ဂျိုဟိုးပြည်နယ်၊ Panasonic ဖုန်းထုတ်လုပ်သည့် Flairis Shd B hd စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီး အလုပ်သမားများ နေထိုင်သည့် အဆောင်ကို သြဂုတ်လ ၁၆ ရက်နေ့ ညနေ ၁၀ နာရီခန့်က လူအုပ်စုလိုက် ဝင်ရောက်၍ အမျိုးသမီးတစ်ဦးကို ဖမ်းခေါ်မုဒိမ်းကျင့်ပြီး အဆောင်အနီး လမ်းမတွင် ပစ်ချခဲ့ကြောင်း မလေးရှားနိုင်ငံရောက် မြန်မာများထံမှ သိရသည်။
အဆိုပါပြစ်မှု ကျူးလွန်သူကို စုံစမ်းသိရှိပြီးဖြစ်ပြီး အရေးယူရန် ဆောင်ရွက်နေကြောင်း၊ မြန်မာအလုပ် သမား များ လုံခြုံရေးနှင့် အခွင့်ရေးကာကွယ် စောင့်ရှောက်ရေးအတွက် မလေးရှားနိုင်ငံဆိုင်ရာ သံအရာရှိ က ဆောင်ရွက်ပေးနေကြောင်း အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင် က ပြောကြားသည်။

No comments:
Post a Comment