လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, August 14, 2013

တရုတ် ရှင်ကျန်အဓိကရုဏ်းနှင့် ဆက်စပ်၍ လူနှစ်ဦးကို သေဒဏ်ပေး

Photo: တရုတ် ရှင်ကျန်အဓိကရုဏ်းနှင့် ဆက်စပ်၍ လူနှစ်ဦးကို သေဒဏ်ပေး
Wednesday, August 14, 2013

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနောက်ပိုင်း ရှင်ကျန် ပြည်နယ်တွင် လူ ၂၁ ဦး သေဆုံးခဲ့ရသည့် အကြမ်းဖက် အဓိကရုဏ်းများ ပြီးခဲ့သည့် ဧပြီလအတွင်းက ဖြစ်ပွားခဲ့ရာ ထိုတိုက်ခိုက်မှုများနှင့် ဆက်စပ်၍ လူနှစ်ဦးကို သေဒဏ် ချမှတ်လိုက်ကြောင်း BBC သတင်း တစ်ရပ်က ဖော်ပြထားသည်။
အဆိုပါ တိုက်ခိုက်မှုတွင် ပါဝင်သည်ဟု စွပ်စွဲထားသော နောက်ထပ် သုံးဦးကိုလည်း ထောင်ဒဏ်များ အသီးသီး ချမှတ်လိုက်သေးကြောင်း အဆိုပါ သတင်းအရ သိရသည်။

တရုတ်နိုင်ငံသား အူဂါမွတ်ဆလင်များနှင့် ရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ကြရာမှ ယင်းအဓိကရုဏ်း အကြမ်းဖက်မှုများ ကက်ရှ်ဂါ စီရင်စုနယ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အစိုးရ အရာရှိများနှင့် လုံခြုံရေး တပ်သားများ စုစုပေါင်း ၁၅ ဦးခန့် သေဆုံးခဲ့ရသော အဆိုပါ အပြန်အလှန် တိုက်ခိုက်မှုသည် အိမ်တစ်လုံးတွင် စတင် ဖြစ်ခဲ့ခြင်း ဖြစ်သည်ဟု ပြည်ပ သတင်းမီဒီယာ များက စုံစမ်း သိရှိထားကြသည်။

တရုတ် အာဏာပိုင်များက ယခု သေဒဏ်ပေးလိုက်သူများကို အကြမ်းဖက်သမားများဟု အစိုးရ မီဒီယာတွင် နာမည်တပ် ပြစ်တင်ပြောဆိုထားပြီး သေဒဏ်ပေးခံရသူ တစ်ဦးဆိုလျှင် အကြမ်းဖက် အဖွဲ့အစည်းကို ပူးတွဲ တည်ထောင်သူ ဖြစ်သည်ဟုပင် ထုတ်ပြန်ထားသည်။

ရှင်ကျန် ပြည်နယ်သည် တာကစ် မွတ်ဆလင်များ ဖြစ်သည့် အူဂါ မျိုးနွယ်စုများ နေထိုင်ရာ ပြည်နယ် ဖြစ်ပြီး ၄၅ ရာခိုင်နှုန်းသော လူဦးရေများမှာ အူဂါများ ဖြစ်သည်။

ပြည်မမှ ဟန်လူမျိုးများ ရောက်ရှိ နေထိုင်လာကြပြီး အရေအတွက် အလွန် များပြားလာခြင်းသည် ဒေသခံတို့၏ ရိုးရာ အစဉ်အလာ ယဉ်ကျေးမှုများကို ပျက်စီး ဆုံးရှုံးရန် အန္တရာယ်များ ရှိနေသည်ဟု အူဂါတို့က စိုးရိမ်နေလျက် ရှိသည်။

အာဏာပိုင်များက ရှင်ကျန်ဒေသတွင် ယင်းသို့ လူမျိုးရေး မငြိမ်မသက်ဖြစ်တိုင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရေးအတွက် တောင်းဆိုနေကြသော အူဂါ အစွန်းရောက် အင်အားစုများကို အပြစ်တင်လေ့ရှိသည်။

အူဂါ မျိုးနွယ်စုဝင် တက်ကြွ လှုပ်ရှားသူများကမူ တရုတ် အစိုးရသည် ၎င်းတို့ဒေသတွင်းသို့ ဝင်ရောက်ကာ ကြီးစိုးလိုသည့်အတွက် ထိုသို့သော ခြိမ်းခြောက်မှုများကို ချဲ့ကား ပြောဆိုနေခြင်း ဖြစ်သည်ဟု ဝေဖန်ကြသည်။

ရှင်ကျန်တွင် ဖြစ်ပွားသည့် ပဋိပက္ခများကို သတင်း မီဒီယာသမားများ အနေနှင့် အတည်ပြုချက် ရယူရန် ခက်ခဲပြီး အစိုးရက လုံးဝ ပိတ်ဆို့ထားကာ သတင်း မီဒီယာသမားများကို ထိုဒေသအတွင်းသို့ လွတ်လပ်စွာ ဝင်ရောက် သတင်းလိုက်ခွင့် မပြုကြပေ။

