လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, August 20, 2013

ဆီးဂိမ်းပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၂၃ အသင်း၏ ကစားနိုင်မှုစွမ်းရည်မှာ ၆၀ ရာခိုင်နှုန်းအောက်သာရှိသည်ဟုပတ်ဆောင်ဟွာ ပြော

Photo: ဆီးဂိမ်းပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၂၃ အသင်း၏ ကစားနိုင်မှုစွမ်းရည်မှာ 
၆၀ ရာခိုင်နှုန်းအောက်သာရှိသည်ဟုပတ်ဆောင်ဟွာ ပြော

ရန်ကုန်၊ သြဂုတ် ၂၀
 ဆီးဂိမ်းပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၂၃ အသင်း ၏ကစားနိုင်မှုစွမ်းရည်မှာ ၆၀ ရာခိုင်နှုန်းအောက်သာရှိသည်ဟု မြန်မာ ယူ-၂၃ နည်းပြချုပ် ပတ်ဆောင်ဟွာက ပြောသည်။
 “ကစားသမားတွေ ကစားနိုင်မှုကို အသင်းလုံးအနေနဲ့ခြုံပြောရရင် ၆၀ ရာခိုင်နှုန်းအောက်သာ ရှိပါတယ်” ဟု ၎င်းက သုဝဏ္ဏ Goal Hotel ၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
 သို့သော်လည်း မြန်မာ ယူ-၂၃ ကစားသမားများအား နည်းစနစ်၊ စက်ပစ္စည်း အကူအညီများ ပေးလေ့ကျင့်စေပြီး ဆီးဂိမ်းတွင် ရွှေရသည်အထိ အောင်မြင်မှုရအောင် ပြုလုပ်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
 “အခုလိုဖြစ်ရတာ အသင်းမှ ဒဏ်ရာရကစားသမားတွေ ရှိတယ်။ ဥပမာ သုံးလလောက်နားထားရတဲ့ ကစားသမားကို သုံးလပြန်လေ့ကျင့်ပေးရင် သူတို့ရဲ့ ပင်ကိုစွမ်းရည် ရရှိလာမှာပါ”ဟု ၎င်းက ဆက်ပြောသည်။
 ယင်းသို့ မြန်မာ ယူ-၂၃ နည်းပြချုပ်၏ ပြောဆိုမှုနှင့် ပတ်သက်၍ မြန်မာယူ-၂၃ ခေါင်းဆောင် ကျော်ဇေယျာဝင်းက ၎င်းအနေနှင့် ကလပ်အသင်းပွဲစဉ်များတွင် ဒဏ်ရာနှင့် ကစားခဲ့ရသောပွဲများရှိကြောင်း၊ ယခုနှစ်အတွင်း ဒဏ်ရာရရှိမှုလည်းရှိကြောင်း၊ ကလပ်အသင်း၌ ကစားသမားအင်အားနည်း၍ ဒဏ်ရာနှင့် ၀င်ကစားခဲ့ရကြောင်း ပြောသည်။
 “ဒါပေမဲ့ ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူတွေရှေ့မှ ကန်ရမှာမို့ နိုင်အောင် အကောင်းဆုံးကြိုးစားသွားမှာပါ”ဟု အသင်းခေါင်းဆောင် ကျော်ဇေယျာဝင်းက ပြောသည်။
 ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ မြန်မာ ယူ-၂၃ အသင်းသည် စင်ကာပူ၊ မလေးရှား၊ ထိုင်းတို့၏ ခြေစွမ်းကို သိရရန် မာဒေးကားကို ၀င်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်သည်ဟု နည်းပြချုပ်၏ ပြောကြားချက်အရ သိရသည်။
 “မာဒေးကားကတော့ နိုင်အောင်တော့ ယှဉ်ပြိုင်မှာပါ။ အဓိကတော့ မထားဘူး။ ပြိုင်ဘက်တွေရဲ့ ခြေစွမ်းကိုသိအောင် ယှဉ်ပြိုင်တာပါ” ဟု နည်းပြချုပ်က ဆိုသည်။စိုင်းလမင်း

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..