လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, August 4, 2013

စီးပွားရေး ကြော်ငြာများ ထိရောက်မှု ရှိစေရန် အမျိုးသမီးများ၏ ပေါင် ၌ ကြော်ငြာ သွားမည်

Photo: စီးပွားရေး ကြော်ငြာများ ထိရောက်မှု ရှိစေရန် အမျိုးသမီးများ၏ ပေါင် ၌ ကြော်ငြာ သွားမည်
Saturday, Augest 03, 2013

စီးပွားရေးလုပ်ငန်းများ၏ ကြော်ငြာများ ပိုမို ထိရောက်မှု ရှိစေရန် အမျိုးသမီးများ၏ ပေါင်၌ ကြော်ငြာဒီဇိုင်းများ ရေးဆွဲပြီး ကြော်ငြာသွားရန် ဂျပန်နိုင်ငံ တိုကျိုမြို့အခြေစိုက် ကြော်ငြာလုပ်ငန်း ၀န်ဆောင်မှုလုပ်ငန်းစု တစ်ခုဖြစ်သော WITက စီစဉ် ဆောင်ရွက်လျက် ရှိသည်။ ကြော်ငြာ ဆိုင်းဘုတ်ကြီးများ၊ တီဗီရုပ်သံ ကြော်ငြာ ဆိုင်းဘုတ်များသည် လူများစု၏ အာရုံစူးစိုက်မှုကို မရရှိသောကြောင့် အမျိုးသားများနှင့် ပတ်သက်သည့် အသုံးအဆောင်၊ လုပ်ငန်း စသည်တို့ကို ၎င်းတို့ အာရုံစူးစိုက်မှု အများ ဆုံး ဖြစ်သော အမျိုးသမီးများတွင် ကြော်ငြာပေးသွားမည် ဖြစ်သည်။

ကုမ္ပဏီ စီမံကိန်းအရ ပျှမ်းမျှ အသက် ၁၈ နှစ်အရွယ် မိန်းကလေးများ ၏ ပေါင်တွင် ကြော်ငြာကပ်ရာ၌ ထိုမိန်းကလေးများသည် စကပ်အ တိုနှင့် ခြေအိတ်အ ရှည် ၀တ်ဆင်ကြရမည် ဖြစ်ပြီး ၎င်းတို့ကို ကြော်ငြာ ၀န်ဆောင်မှု အဖြစ် နေ့စဉ် ဒေါ်လာ ၁၀၀ နှုန်း ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ထို မိန်းကလေးများသည် လူမှုဆက်ဆံရေး နယ်ပယ်အတွင်း လူသိများသူများ ဖြစ်ရန် လိုအပ်ကြောင်း WIT ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက် တာ ဟိုက်ဒန်နိုရီအဆူမီက ပြောကြားသွားခဲ့သည်။ ထိုကြော်ငြာလုပ်ငန်းကို တိုကျိုမြို့တွင် စမ်းသပ်ကြော်ငြာမှုများ စတင် ပြုလုပ်နေပြီ ဖြစ်ပြီး အမေရိကန် မှ ဂရင်းဒေး၊ ဆက်မက်ဖားလန်း လုပ်ငန်းစုများ အပါအ၀င် ကုမ္ပဏီ အများအပြားက ယင်းကဲ့သို့ ကြော်ငြာအစီအစဉ်တွင် ကြော်ငြာနိုင်ရန် ကမ်းလှမ်းမှုများ ပြုလုပ်ထားကြောင်းသိရသည်။

ref:ပြည်မြန်မာ
နေခရမ်း

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..