လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, August 12, 2013

ပန်းကြာဝတ်မှုန် ရုပ်ရှင်ဇာတ်ကား ထိုင်းနိုင်ငံတွင် ပြသမည်



မြန်မာနိုင်ငံတွင် ရုံတင် ပြသနေဆဲ ဖြစ်သည့် ပန်းကြာဝတ်မှုန် ရုပ်ရှင် ဇာတ်ကားကို စက်တင်ဘာလ ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ထိုင်းဘာသာ စကားဖြင့် စာတန်းထိုး၍ ပြသသွားမည် ဖြစ်ကြောင်း ယင်းဇာတ်ကားကို ရိုက်ကူးသည့် ဒါရိုက်တာ စင်ရော်မောင်မောင်က The Voice သို့ ပြောကြားသည်။
ပန်းကြာဝတ်မှုန် ဇာတ်ကား၏ ဝင်ငွေရရှိမှု အခြေအနေနှင့် ပတ်သက်ပြီး “အခုထိကတော့ ရှုံးနေတုန်း ပဲ။ နိုင်ငံခြားမှာ ရုံတင်ပြီးလို့ ဝင်ငွေ ရလာ ရင်တော့ မပြောတတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ကြိုးစားရကျိုး နပ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုကတော့ ကြောက်ခမန်း လိလိပဲ” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

ပန်းကြာဝတ်မှုန် ရုပ်ရှင်ဇာတ်ကားမှာ ၂၀၁၁ ခုနှစ် အကယ်ဒမီ ထူးချွန်ဆုပေးပွဲတွင် ထူးချွန်ဆု အများအပြား ရလိမ့်မည်ဟု ပရိသတ်များနှင့် မီဒီယာများက ထင်ကြေးပေး ခန့်မှန်းခဲ့ကြသော်လည်း အကောင်းဆုံး ဓာတ်ပုံဆုနှင့် အသံဆု နှစ်ဆုသာ ရရှိခဲ့သည်။

ပန်းကြာဝတ်မှုန် ရုပ်ရှင်ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ထားသည့် သရုပ်ဆောင် နိုင်နိုင်းကလည်း အကယ်ဒမီ ထူးချွန်ဆုနှင့် လွဲခဲ့ရသော်လည်း ပရိသတ်များ ဆန္ဒဖြင့် ပေးအပ်သည့် အကယ်ဒမီဆုကို ရရှိသလို ခံစားရ၍ ဝမ်းသာ ပျော်ရွှင်မိကြောင်း ပြောကြားသည်။

ပန်းကြာဝတ်မှုန် ရုပ်ရှင်ဇာတ်ကားမှာ စာရေးဆရာမ ခင်ခင်ထူး၏ ဝတ္ထုကို ရိုက်ကူးထားခြင်း ဖြစ်ပြီး နိုင်နိုင်း၊ ဖြိုးငွေစိုး၊ သက်မွန်မြင့်၊ မေကဗျာ၊ သီရိရှင်းသန့်တို့ ပါဝင် သရုပ်ဆောင်ထားသည်။

The Voice Weekly

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..