား ဖလားပြိုင်ပွဲ ဗိုလ်လုပွဲကို စက်တင်ဘာ ၁၄ရက် (စနေနေ့) မြန်မာ စံတော်ချိန် ည ၇နာရီ ၁၅မိနစ်တွင် မလေးရှားနိုင်ငံ ခွမ်တန်မြို့ရှိ ပရိသတ် ၃၅ဝဝဝဆံ့ ဒါရုမက်ခ်မာ ကွင်းကြီး၌ မြန်မာ ယူ-၂၃နှင့် မလေးရှား ယူ-၂၃ အသင်းတို့ ယှဉ်ပြိုင် ကြမည် ဖြစ်သည်။

မြန်မာ အသင်းသည် အဖွင့်ပွဲတွင် ထိုင်းနှင့် တစ်ဂိုးစီ သရေ၊ ဒုတိယပွဲတွင် မလေးရှားနှင့် ခြေရည်တူ ကစားနိုင်ပြီး ၂ဂိုး- ၁ဂိုးဖြင့် ရှုံးကာ တတိယပွဲတွင် စင်ကာပူကို ၂ဂိုး- ဂိုးမရှိ အနိုင်ရ၍ ထိုင်းနှင့် ရမှတ် တူသော်လည်း ဂိုးကွာခြားချက် အသာနှင့် ဗိုလ်လုပွဲသို့ တက်ရောက် ခဲ့ခြင်း ဖြစ်သည်။

မာဒေးကားဖလား ပြိုင်ပွဲတွင် မြန်မာအသင်း ၁၉၆၄၊ ၁၉၆၇၊ ၁၉၇၁နှင့် ၂ဝဝ၆ခုနှစ်တို့တွင် ချန်ပီယံ ဖြစ်ထားပြီး နောက်ဆုံး ယှဉ်ပြိုင်ခဲ့သည့် ၂ဝဝ၇ခုနှစ် ဗိုလ်လုပွဲ၌ အိမ်ရှင် မလေးရှားကို ၃ ဂိုး- ၁ ဂိုးဖြင့် ရှုံးနိမ့် ခဲ့ရသည်။ အဆိုပါ အရှုံးကို ချေဖျက်ရန် မြန်မာအသင်း အတွက် အချိန်တန်ပြီ ဖြစ်သည်။ အဓိက ကစားသမား များဖြင့် တစ်ကျော့ ပြန်လည် ယှဉ်ပြိုင်မည့် ဗိုလ်လုပွဲကို တီဗွီ ဖန်သားပြင်က စောင့်ကြည့် အားပေးနေကြမည့် မြန်မာနိုင်ငံ တစ်ဝန်းရှိ ပြည်သူ အပေါင်း ကလည်း အံ့မခန်းရှိနေမှာ အမှန်ပင်။

မလေးရှား နိုင်ငံသည် မြန်မာဘောလုံး အသင်း၏ အောင်မြေ ဖြစ်ပေရာ (၅) ကြိမ်မြောက် ချန်ပီယံ ဆုဖလားကို အမိ မြန်မာပြည်သို့ ယူဆောင်လာမည့် မြန်မာ ယူ- ၂၃အသင်းအား ပြည်သူ အပေါင်းက သောင်းသောင်းဖြဖြ ကြိုဆိုကြမည့် မြင်ကွင်းကို မကြာ မီ တွေ့မြင်နိုင်တော့ မည်ဟု ဆန္ဒပြုရင်း အောင်မြင်ပါ စေကြောင်း ဆုမွန်ကောင်း တောင်း လိုက်ရ ပေသည်။ ။

အောင်ချိုငြိမ်း

မာဒေးကား ဖလားနှင့် အတူ ပြန်လာမည့် မြန်မာယူ-၂၃ အသင်းကို မြန်မာ ပြည်သူအပေါင်းမှ သောင်းသောင်းဖြဖြ ကြိုဆို မည်ဖြစ်ပါကြောင်း ............

