အရှေ့အလယ်ပိုင်းဒေသရှိ အနောက်နိုင်ငံများ၏ သံရုံးများကို အကြမ်းဖက် သမားများက တိုက်ခိုက်မှု ပြုလုပ်နိုင်ဖွယ် ရှိသည်ဟု နိုင်ငံတကာ ရဲတပ်ဖွဲ့
က သြဂုတ် ၃ ရက်တွင် သတိပေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်း အနောက် နိုင်ငံများသည် မွတ်စလင် နိုင်ငံများရှိ သံရုံးများကို ယာယီပိတ်ရန် စီစဉ်ခဲ့ကြောင်း သတင်းရရှိသည်။
ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီ နိုင်ငံများသည် ယီမင်နိုင်ငံရှိ ၎င်းတို့၏ သံရုံးများကို နှစ်ရက်ကြာ ပိတ်မည်ဖြစ်ပြီး အခြား မွတ်စလင် နိုင်ငံများရှိ အမေရိကန် သံရုံးများနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ကနေဒါ နိုင်ငံ၏ မစ်ရှင်အဖွဲ့ကိုလည်း သြဂုတ် ၄ ရက်တွင် ပိတ်မည်ဟု သိရသည်။
အီရတ်၊ လစ်ဗျားနှင့် ပါကစ္စတန်နိုင်ငံ အပါအဝင် နိုင်ငံ ၉ နိုင်ငံရှိ အကျဉ်းထောင် ဖောက်မှုများသည် အယ်လ်ကိုင်ဒါ လက်နက်ကိုင် အဖွဲ့နှင့် ဆက်စပ်နေ သည်ဟု ယူဆရသဖြင့် နိုင်ငံတကာ ရဲတပ်ဖွဲ့သည် သတိပေး နှိုးဆော်ချက်ကို အလျင်အမြန် ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။
မွတ်စလင်နိုင်ငံ များရှိ အမေရိကန်နှင့် အနောက်နိုင်ငံ ကြီးများ၏ အကျိုးစီးပွားကို တိုက်ခိုက်ရန် ဆွေးနွေးခဲ့သော အယ်လ်ကိုင်ဒါ လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်၏ လုပ်ဆောင်ချက်များကို အီလက်ထရွန်နစ် စနစ်သုံး ဆက်သွယ် ရေးမှ လုံခြုံရေး အဖွဲ့က ကြားဖြတ် ရယူခဲ့သဖြင့် သတိပေး နှိုးဆော်ချက်ကို အလျင်အမြန် ထုတ်ပြန်
ရခြင်းဖြစ်ကြောင်း အမည်မသိ အမေရိကန် တာဝန်ရှိသူများက ပြောကြား
ခဲ့သည်။

No comments:
Post a Comment