လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, August 5, 2013

ဂျာကာတာမြို့ ဗုဒ္ဓဘုရားဝိုင်းမှာ ဗုံးပေါက် တစ်ဦးဒဏ်ရာရ

Photo: ဂျာကာတာမြို့ ဗုဒ္ဓဘုရားဝိုင်းမှာ ဗုံးပေါက် တစ်ဦးဒဏ်ရာရ 
Monday, August 05, 2013

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ရှိ ဗုဒ္ဓဘာသာ ဘုရားဝိုင်းမှာ ဗုံးတစ်လုံး ပေါက်ကွဲခဲ့တဲ့အတွက် လူတစ်ဦး လက်မှာ ဒဏ်ရာရခဲ့တယ်လို့ အင်ဒိုနီးရှားရဲက ပြောပါတယ်။

ဂျာကာတာမြို့ အဂ္ဂယာန ဗုဒ္ဓဘာသာ ဘုရားဝိုင်းမှာ တနင်္ဂနွေညက အသေးစား ဗုံးတစ်လုံး ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီဗုံးဟာ ဘုရားအတွင်းက မှန်တွေနဲ့ ပြုလုပ်ထားတဲ့ တံခါးနားမှာ ပေါက်ကွဲခဲ့တာဖြစ်ပေမယ့် ပျက်စီးမှု အနည်းငယ်သာ ဖြစ်ခဲ့ပြီး နောက်ဗုံးတစ်လုံးကတော့ အခိုးငွေ့လောက်သာ ထွက်လာပြီး ပေါက်ကွဲတဲ့ အဆင့်ထိ မရောက်ခဲ့ဘူးလို့ အေအက်ပီ သတင်းမှာ ဖော်ပြထားပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာမှာ ဗုံးကျွမ်းကျင်သူ ရဲတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့တွေပါ ရောက်ရှိပြီး စုံစမ်းမှုတွေ လုပ်ခဲ့ပါတယ်။

အဂ္ဂယာန ဘုရားဟာ ဂျာကာတာမြို့က အကြီးဆုံး ဘုရားဝင်းတစ်ခုဖြစ်ပြီး ဒီလို ဘုရားဝိုင်း တိုက်ခိုက်ခံရမှုကြောင့် ဘာသာရေး အဓိကရုန်း ဖြစ်မှာကို စိုးရိမ်ရတယ်လို့ အင်ဒိုနီးရှားရဲတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာကိုးကွယ်သူ ရိုဟင်ဂျာတွေ နှိပ်ကွပ်ခံနေရတဲ့အပေါ် ကမ္ဘာ့မွတ်စလင်လူဦးရေ အများဆုံးရှိတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေ အမျက်ဒေါသထွက်နေပြီး ပြီးခဲ့တဲ့ မေလကပဲ မြန်မာသံရုံးကို ဗုံးခွဲဖို့ ကြိုးစားခဲ့တဲ့ အစ္စလာမ်အစွန်းရောက်သူတွေကို အင်ဒိုနီးရှားရဲတွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဒီတကြိမ်ဗုဒ္ဓဘုရားကျောင်းဝိုင်း ဗုံးဖောက်ခွဲခဲ့တာ ဘယ်သူ့လက်ချက်ဖြစ်နိုင်တယ်ဆိုတာကို ဘုရားဝိုင်းတွင်းက တာဝန်ရှိပုဂ္ဂိုလ်တွေရော အင်ဒိုနီးရှားရဲတွေကပါ ထင်ကြေးမပေးခဲ့ဘူးလို့ သိရပါတယ်။ 

ABC Radio Australia
ဂျာကာတာမြို့လယ် (Credit: Reuters)
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ရှိ ဗုဒ္ဓဘာသာ ဘုရားဝိုင်းမှာ ဗုံးတစ်လုံး ပေါက်ကွဲခဲ့တဲ့အတွက် လူတစ်ဦး လက်မှာ ဒဏ်ရာရခဲ့တယ်လို့ အင်ဒိုနီးရှားရဲက ပြောပါတယ်။ဂျာကာတာမြို့ အဂ္ဂယာန ဗုဒ္ဓဘာသာ ဘုရားဝိုင်းမှာ တနင်္ဂနွေညက အသေးစား ဗုံးတစ်လုံး ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီဗုံးဟာ ဘုရားအတွင်းက မှန်တွေနဲ့ ပြုလုပ်ထားတဲ့ တံခါးနားမှာ ပေါက်ကွဲခဲ့တာဖြစ်ပေမယ့် ပျက်စီးမှု အနည်းငယ်သာ ဖြစ်ခဲ့ပြီး နောက်ဗုံးတစ်လုံးကတော့ အခိုးငွေ့လောက်သာ ထွက်လာပြီး ပေါက်ကွဲတဲ့ အဆင့်ထိ မရောက်ခဲ့ဘူးလို့ အေအက်ပီ သတင်းမှာ ဖော်ပြထားပါတယ်။အခင်းဖြစ်ပွားတဲ့နေရာမှာ ဗုံးကျွမ်းကျင်သူ ရဲတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့တွေပါ ရောက်ရှိပြီး စုံစမ်းမှုတွေ လုပ်ခဲ့ပါတယ်။

အဂ္ဂယာန ဘုရားဟာ ဂျာကာတာမြို့က အကြီးဆုံး ဘုရားဝင်းတစ်ခုဖြစ်ပြီး ဒီလို ဘုရားဝိုင်း တိုက်ခိုက်ခံရမှုကြောင့် ဘာသာရေး အဓိကရုန်း ဖြစ်မှာကို စိုးရိမ်ရတယ်လို့ အင်ဒိုနီးရှားရဲတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာကိုးကွယ်သူ ရိုဟင်ဂျာတွေ နှိပ်ကွပ်ခံနေရတဲ့အပေါ် ကမ္ဘာ့မွတ်စလင်လူဦးရေ အများဆုံးရှိတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေ အမျက်ဒေါသထွက်နေပြီး ပြီးခဲ့တဲ့ မေလကပဲ မြန်မာသံရုံးကို ဗုံးခွဲဖို့ ကြိုးစားခဲ့တဲ့ အစ္စလာမ်အစွန်းရောက်သူတွေကို အင်ဒိုနီးရှားရဲတွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဒီတကြိမ်ဗုဒ္ဓဘုရားကျောင်းဝိုင်း ဗုံးဖောက်ခွဲခဲ့တာ ဘယ်သူ့လက်ချက်ဖြစ်နိုင်တယ်ဆိုတာကို ဘုရားဝိုင်းတွင်းက တာဝန်ရှိပုဂ္ဂိုလ်တွေရော အင်ဒိုနီးရှားရဲတွေကပါ ထင်ကြေးမပေးခဲ့ဘူးလို့ သိရပါတယ်။

ABC Radio Australia
ဂျာကာတာမြို့လယ် (Credit: Reuters)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..