http://myawadynews.blogspot.com/2013/09/blog-post_7768.html
(၄၁)ကြိမ်မြောက် မာဒေးကား ဖလားပြိုင်ပွဲ ဗိုလ်လုပွဲကို စက်တင်ဘာ ၁၄ရက် (စနေနေ့) မြန်မာ စံတော်ချိန် ည ၇နာရီ ၁၅မိနစ်တွင် မလေးရှားနိုင်ငံ ခွမ်တန်မြို့ရှိ ပရိသတ် ၃၅ဝဝဝဆံ့ ဒါရုမက်ခ်မာ ကွင်းကြီး၌ မြန်မာ ယူ-၂၃နှင့် မလေးရှား ယူ-၂၃ အသင်းတို့ ယှဉ်ပြိုင် ကြမည် ဖြစ်သည်။
မြန်မာ အသင်းသည် အဖွင့်ပွဲတွင် ထိုင်းနှင့် တစ်ဂိုးစီ သရေ၊ ဒုတိယပွဲတွင် မလေးရှားနှင့် ခြေရည်တူ ကစားနိုင်ပြီး ၂ဂိုး- ၁ဂိုးဖြင့် ရှုံးကာ တတိယပွဲတွင် စင်ကာပူကို ၂ဂိုး- ဂိုးမရှိ အနိုင်ရ၍ ထိုင်းနှင့် ရမှတ် တူသော်လည်း ဂိုးကွာခြားချက်

အသာနှင့် ဗိုလ်လုပွဲသို့ တက်ရောက် ခဲ့ခြင်း ဖြစ်သည်။

မာဒေးကားဖလား ပြိုင်ပွဲတွင် မြန်မာအသင်း ၁၉၆၄၊ ၁၉၆၇၊ ၁၉၇၁နှင့် ၂ဝဝ၆ခုနှစ်တို့တွင် ချန်ပီယံ ဖြစ်ထားပြီး နောက်ဆုံး ယှဉ်ပြိုင်ခဲ့သည့် ၂ဝဝ၇ခုနှစ် ဗိုလ်လုပွဲ၌ အိမ်ရှင် မလေးရှားကို ၃ ဂိုး- ၁ ဂိုးဖြင့် ရှုံးနိမ့် ခဲ့ရသည်။ အဆိုပါ အရှုံးကို ချေဖျက်ရန် မြန်မာအသင်း အတွက် အချိန်တန်ပြီ ဖြစ်သည်။ အဓိက ကစားသမား များဖြင့် တစ်ကျော့ ပြန်လည် ယှဉ်ပြိုင်မည့် ဗိုလ်လုပွဲကို တီဗွီ ဖန်သားပြင်က စောင့်ကြည့် အားပေးနေကြမည့် မြန်မာနိုင်ငံ တစ်ဝန်းရှိ ပြည်သူ အပေါင်း ကလည်း အံ့မခန်းရှိနေမှာ အမှန်ပင်။

မလေးရှား နိုင်ငံသည် မြန်မာဘောလုံး အသင်း၏ အောင်မြေ ဖြစ်ပေရာ (၅) ကြိမ်မြောက် ချန်ပီယံ ဆုဖလားကို အမိ မြန်မာပြည်သို့ ယူဆောင်လာမည့် မြန်မာ ယူ- ၂၃အသင်းအား ပြည်သူ အပေါင်းက သောင်းသောင်းဖြဖြ ကြိုဆိုကြမည့် မြင်ကွင်းကို မကြာ မီ တွေ့မြင်နိုင်တော့ မည်ဟု ဆန္ဒပြုရင်း အောင်မြင်ပါ စေကြောင်း ဆုမွန်ကောင်း တောင်း လိုက်ရ ပေသည်။ ။

အောင်ချိုငြိမ်း

မာဒေးကား ဖလားနှင့် အတူ ပြန်လာမည့် မြန်မာယူ-၂၃ အသင်းကို မြန်မာ ပြည်သူအပေါင်းမှ သောင်းသောင်းဖြဖြ ကြိုဆို မည်ဖြစ်ပါကြောင်း ............

http://myawadynews.blogspot.com/2013/09/blog-post_7768.html

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..