လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, August 9, 2013

ရိုဟင်ဂျာနဲ့ ထိုင်းအာဏာပိုင်တွေ အခြေအနေတင်းမာမှုဖြစ်

Photo: ရိုဟင်ဂျာနဲ့ ထိုင်းအာဏာပိုင်တွေ အခြေအနေတင်းမာမှုဖြစ်
Friday, August 9, 2013

ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်င ခရိုင်အတွင်းက လူဝင်မှုထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခံရထားရတဲ့ ရိုဟင်ဂျာ တွေက သူ့ရဲ့ ရာမန်ဒန် ဦးပုဒ်ကာလအပြီး ကျင်းပတဲ့ အစ်ပွဲတော်ကို ကျင်းပ ပြုလုပ်နိုင်ဖို့အတွက် ထိန်းသိမ်းရေးစခန်းကို ဖျက်စီးပြီး အပြင်ထွက်ဖို့ ကြိုးစားတဲ့အတွက်ကြောင့် ထိုင်း ရဲတွေက မီးသတ်ပိုက်တွေသုံးပြီးကာကွယ် နှိမ်နှင်းခဲ့ရတယ်လို့သိရပါတယ်။

လူပေါင်း ၂၆၀ ကျော်လောက်ရှိတဲ့ ခိုလုံခွင့်တောင်းခံသူ ရိုဟင်ဂျာတွေဟာ အခန်းနှစ်ခန်းက သော့ကို ဖျက်စီးခဲ့ပြီး ထိန်းသိမ်းရေးစခန်းရဲ့ အရှေ့တံခါးပေါက်ကကို တိုးဖောက်နိုင်ဖို့ကြိုးစားခဲ့ကြတယ်လို့ ရဲတွေကပြောပါတယ်။

ဒါပေမယ့် ရဲအာဏာပိုင်တွေက မြေညီထပ်ပိတ်ချလိုက်နိုင်ပြီး ရိုဟင်ဂျာတွေနဲ့ ညှိနှိုင်းမှုတွေပြုလုပ်ခဲ့တဲ့ အကြောင်း၊ ဒါပေမယ့် ရိုဟင်ဂျာတွေက အခန်းထဲပြန်ဖို့ ငြင်းဆိုခဲ့ပြီး အပြင်ထွက်နိုင်ဖို့ ကြိုးစားခဲ့တဲ့အကြောင်း၊ အဲဒါကြောင့် သူတို့ကို အပြင်ထွက်လို့မရအောင်တားဆီးကာကွယ်တဲ့အနေနဲ့ မီးသတ်ပိုက်တွေသုံးပြီး နှိမ်နှင်းခဲ့ရတယ်လို့ ဖန်ငခရိုင် ရဲအရာရှိတစ်ဦးကပြောပါတယ်။

ရဲတွေက ရိုဟင်ဂျာတွေကို ငါးယောက်တတွဲ အပြင်ထွက်ခွင့်ပြုဖို့ခဲ့ပေမယ့် ရိုဟင်ဂျာတွေက အုပ်စုလိုက် ထွက်ချင်တဲ့အတွက် အခုလို အခြေအနေတင်းမာမှုမျိုးတွေဖြစ်ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိအနေနဲ့ ထိန်းသိမ်းရေးစခန်း ဖျက်ဆီးထိုးဖောက်တဲ့ အထဲမှာ ပါဝင်တဲ့သူတွေကိုတော့ ရဲစခန်း ကိုပို့ဆောင် ထိန်းသိမ်းထားတယ်လို့သိရပါတယ်။

ခိုလုံခွင့် တောင်းခံဖို့အတွက် ထိုင်းနိုင်ငံအတွင်းမှာ လှေတွေနဲ့ ရောက်လာပြီး ထိုင်းအာဏာပိုင်တွေ ထိန်းသိမ်းခံရတဲ့ ရိုဟင်ဂျာတွေ အမြောက်အများရှိနေတယ်လို့သိရပါတယ်။

ABC Radio Australia

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေ (Credit: AFP)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..