မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းများထဲမှ တစ်ခုဖြစ်သည့် ရန်ကုန်မြို့ အတွင်းရှိ မြို့ပတ်ရထားတွင် iPay ကတ်များ အသုံးပြုနိုင်ရန် စီစဉ် ဆောင်ရွက် လျက်ရှိကြောင်း iPay ကုမ္ပဏီမှ တာဝန်ခံ ဦးသန့်ဇင်၏ ပြောကြားချက်အရ သိရသည်။
''ကျွန်တော်တို့ အနေနဲ့ ယာဉ်လိုင်းရှစ်လိုင်းမှာ ပထမဆုံး iPay ကတ်နဲ့ စီးနိုင်အောင် လုပ်ထားပါတယ်။ အဲဒီယာဉ်လိုင်းတွေက တစ်ဆင့် ဒဂုံကျောင်းမှာရှိတဲ့ ကန်တင်းတွေမှာ ကျောင်း သား၊ ကျောင်းသူတွေ အဆင်ပြေနိုင်အောင် စီစဉ်ခဲ့ပါတယ်။ ပြည်တွင်း ရေကြောင်း တွေမှာလည်း
အသုံးပြုနေကြတယ်။ အဲလိုပဲ မြို့ပတ်ရထားတွေမှာပါ iPay ကတ်ကို အသုံးပြုနိုင်အောင်
စီစဉ်နေပါတယ်။ ရထားဘူတာတွေမှာ iPay station တွေ ဆောက်လုပ် သွားဖို့ ရှိပါတယ်'' ဟု ၎င်းက ပြောကြားခဲ့သည်။ မြို့ပတ်ရထားများတွင် iPay ကတ် အသုံးပြုနိုင်ရန် အတွက် ကုမ္ပဏီမှ သက်ဆိုင်ရာဌာနသို့ တင်ပြပြီးဖြစ်ရာ ခွင့်ပြုချက် ရရှိပါက စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
MWD

No comments:
Post a Comment