လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, August 22, 2013

ထိုင်းအစိုးရမှ အီဂျစ်နိုင်ငံရောက် ထိုင်းလူမျိုးများအား ပြန်လည်ခေါ်ယူခဲ့

Photo: ထိုင်းအစိုးရမှ အီဂျစ်နိုင်ငံရောက် ထိုင်းလူမျိုးများအား ပြန်လည်ခေါ်ယူခဲ့
Thursday, August 22, 2013

အီဂျစ်နိုင်ငံရဲ့ နိုင်ငံရေးမငြိမ်သက်မှု အခြေအနေတွေကြောင့် အီဂျစ်နိုင်ငံရောက် ထိုင်း နိုင်ငံသားတွေကို ထိုင်းအစိုးရက ပြန်လည်
ခေါ်ယူလျက်ရှိတယ်လို့ သိရပါတယ်။ 

ပထမအသုတ်အနေနဲ့ ထိုင်းနိုင်ငံသား ၃၅၄ဦး အမိနိုင်ငံသို့ ပြီးခဲ့တဲ့ တနင်္လာနေ့က ပြန်လည်ရောက်ရှိခဲ့ပြီး၊  ပြီးခဲ့တဲ့ အင်္ဂါနေ့က နံနက်ပိုင်းမှာတော့ နောက်ထပ် ၂၄၀ဦး ထပ်မံရောက်ရှိခဲ့ပါတယ်။ အခုလို ပြန်လည် ခေါ်ယူရာမှာလည်း နေရပ်ပြန်လိုသူတွေကိုသာ ခေါ်ယူခဲ့တာဖြစ်ပြီး၊ နေရပ်ပြန်ဖို့ ဆန္ဒမရှိသူ ၅၈ဦးအနက် အများစုဟာ အီဂျစ်နိုင်ငံမှာ ပညာသင်ကြားနေသူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။ 

အီဂျစ်အစိုးရက ဆန္ဒပြသူတွေရဲ့ သပိတ်စခန်းတွေကို ဖြိုခွင်းခဲ့တဲ့အတွက် လူ ၉၀၀ကျော် သေဆုံးခဲ့ပြီးနောက်  ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနက အီဂျစ်နိုင်ငံရောက် ထိုင်းနိုင်ငံသားတွေကို ပြန်လည်ခေါ်ယူဖို့ ပြီးခဲ့တဲ့စနေနေ့က ထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံသားတွေကို ပြန်လည်ခေါ်ယူရာမှာလည်း အစိုးရ အဖွဲ့အစည်းတွေသာမက၊ အခြားပုဂ္ဂလိက အေဂျင်စီ တွေကလည်း လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

Mrtv-4
အီဂျစ်နိုင်ငံရဲ့ နိုင်ငံရေးမငြိမ်သက်မှု အခြေအနေတွေကြောင့် အီဂျစ်နိုင်ငံရောက် ထိုင်း နိုင်ငံသားတွေကို ထိုင်းအစိုးရက ပြန်လည်ခေါ်ယူလျက်ရှိတယ်လို့ သိရပါတယ်။
ပထမအသုတ်အနေနဲ့ ထိုင်းနိုင်ငံသား ၃၅၄ဦး အမိနိုင်ငံသို့ ပြီးခဲ့တဲ့ တနင်္လာနေ့က ပြန်လည်ရောက်ရှိခဲ့ပြီး၊ ပြီးခဲ့တဲ့ အင်္ဂါနေ့က နံနက်ပိုင်းမှာတော့ နောက်ထပ် ၂၄၀ဦး ထပ်မံရောက်ရှိခဲ့ပါတယ်။ အခုလို ပြန်လည် ခေါ်ယူရာမှာလည်း နေရပ်ပြန်လိုသူတွေကိုသာ ခေါ်ယူခဲ့တာဖြစ်ပြီး၊ နေရပ်ပြန်ဖို့ ဆန္ဒမရှိသူ ၅၈ဦးအနက် အများစုဟာ အီဂျစ်နိုင်ငံမှာ ပညာသင်ကြားနေသူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

အီဂျစ်အစိုးရက ဆန္ဒပြသူတွေရဲ့ သပိတ်စခန်းတွေကို ဖြိုခွင်းခဲ့တဲ့အတွက် လူ ၉၀၀ကျော် သေဆုံးခဲ့ပြီးနောက် ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနက အီဂျစ်နိုင်ငံရောက် ထိုင်းနိုင်ငံသားတွေကို ပြန်လည်ခေါ်ယူဖို့ ပြီးခဲ့တဲ့စနေနေ့က ထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံသားတွေကို ပြန်လည်ခေါ်ယူရာမှာလည်း အစိုးရ အဖွဲ့အစည်းတွေသာမက၊ အခြားပုဂ္ဂလိက အေဂျင်စီ တွေကလည်း လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

Mrtv-4

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..