လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, August 11, 2013

အမျိုးသမီး ၁၀၀၀ ကျော်အား အဓမ္မကျူးလွန်သူ ဖမ်းဆီးရမိ

Photo: အမျိုးသမီး ၁၀၀၀ ကျော်အား အဓမ္မကျူးလွန်သူ ဖမ်းဆီးရမိ

လန်ဒန် - ဤအမှုသည် အမျိုးသမီးပေါင်း ၁၀၀၀ ကျော်အား မတရား ပြုကျင့်ခြင်း သို့မဟုတ် လိင်ပိုင်းဆိုင်ရာ မတော်မတရား ကိုယ်ထိလက်ရောက် ပြုကျင့်ခဲ့သော ဥရောပ၏ အကြီးမားဆုံးနှင့် မကောင်းဆိုးဝါးသဖွယ် ပြုကျင့်ခဲ့သူ၊ လိင်ပိုင်း ဆိုင်ရာ ပြစ်မှုကျူးလွန်ခဲ့သူ တရားခံ ဂျိုးရဂ်အား ယခုမတ်လတွင် ဒီအင်န်အေနှင့် တိုက်ဆိုင်စစ်ဆေးကာ ဖမ်းဆီး ရမိခဲ့ပြီးနောက် စီရင်ချက်ချမှတ်ရန် ရုံးချိန် ပေါ်ထားသော အမှုတစ်ခု ဖြစ်သည်။

၎င်းသည် အမျိုးသမီး ၁၀၀၀ ကျော်အား လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ သည်။ ၎င်း၏ နောက်ဆုံးအမည်အား ဂျာမန်ဥပဒေအရ ထုတ်ဖော် ပြောကြားခွင့် မရှိကြောင်းသိရသည်။ ၎င်းသည် The Silence Of The Lambs ရုပ်ရှင် ဇာတ်ကားထဲမှ ဇာတ်လိုက်ကဲ့သို့ ဒဏ်ရာရရှိထားသော ဒုက္ခသည်တစ်ဦးပမာ ဟန်ဆောင်ကာ သားကောင်ရှိရာ အိမ်တစ်အိမ်အား တံခါးခေါက်ကာ အိမ်သာ အသုံးပြုခွင့်တောင်းသည်။

ထို့နောက် အဓမ္မပြုကျင့်မှုကို ကျူးလွန်တော့သည်။ ၎င်းသည် ဟော်လန်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံနှင့် လူဇင် ဘတ်များတွင် ကျူးလွန်ခဲ့သော မုဒိမ်းမှု ၂၀ မှုကိုလည်း ကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။ ဂျိုးရဂ်သည်သူ၏ဇနီး၊ သူ၏ကလေးနှစ်ယောက်နှင့်အတူ ဂျာမနီတောင်ပိုင်းရှိ ကွန်စတန်ကန်သို့ အားလပ် ရက်ခရီးထွက်စဉ် မိသားစုထံမှ ခဏလစ်ထွက်သွားခဲ့ပြီး ရာဇဝတ်မှုကျူးလွန်ပြီးနောက် မိသားစုထံ ဘာမှ မလုပ်ခဲ့သောပုံစံမျိုးနှင့် ပြန်လာတတ်သူဖြစ်သည်။

၎င်းသည် ထိုကဲ့သို့သော မုဒိမ်းမှုကိုးမှုအား ကရီဖီးလ်၊ ကိုလိုဂန်နှင့် အေချိန်တို့တွင် ကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။ သူသည် မိန်းမပျက်များထံသွား၍ ထိုအကျင့်ကို ဖျောက်ပစ်ရန် ကြိုးစားခဲ့သော်လည်း အလုပ်မဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရားခံ၏ ဖြောင့်ချက်နှင့် ပြစ်မှုထင်ရှားသဖြင့် ၎င်းအား နောက်လတွင် စီရင်ချက်ချမှတ်ရန် ရုံးချိန်းပေးထားပြီး အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်နှင့် စိတ်ရောဂါကုဆေးရုံတွင် ကာလရှည်သက်တမ်းဖြင့် နေထိုင်ရန် အမိန့်ချမှတ်ခံရဖွယ်ရှိကြောင်း သိရသည်။

