စပိန်ထုတ် GQ မဂ္ဂဇင်းက ရောဘတ်၏ ဘဝတွင် အောင်မြင်မှုများကို မည်သို့
သဘောထားကြောင်း မေးမြန်းရာ ၎င်းက အထီးကျန်ကြောင်း ဖြေဆိုခဲ့ခြင်း ဖြစ်သည်။
အောင်မြင်ကျော်ကြားမှုသည် ဘဝတွင် အထီးကျန် ရပ်ဝန်း တစ်ခုကို ဖြစ်တည်စေကြောင်း ရောဘတ် ပက်တင်ဆန်က ဖွင့်ဟခဲ့သည်။ အသက်(၂၇)နှစ် ရှိပြီဖြစ်သော ဗြိတိသျှ ရုပ်ရှင်မင်းသားသည် Twilight ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ပြီး ကမ္ဘာသိ အနုပညာ ကြယ်ပွင့်တစ်ဦးအဖြစ် ရပ်တည်လာနိုင်ခဲ့သည်။ ၎င်းသည် ပရိသတ် အခိုင်အမာ ရရှိလာခဲ့သလို Twilight ဇာတ်ကားမှ တွဲဖက်သရုပ်ဆောင် မင်းသမီး ခရစ္စတန် စတီးဝပ်နှင့်လည်း ချစ်သူများ ဖြစ်လာသည်။ နောက်ပိုင်းတွင်မူ ခရစ္စတန်၏ လူမှုရေး အရှုပ်အထွေးများကြောင့် နှစ်ဦးသား လမ်းခွဲဖြစ်ခဲ့သည်။ စပိန်ထုတ် GQ မဂ္ဂဇင်းက ရောဘတ်၏ ဘဝတွင် အောင်မြင်မှုများကို မည်သို့ သဘောထားကြောင်း မေးမြန်းရာ ၎င်းက အထီးကျန်ကြောင်း ဖြေဆိုခဲ့ခြင်း ဖြစ်သည်။
ထူးတော့ ထူးဆန်းပါတယ်။ ခင်ဗျားအနေနဲ့ ဒီအခြေအနေမှာ သာမန်ဘဝကို ဘယ်လိုမှ ပြန်မရနိုင်တော့ဘူးလေ။ အောင်မြင် ကျော်ကြားလာတဲ့အခါ သာမန်ဘဝကို ပြန်ရချင်လွန်းလို့ ခင်ဗျားအနေနဲ့ အချိန်တိုင်းလိုလို ရုန်းကန်နေမိတာမျိုး ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဆုံးမှာတော့ ခင်ဗျားဟာ ကွဲပြားတဲ့ ရှင်သန်ရပ်တည်မှု တစ်ခုကို ရွေးချယ်ဖို့ လိုနေပြီဆိုတာ နားလည်သွားလိမ့်မယ်ဟု ရောဘတ်က ဆိုသည်။ ၎င်းက အောင်မြင်လာတဲ့အခါ ဘယ်လောက်တောင် အထီးကျန် ဆန်သွားသလဲ ဆိုတာကို လူတွေက နားမလည်နိုင်ပါဘူး။ အောင်မြင်မှုတွေ ရတဲ့အခါ ကျွန်တော့်ကိုယ် ကျွန်တော် ကံကောင်းတယ်လို့ ထင်ခဲ့မိပါတယ်။ ဒါပေမဲ့ ငယ်ရွယ်စဉ်က ဘဝမျိုး ပြန်မရနိုင်တော့မှန်းတော့ သိလာပြီလေဟုလည်း ထောက်ပြခဲ့သည်။ရောဘတ်က ခင်ဗျားဟာ နာမည်ကြီးလာလေလေ၊ လူမုန်းများလေလေ ဖြစ်လာလိမ့်မယ်။ တချို့လူတွေက ခင်ဗျား နာမည်ကြီးလို့ကို သက်သက် မုန်တီးနေတာမျိုးပါ။ တစ်ခါတစ်လေ ကိုယ့်ဖာသာ နာကျည်းမိတာမျိုးတွေက ဒါကြောင့်ပဲ ဖြစ်ပါလိမ့်မယ်ဟုလည်း ပြောကြားသွားသည်။
Planet Myanmar Network

No comments:
Post a Comment