ထိုင်းဗီဇာသက်တမ်း လေးနှစ် ပြည့်သော မြန်မာလုပ်သားများသည်
မြန်မာနိုင်ငံတွင် တစ်လနေထိုင်ပြီးပါက ထိုင်းသို့
ပြန်သွားခွင့်ရရှိမည်ဖြစ်ကြောင်း အလုပ်သမားညွှ န်ကြားရေး ဦးစီးဌာနမှ သိရသည်။
၂ဝ၁၃ ခုနှစ်တွင် နှစ်နိုင်ငံအစိုးရ ရေးထိုးထားသော MoU အရ ဗီဇာ သက်တမ်း လေးနှစ်ကုန်ဆုံးပါက မူရင်း နိုင်ငံသို့ သုံးနှစ်ပြန်ပြီးမှသာ ထိုင်းသို့ ထပ်မံဝင်ရောက်ခွင့်ရှိ မည်ဖြစ်သည်။ သို့သော်လည်း သုံးနှစ်အစား တစ်လ သတ်မှတ်ရန် သဘောတူညီမှု ရရှိထား ပြီဖြစ်ကြောင်း၊ လက်ရှိတွင် အဆိုပါ ရက်ကို ထပ်မံပြင်ဆင်ပေးရန် တောင်း ဆိုထားသော်လည်း ထိုင်းဘက်မှ အ ကြောင်းမပြန်သေးကြောင်း အလုပ်သ မားညွှန်ကြားရေးဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
”တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဥပဒေ ဘောင်ထဲက ဘယ်လိုလုပ်ရမလဲဆိုတာ ညှိနေတယ်။ သူတို့ဘက်ကလည်း အ လုပ်သမားဝန်ကြီးဌာနတစ်ခုတည်း မရ ဘူး။ လဝကတို့ ဘာတို့ရဲ့ သဘော တူညီချက်ပါမှရမှာပေါ့။ သူတို့ သံအမတ် ရော။ အလုပ်သမားအရာရှိရော။ ဒီကိစ္စ ကို ဘယ်လိုလုပ်မလဲ ဆိုတာ ညှိနေတုန်း ပဲ”ဟု ၄င်းက ပြောသည်။
ထိုင်းအစိုးရသည် ၂ဝဝ၂-၂ဝဝ၃ ခုနှစ်ကတည်းက ၄င်းတို့နိုင်ငံသို့ လာ ရောက်အလုပ်လုပ်သော မြန်မာ၊လာအို၊ ကမ္ဘောဒီးယားမှ အလုပ် သမားများ တရားဝင်ဖြစ်စေရန် ရည်ရွယ်၍နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ များ လက်မှတ် ရေးထိုးခဲ့သည်။
မြန်မာအလုပ်သမားများအတွက် နိုင်ငံသားစိစစ်ခြင်း၊ ယာယီနိုင်ငံကူး လက်မှတ်နှင့် ဗီဇာထုတ်ပေးခြင်းတို့ကို ၂ဝဝ၉ ခုနှစ် ဇူလိုင်လမှ စတင်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး အ လုပ်သမား ၁ ဒသမ ၇ သန်းခန့်သည် ယာယီနိုင်ငံကူး လက်မှတ်နှင့်ထိုင်းဗီဇာ ရရှိပြီးဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်းအလုပ် သမားအခွင့်အရေးကွန်ရက် (MWRN) မှ ယခုလအတွင်း ထုတ်ပြန်ချက်အရ သိရသည်။
သို့ဖြစ်ရာ ၂ဝဝ၉ ခုနှစ်ကတည်းက နိုင်ငံသား စိစစ်မှုပြုလုပ်ခဲ့သော အလုပ် သမားတို့သည် ဗီဇာသက်တမ်း လေးနှစ် ကျော်လွန်နေပြီဖြစ်သည်။ နှစ်နိုင်ငံ အစိုးရကလည်း အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်ပြီး တိကျသော အမိန့်ကြေညာ ချက်များ မထုတ်ပြန်သေးသောကြောင့် ပွဲစားများက ဗီဇာသက်တမ်း ဆက်ပေး မည်ဟုဆိုကာ ငွေကြေး လိမ်ညာတောင်း ယူမှုများ ဖြစ်ပေါ်နေသည်ဟMWRN ထုတ်ပြန်ချက်အရ သိရသည်။
”ထိုင်းနိုင်ငံ လဝက ဥပဒေအရ သူတို့နိုင်ငံမှာ ငါးနှစ် တစ်ဆက်တည်း နေရင် အမြဲတမ်းနေထိုင်ခွင့်ရှိတယ်။ သူတို့နိုင်ငံမှာ အဲဒီလိုနေထိုင်ခွင့် မပေး ချင်လို့ လေးနှစ်ပြည့် ရင် ပြန်ရမယ်ဆို ပြီး လုပ်ထားတာပေါ့”ဟု ပြည်ပ အလုပ် အကိုင်အေးဂျင့်တစ်ဦးက ဆိုသည်။
လက်ရှိတွင် အလုပ်သမားတစ်ဦး လျှင် ဘတ် ၁၅ဝဝဝ ခန့် တောင်းယူမှု များဖြစ်ပေါ်နေပြီး အချို့မှာ လိမ်လည် ခံရမှုများ ဖြစ်ပေါ်လျက်ရှိ သည်ဟုMWRN ကထုတ်ပြန် ထားသည်။
ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ် သမား သုံးသန်းကျော်ရှိပြီး ၈ဝ ရာခိုင် နှုန်းခန့်သည် မြန်မာအလုပ်သမားများ ဖြစ်ကြောင်း၊ လက်ရှိတွင် မြန်မာအလုပ် သမားတို့သည် ထိုင်းနိုင်ငံ၏ လူဝင်မှု ကြီးကြပ်ရေးပေါ်လစီကြောင့် အခက်အ ခဲများစွာ ကြုံတွေ့နေရကြောင်း သိရ သည်။
မေဇင်ဝင်း
Popular Myanmar News Journal

No comments:
Post a Comment