လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, August 1, 2013

ဝဏ္ဏသိဒ္ဓိကွင်းတွင် ပထမဆုံး အမှတ်ပေးပြိုင်ပွဲအဖြစ် နေပြည်တော်နှင့် ရန်ကုန်ယူနိုက်တက် ကစားမည်

Photo: ဝဏ္ဏသိဒ္ဓိကွင်းတွင် ပထမဆုံး အမှတ်ပေးပြိုင်ပွဲအဖြစ် နေပြည်တော်နှင့် ရန်ကုန်ယူနိုက်တက် ကစားမည် 
Wednesday, July 31, 2013

မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ပြိုင်ပွဲ၏ နောက်ဆုံးပွဲများအနက် သြဂုတ်လ ၄ ရက်နေ့တွင် ယှဉ်ပြိုင် ကစားမည့် နေပြည်တော် အသင်းနှင့် သုံးနှစ်ဆက် ချန်ပီယံ ရန်ကုန်ယူနိုက်တက် အသင်းတို့၏ ပွဲစဉ်ကို ပရိသတ် သုံးသောင်းဆံ့ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ပထမဆုံးအကြိမ် ကျင်းပမည် ဖြစ်ကြောင်း MNL ပြိုင်ပွဲ ကျင်းပရေး ဒါရိုက်တာ ဦးရဲမျိုးဟိန်းက ပြောကြားသည်။

နေပြည်တော်အသင်း၏ ပေါင်းလောင်းကွင်းတွင် ရန်ကုန်အသင်းကို ဧည့်ခံ ကစားရမည် ဖြစ်သော် လည်း ပြိုင်ပွဲ အပြီးတွင် ဆုချီးမြှင့်ပွဲ ကျင်းပ ရမည်ဖြစ်ရာ နှစ်သင်းလုံးက ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် ပြောင်းလဲ ကျင်းပပေးရန် တောင်းဆိုခဲ့သောကြောင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

သုံးနှစ်ဆက် ချန်ပီယံ ရန်ကုန်ယူနိုက်တက် အသင်းနှင့် ဒုတိယ ရရှိခဲ့သည့် နေပြည်တော်အသင်းတို့မှာ ၂၀၁၄ ခုနှစ် အာရှ ဘောလုံးအဖွဲ့ချုပ် ဖလား (AFC Cup) ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိထားသည်။

ပရိသတ် သုံးသောင်းဆံ့ ဝဏ္ဏသိဒ္ဓိကွင်းသည် ပြည်ထောင်စု ဖလား ဘောလုံး ပြိုင်ပွဲကို လက်ခံ ကျင်းပခဲ့ပြီး ၂၀၁၃ SEA Games ပြိုင်ပွဲတွင် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ကျင်းပမည့် ကွင်းလည်း ဖြစ်သည်။

The Voice Weekly
မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ပြိုင်ပွဲ၏ နောက်ဆုံးပွဲများအနက် သြဂုတ်လ ၄ ရက်နေ့တွင် ယှဉ်ပြိုင် ကစားမည့် နေပြည်တော် အသင်းနှင့် သုံးနှစ်ဆက် ချန်ပီယံ ရန်ကုန်ယူနိုက်တက် အသင်းတို့၏ ပွဲစဉ်ကို ပရိသတ် သုံးသောင်းဆံ့ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ပထမဆုံးအကြိမ် ကျင်းပမည် ဖြစ်ကြောင်း MNL ပြိုင်ပွဲ ကျင်းပရေး ဒါရိုက်တာ ဦးရဲမျိုးဟိန်းက ပြောကြားသည်။နေပြည်တော်အသင်း၏ ပေါင်းလောင်းကွင်းတွင် ရန်ကုန်အသင်းကို ဧည့်ခံ ကစားရမည် ဖြစ်သော် လည်း ပြိုင်ပွဲ အပြီးတွင် ဆုချီးမြှင့်ပွဲ ကျင်းပ ရမည်ဖြစ်ရာ နှစ်သင်းလုံးက ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် ပြောင်းလဲ ကျင်းပပေးရန် တောင်းဆိုခဲ့သောကြောင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

သုံးနှစ်ဆက် ချန်ပီယံ ရန်ကုန်ယူနိုက်တက် အသင်းနှင့် ဒုတိယ ရရှိခဲ့သည့် နေပြည်တော်အသင်းတို့မှာ ၂၀၁၄ ခုနှစ် အာရှ ဘောလုံးအဖွဲ့ချုပ် ဖလား (AFC Cup) ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိထားသည်။

ပရိသတ် သုံးသောင်းဆံ့ ဝဏ္ဏသိဒ္ဓိကွင်းသည် ပြည်ထောင်စု ဖလား ဘောလုံး ပြိုင်ပွဲကို လက်ခံ ကျင်းပခဲ့ပြီး ၂၀၁၃ SEA Games ပြိုင်ပွဲတွင် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ကျင်းပမည့် ကွင်းလည်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..