By meepyatite
newmyanmarpyi
လန်ဒန် - ဤအမှုသည် အမျိုးသမီးပေါင်း ၁၀၀၀ ကျော်အား မတရား ပြုကျင့်ခြင်း သို့မဟုတ် လိင်ပိုင်းဆိုင်ရာ မတော်မတရား ကိုယ်ထိလက်ရောက် ပြုကျင့်ခဲ့သော ဥရောပ၏ အကြီးမားဆုံးနှင့် မကောင်းဆိုးဝါးသဖွယ် ပြုကျင့်ခဲ့သူ၊ လိင်ပိုင်း ဆိုင်ရာ ပြစ်မှုကျူးလွန်ခဲ့သူ တရားခံ ဂျိုးရဂ်အား ယခုမတ်လတွင် ဒီအင်န်အေနှင့် တိုက်ဆိုင်စစ်ဆေးကာ ဖမ်းဆီး ရမိခဲ့ပြီးနောက် စီရင်ချက်ချမှတ်ရန် ရုံးချိန် ပေါ်ထားသော အမှုတစ်ခု ဖြစ်သည်။၎င်းသည် အမျိုးသမီး ၁၀၀၀ ကျော်အား လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ သည်။ ၎င်း၏ နောက်ဆုံးအမည်အား ဂျာမန်ဥပဒေအရ ထုတ်ဖော် ပြောကြားခွင့် မရှိကြောင်းသိရသည်။ ၎င်းသည် The Silence Of The Lambs ရုပ်ရှင် ဇာတ်ကားထဲမှ ဇာတ်လိုက်ကဲ့သို့ ဒဏ်ရာရရှိထားသော ဒုက္ခသည်တစ်ဦးပမာ ဟန်ဆောင်ကာ သားကောင်ရှိရာ အိမ်တစ်အိမ်အား တံခါးခေါက်ကာ အိမ်သာ အသုံးပြုခွင့်တောင်းသည်။

ထို့နောက် အဓမ္မပြုကျင့်မှုကို ကျူးလွန်တော့သည်။ ၎င်းသည် ဟော်လန်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံနှင့် လူဇင် ဘတ်များတွင် ကျူးလွန်ခဲ့သော မုဒိမ်းမှု ၂၀ မှုကိုလည်း ကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။ ဂျိုးရဂ်သည်သူ၏ဇနီး၊ သူ၏ကလေးနှစ်ယောက်နှင့်အတူ ဂျာမနီတောင်ပိုင်းရှိ ကွန်စတန်ကန်သို့ အားလပ် ရက်ခရီးထွက်စဉ် မိသားစုထံမှ ခဏလစ်ထွက်သွားခဲ့ပြီး ရာဇဝတ်မှုကျူးလွန်ပြီးနောက် မိသားစုထံ ဘာမှ မလုပ်ခဲ့သောပုံစံမျိုးနှင့် ပြန်လာတတ်သူဖြစ်သည်။

၎င်းသည် ထိုကဲ့သို့သော မုဒိမ်းမှုကိုးမှုအား ကရီဖီးလ်၊ ကိုလိုဂန်နှင့် အေချိန်တို့တွင် ကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။ သူသည် မိန်းမပျက်များထံသွား၍ ထိုအကျင့်ကို ဖျောက်ပစ်ရန် ကြိုးစားခဲ့သော်လည်း အလုပ်မဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရားခံ၏ ဖြောင့်ချက်နှင့် ပြစ်မှုထင်ရှားသဖြင့် ၎င်းအား နောက်လတွင် စီရင်ချက်ချမှတ်ရန် ရုံးချိန်းပေးထားပြီး အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်နှင့် စိတ်ရောဂါကုဆေးရုံတွင် ကာလရှည်သက်တမ်းဖြင့် နေထိုင်ရန် အမိန့်ချမှတ်ခံရဖွယ်ရှိကြောင်း သိရသည်။

By meepyatite
newmyanmarpyi

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..