လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, August 25, 2013

ဆန္ဒပြမှုများနှင့် ကြုံတွေ့နေရခြင်းကြောင့် သီရိလင်္ကာရှိ နယူးဇီလန် Fonterra နို့မှုန့်ကုမ္ပဏီ၏ လုပ်ငန်းများ ဆိုင်းငံ့


ဗက်တီးရီးယားပိုးမွှား ပါဝင်ခြင်းကြောင့် တရုတ်နိုင်ငံသို့တင်သွင်းခွင့် ပိတ်ပင်ထားသော နယူးဇီလန် Fonterra ကုမ္ပဏီထုတ် နို့နှင့်နို့ထွက်ပစ္စည်း များကို သီရိလင်္ကာနိုင်ငံတွင် ဆန္ဒပြမှုများနှင့် ကြုံတွေ့နေရခြင်းကြောင့် အဆိုပါကုမ္ပဏီ၏ လုပ်ငန်းများကို ရပ်ဆိုင်းထားကြောင်း Reuters သတင်းတွင်ဖော်ပြထားသည်။ကမ္ဘာ့နို့ထွက်ပစ္စည်းအများဆုံး တင်ပို့သော ကုမ္ပဏီဖြစ်သော Fonterra ထုတ် နို့ထွက်ပစ္စည်းများတွင် လူကိုအန္တရာယ် ဖြစ်စေသော ဗက်တီးရီးယားပါဝင်ကြောင်း သိရှိခဲ့ရပြီးနောက် တရုတ်နိုင်ငံကလည်း တင်သွင်းခွင့် ပိတ်ပင်ခဲ့သည်။
ယခုသီတင်းပတ် စောစောပိုင်းကလည်း Fonterra ထုတ် နို့မှုန့်အတွဲ နှစ်ခုတွင် စိုက်ပျိုးရေးသုံး ဓာတုပစ္စည်းများ ပါဝင်သည်ဟု သီရိလင်္ကာအစိုးရ၏ အစားအစာ လုံခြုံစိတ်ချမှုနှင့်ဆိုင်သော အာဏာပိုင်အဖွဲ့က စစ်ဆေး တွေ့ရှိခဲ့ပြီးနောက် အဆိုပါပစ္စည်းများကို သီရိလင်္ကာ၌ ရောင်းချခြင်းနှင့် ကြော်ငြာခြင်းတို့ကို သီရိလင်္ကာတရားရုံးက ပိတ်ပင်ထားသည်။

အဆိုပါပိတ်ပင်မှုကို လိုက်နာခြင်းမရှိသောကြောင့် Fonterra ကုမ္ပဏီ၏ ထိပ်ပိုင်းတာဝန်ရှိသူ လေးဦးကို တရားရုံးတော်ကို မထီမဲ့မြင်ပြုမှုဖြင့် တရားစွဲဆိုထားပြီး၊ ဈေးကွက်အတွင်း ရောင်းချနေသော နို့မှုန့်အားလုံးကိုလည်း စစ်ဆေးမှုများပြုလုပ်မည်ဟု သီရိလင်္ကာအစိုးရက ပြောကြားသည်။

ယင်းကဲ့သို Fonterra ကုမ္ပဏီနှင့် သီရိကလင်္ကာအစိုးရအကြား ပြဿနာဖြစ်ပွားနေစဉ်တွင် အဆိုပါကုမ္ပဏီထုတ် ပစ္စည်းများကို သီရိလင်္ကာတွင် လုံးဝပိတ်ပင်ရန် တောင်းဆိုသည့် လက်ရှိအစိုးရနှင့် ညွန့်ပေါင်းဖွဲ့ထားသော သဘောထားတင်းမာသည့် အမျိုးသားရေးပါတီဝင် လူ ၁၀၀ ခန့်သည် Fonterra ကုမ္ပဏီရှေ့တွင် စုရုံးဆန္ဒပြမှုများ ပြလုပ်ခဲ့ကြခြင်း ဖြစ်သည်။

မိမိတို့လိုလားချက်မှာ Fonterra ကုမ္ပဏီကိုပိတ်ပစ်ရန် မဟုတ်ကြောင်း၊ အဓိကမှာ သီရိလင်္ကာပြည်သူများ အထူးသဖြင့် သီရိလင်္ကာ ကလေးငယ်များကို ယခုကဲ့သို့ စိုက်ပျိုးရေး ဓာတုပစ္စည်းပါသော နို့မှုန့်များ မစားသုံးမိစေရန် ဖြစ်ကြောင်း သီရိလင်္ကာ အမျိုးသားကျန်းမာရေး စောင့်ရောက်ရေးသမဂ္ဂ ခေါင်းဆောင် ဆာမန်ရာသနာပရီယက ပြောကြားသည်။

Fonterra နို့နှင့်နို့ထွက်ပစ္စည်းများ ထုတ်လုပ်သော ကုမ္ပဏီသည် သီရိလင်္ကာတွင် အခြေစိုက် ရောင်းချလျက်ရှိသည်မှာ နှစ်ပေါင်း ၅၀ ခန့်ရှိပြီဖြစ်ပြီး ဈေးကွက်ပမာဏ၏ ၆၅ ရာခိုင်နှုန်းကို လွှမ်းမိုးထားသည့် ကုမ္ပဏီဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..