လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, August 7, 2013

ခိုလုံခွင့်တောင်းခံသူတွေ Manus ကျွန်းပို့ခံရ

Photo: ခိုလုံခွင့်တောင်းခံသူတွေ Manus ကျွန်းပို့ခံရ
Wednesday, August 07, 2013

သြစတြေးလျ နိုင်ငံကို လှေတွေနဲ့ ခို လှုံခွင့်တောင်းဖို့ ရောက်လာသူတွေ ပပျောက်သွားအောင် ဆောင်ရွက်တဲ့ အနေနဲ့ သြစတြေးလျ အစိုးရက လှေတွေနဲ့ ရောက်လောသူ အားလုံးကို Papua New Guinea ပို့ ဆောင်ဖို့ သဘောတူညီချက်ရရှိပြီးနောက်ပိုင်းမှာ နောက် ထပ် ရောက်လာတဲ့ ခိုလှုံခွင့်တောင်းလိုသူ ၃၉ ဦးကို Manus ကျွန်းကိုပို့ဆောင်လိုက်ပါတယ်။

၃၉ ဦး ထဲ က ၃၄ဦးဟာ အီရန် နိုင်ငံကဖြစ်ပြီး ၄ဦး က ပါကိစ္စတန် နိုင်ငံက ဖြစ်ပါတယ်။ ကျန်တဲ့ တဦးကတော့ Afghanistan နိုင်ငံက ဖြစ်ပါတယ်။ ဒီ ပို့ဆောင်ချက်ဟာ သဘောတူညီချက် ရပြီးနောက် တတိယ တသုတ်ပို့ဆောင်ခြင်း ဖြစ်ပါတယ်။

အလားတူ သဘောတူညီချက်မျိုး ကို Nauru နိုင်ငံနဲ့ သဘေတူညီမှု ရယူနိုင်ခဲ့ပေမဲ့ Nauru အစိုးရ ကတော့ ဒုက္ခသည် စစ်မှန်ကြောင်းတွေ့ ရှိခဲ့ရင်တောင် Nauruကျွန်းမှာ အပြီးအပိုင် အခြေချ နေထိုင်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ သဘောတူညီချက်အရ ကျွန်းသားအဖြစ် ခံယူခွင့်မရှိဘဲ နေထိုင်ခွင့်သာ ရမှာဖြစ်ပြီး အချိန်မရွေး မိမိတို့မူရင်းဌါနေကို ပြန်နိုင်ခွင့်ပြုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Solomon ကျွန်းက ဝန်ကြီး ချုပ် Gordon Darcy Lilo ကတော့ သူတို့ အနေနဲ့ ဒီသဘောတူညီချက်မျိုးကို စိတ် ဝင်စားမှုမရှိတဲ့အကြောင်း၊ ခိုလှုံခွင့်တောင်းလိုသူတွေကလဲ Solomon ကျွန်းမှာ လာရောက်နေထိုင်ဖို့ စိတ်ဝင်စားမှုရှိမှာ မဟုတ်တဲ့ အကြောင်း၊ Solomon ကျွန်း အနေနဲ့ မြေယာ ပိုင်ဆိုင်မှု ပြဿနာတွေကို ပြီးပြတ်အောင် မဖြေရှင်း နိုင်ခဲ့ တာတွေ ရှိနေပြီး နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်တဲ့ လူမျိုးရေး ပြဿနာ တွေ မငြိမ်းအေးသေး တဲ့အတွက်ကြောင့် အခုလို ဆုံးဖြတ်ချက်ချတာ ဖြစ်တယ်လို့ ပြောသွားပါတယ်။

ABC Radio Australia
Manus ကျွန်းမှာတွေ့ရတဲ့ ထိမ်းသိမ်းရေးစခန်း
သြစတြေးလျ နိုင်ငံကို လှေတွေနဲ့ ခို လှုံခွင့်တောင်းဖို့ ရောက်လာသူတွေ ပပျောက်သွားအောင် ဆောင်ရွက်တဲ့ အနေနဲ့ သြစတြေးလျ အစိုးရက လှေတွေနဲ့ ရောက်လောသူ အားလုံးကို Papua New Guinea ပို့ ဆောင်ဖို့ သဘောတူညီချက်ရရှိပြီးနောက်ပိုင်းမှာ နောက် ထပ် ရောက်လာတဲ့ ခိုလှုံခွင့်တောင်းလိုသူ ၃၉ ဦးကို Manus ကျွန်းကိုပို့ဆောင်လိုက်ပါတယ်။
၃၉ ဦး ထဲ က ၃၄ဦးဟာ အီရန် နိုင်ငံကဖြစ်ပြီး ၄ဦး က ပါကိစ္စတန် နိုင်ငံက ဖြစ်ပါတယ်။ ကျန်တဲ့ တဦးကတော့ Afghanistan နိုင်ငံက ဖြစ်ပါတယ်။ ဒီ ပို့ဆောင်ချက်ဟာ သဘောတူညီချက် ရပြီးနောက် တတိယ တသုတ်ပို့ဆောင်ခြင်း ဖြစ်ပါတယ်။အလားတူ သဘောတူညီချက်မျိုး ကို Nauru နိုင်ငံနဲ့ သဘေတူညီမှု ရယူနိုင်ခဲ့ပေမဲ့ Nauru အစိုးရ ကတော့ ဒုက္ခသည် စစ်မှန်ကြောင်းတွေ့ ရှိခဲ့ရင်တောင် Nauruကျွန်းမှာ အပြီးအပိုင် အခြေချ နေထိုင်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ သဘောတူညီချက်အရ ကျွန်းသားအဖြစ် ခံယူခွင့်မရှိဘဲ နေထိုင်ခွင့်သာ ရမှာဖြစ်ပြီး အချိန်မရွေး မိမိတို့မူရင်းဌါနေကို ပြန်နိုင်ခွင့်ပြုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Solomon ကျွန်းက ဝန်ကြီး ချုပ် Gordon Darcy Lilo ကတော့ သူတို့ အနေနဲ့ ဒီသဘောတူညီချက်မျိုးကို စိတ် ဝင်စားမှုမရှိတဲ့အကြောင်း၊ ခိုလှုံခွင့်တောင်းလိုသူတွေကလဲ Solomon ကျွန်းမှာ လာရောက်နေထိုင်ဖို့ စိတ်ဝင်စားမှုရှိမှာ မဟုတ်တဲ့ အကြောင်း၊ Solomon ကျွန်း အနေနဲ့ မြေယာ ပိုင်ဆိုင်မှု ပြဿနာတွေကို ပြီးပြတ်အောင် မဖြေရှင်း နိုင်ခဲ့ တာတွေ ရှိနေပြီး နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်တဲ့ လူမျိုးရေး ပြဿနာ တွေ မငြိမ်းအေးသေး တဲ့အတွက်ကြောင့် အခုလို ဆုံးဖြတ်ချက်ချတာ ဖြစ်တယ်လို့ ပြောသွားပါတယ်။

ABC Radio Australia
Manus ကျွန်းမှာတွေ့ရတဲ့ ထိမ်းသိမ်းရေးစခန်း

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..