ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်သူ သုံးသန်းကျော်ရှိပြီး အလုပ်သမား အများစုသည် လုပ်ခလစာ နည်းပါးခြင်းနှင့် လုပ်ငန်းခွင် လုံခြုံမှု မရှိခြင်းတို့ကို ကြုံတွေ့နေရကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမူဖူလုံရေး ၀န်ကြီးဌာနမှ ဒုဝန်ကြီး ဦးထင်အောင်က ပြောကြားခဲ့သည်။
သြဂုတ် ၁ ရက်က ပြုလုပ်သည့် မြန်မာအလုပ်သမားထု ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ဒုဝန်ကြီး မိန့်ခွန်းပြောကြားရာ၌ ယခုလို ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။"ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်သူ အများစုဟာ unskill လုပ်သားအဖြစ် အလုပ်လုပ်ကိုင် နေရတဲ့အတွက် အလုပ်သမားတွေဟာ လုပ်ခလစာ နည်းပါးခြင်း၊ လုပ်ငန်းခွင် လုံခြုံမရှိဘဲ ဘေးအန္တရာယ် များခြင်းတို့ကို ကြုံတွေ့နေရပါတယ်။ ဒါ့ကြောင့် ပြည်ပထွက်ခွာမယ့် အလုပ်သမားတွေကို ကျွမ်းကျင်မှု သင်ကြားပေးခြင်းနဲ့ ဆောင်ရွက်ပေးဖို့ လိုအပ်နေပါတယ်" ဟု ဒုဝန်ကြီး ဦးထင်အောင်က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံတွင် အနည်းဆုံး လုပ်ခလစာအဖြစ် တစ်ရက်လျှင် ဘတ် ၃၀၀ သတ်မှတ်ထားသော်လည်း ထိုင်းနိုင်ငံ၏ မြို့ကြီးများတွင် အလုပ်လုပ်ကိုင်သော မြန်မာအလုပ်သမားများသာ တစ်နေ့လုပ်ခလစာ ဘတ် ၃၀၀ ရရှိပြီး နယ်စပ်များတွင် အလုပ်လုပ်ကိုင်သူများမှာ တစ်ရက်လုပ်ခလစာ ဘတ် ၂၀၀ ကျော်သာ ရရှိ . . . . .
လုပ်ခလစာ အပြည့်အ၀ မရရှိသော်လည်း ထိုင်းနိုင်ငံသို့ မြန်မာအလုပ်
သမားများ သွားရောက်အလုပ်လုပ်ကိုင်မှုနှုန်းမှာ ယခင်ကထက် နှစ်ဆနီးပါး
မြင့်တက်ခဲ့ပြီး ထိုင်းနိုင်ငံ အနေဖြင့် ယခင်က တစ်လလျှင် မြန်မာအလုပ်
သမား ၃၀၀၀ ကျော်သာ ခေါ်ယူသော်လည်း ယခုအခါတွင် တစ်လလျှင်
မြန်မာအလုပ်သမား ၅၀၀၀ ကျော်အထိ ခေါ်ယူလျက်ရှိကြောင်း ပြည်ပ
အလုပ်အကိုင် အေဂျင်စီအဖွဲ့ချုပ်မှ သိရသည်။
ထိုင်းနိုင်ငံတွင် အနည်းဆုံး လုပ်ခလစာအဖြစ် တစ်ရက်လျှင် ဘတ် ၃၀၀ သတ်မှတ်ထားသော်လည်း ထိုင်းနိုင်ငံ၏ မြို့ကြီးများတွင် အလုပ်လုပ်ကိုင်သော မြန်မာအလုပ်သမားများသာ တစ်နေ့လုပ်ခလစာ ဘတ် ၃၀၀ ရရှိပြီး နယ်စပ်များတွင် အလုပ်လုပ်ကိုင်သူများမှာ တစ်ရက်လုပ်ခလစာ ဘတ် ၂၀၀ ကျော်သာ ရရှိကြောင်း အဖွဲ့ချုပ်မှ သိရသည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမူဖူလုံရေး ၀န်ကြီးဌာန ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား သုံးသန်းကျော်အနက် ၁.၆ သန်းကို ယာယီနိုင်ငံကူး လက်မှတ်များ ထုတ်ပေးပြီးဖြစ်သည်ဟု သိရသည်။
ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ အနေဖြင့် ပြည်ပအလုပ်အကိုင် အေဂျင်စီများသို့ ၀န်ဆောင်ခ ကျပ်တစ်သိန်း ပေးသွင်းရမည်ဟု အလုပ်သမား ၀န်ကြီးဌာနမှ သတ်မှတ်ထားသည်။
ထိုင်းနိုင်ငံသည် ရွှေ့ပြောင်းမြန်မာ အလုပ်သမား အများဆုံး နိုင်ငံဖြစ်
ကြောင်းလည်း တရားဝင် ထုတ်ပြန်ထားချက်များအရ သိရသည်။
eleven media group

No comments:
Post a Comment