The Voice Weekly
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနောက်ပိုင်း ရှင်ကျန် ပြည်နယ်တွင် လူ ၂၁ ဦး သေဆုံးခဲ့ရသည့် အကြမ်းဖက် အဓိကရုဏ်းများ ပြီးခဲ့သည့် ဧပြီလအတွင်းက ဖြစ်ပွားခဲ့ရာ ထိုတိုက်ခိုက်မှုများနှင့် ဆက်စပ်၍ လူနှစ်ဦးကို သေဒဏ် ချမှတ်လိုက်ကြောင်း BBC သတင်း တစ်ရပ်က ဖော်ပြထားသည်။
အဆိုပါ တိုက်ခိုက်မှုတွင် ပါဝင်သည်ဟု စွပ်စွဲထားသော နောက်ထပ် သုံးဦးကိုလည်း ထောင်ဒဏ်များ အသီးသီး ချမှတ်လိုက်သေးကြောင်း အဆိုပါ သတင်းအရ သိရသည်။တရုတ်နိုင်ငံသား အူဂါမွတ်ဆလင်များနှင့် ရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ကြရာမှ ယင်းအဓိကရုဏ်း အကြမ်းဖက်မှုများ ကက်ရှ်ဂါ စီရင်စုနယ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အစိုးရ အရာရှိများနှင့် လုံခြုံရေး တပ်သားများ စုစုပေါင်း ၁၅ ဦးခန့် သေဆုံးခဲ့ရသော အဆိုပါ အပြန်အလှန် တိုက်ခိုက်မှုသည် အိမ်တစ်လုံးတွင် စတင် ဖြစ်ခဲ့ခြင်း ဖြစ်သည်ဟု ပြည်ပ သတင်းမီဒီယာ များက စုံစမ်း သိရှိထားကြသည်။

တရုတ် အာဏာပိုင်များက ယခု သေဒဏ်ပေးလိုက်သူများကို အကြမ်းဖက်သမားများဟု အစိုးရ မီဒီယာတွင် နာမည်တပ် ပြစ်တင်ပြောဆိုထားပြီး သေဒဏ်ပေးခံရသူ တစ်ဦးဆိုလျှင် အကြမ်းဖက် အဖွဲ့အစည်းကို ပူးတွဲ တည်ထောင်သူ ဖြစ်သည်ဟုပင် ထုတ်ပြန်ထားသည်။

ရှင်ကျန် ပြည်နယ်သည် တာကစ် မွတ်ဆလင်များ ဖြစ်သည့် အူဂါ မျိုးနွယ်စုများ နေထိုင်ရာ ပြည်နယ် ဖြစ်ပြီး ၄၅ ရာခိုင်နှုန်းသော လူဦးရေများမှာ အူဂါများ ဖြစ်သည်။

ပြည်မမှ ဟန်လူမျိုးများ ရောက်ရှိ နေထိုင်လာကြပြီး အရေအတွက် အလွန် များပြားလာခြင်းသည် ဒေသခံတို့၏ ရိုးရာ အစဉ်အလာ ယဉ်ကျေးမှုများကို ပျက်စီး ဆုံးရှုံးရန် အန္တရာယ်များ ရှိနေသည်ဟု အူဂါတို့က စိုးရိမ်နေလျက် ရှိသည်။

အာဏာပိုင်များက ရှင်ကျန်ဒေသတွင် ယင်းသို့ လူမျိုးရေး မငြိမ်မသက်ဖြစ်တိုင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရေးအတွက် တောင်းဆိုနေကြသော အူဂါ အစွန်းရောက် အင်အားစုများကို အပြစ်တင်လေ့ရှိသည်။

အူဂါ မျိုးနွယ်စုဝင် တက်ကြွ လှုပ်ရှားသူများကမူ တရုတ် အစိုးရသည် ၎င်းတို့ဒေသတွင်းသို့ ဝင်ရောက်ကာ ကြီးစိုးလိုသည့်အတွက် ထိုသို့သော ခြိမ်းခြောက်မှုများကို ချဲ့ကား ပြောဆိုနေခြင်း ဖြစ်သည်ဟု ဝေဖန်ကြသည်။

ရှင်ကျန်တွင် ဖြစ်ပွားသည့် ပဋိပက္ခများကို သတင်း မီဒီယာသမားများ အနေနှင့် အတည်ပြုချက် ရယူရန် ခက်ခဲပြီး အစိုးရက လုံးဝ ပိတ်ဆို့ထားကာ သတင်း မီဒီယာသမားများကို ထိုဒေသအတွင်းသို့ လွတ်လပ်စွာ ဝင်ရောက် သတင်းလိုက်ခွင့် မပြုကြပေ။

The Voice Weekly

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..