ဘရာဇီး တိုက်စစ်မှူး ရော်နယ်ဒိုက တကယ့်တိုက်စစ်မှူး အစစ်ပါ။ ခရစ္စတီယာနို
ရော်နယ်ဒိုကတော့ ဒီလို မဟုတ်ပါဘူး” ဆိုတဲ့ စကားကို ပြောခဲ့တာက
မော်ဒန်ဘောလုံးလောက စကားစစ်ပွဲတွေရဲ့
ဇာတ်လိုက်ကျော် ဟိုဆေးမော်ရင်ဟိုပါ။ ရီးရဲလ်ကနေ ထွက်ပြီးတဲ့နောက်
မော်ရင်ဟိုဟာရော်နယ်ဒိုအပေါ် ဝေဖန်မှုတွေ ဆက်တိုက်လုပ်ခဲ့ပြီး ဒီဝေဖန်မှု
မတိုင်ခင်တုန်းကလည်း ရော်နယ်ဒိုဟာ သူပဲသိ၊ သူပဲတတ်လို့ ထင်နေတဲ့
ကစားသမားဖြစ်ပြီး နည်းပြရဲ့ သွန်သင်မှုကိုတောင် လက်မခံဘူးလို့
မှတ်ချက်ပေးခဲ့ဖူးပါတယ်။ဒါပေမဲ့ ဒီဝေဖန်မှုတွေဟာ ရော်နယ်ဒိုအတွက်
ပေါက်ကွဲအားတစ်ရပ် ဖြစ်ခဲ့သလားလို့ ထင်ရမလိုပါပဲ။ ဘာကြောင့်လဲဆိုတော့ ဂွန်းနက်နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ကစားခဲ့တဲ့ ရီးရဲလ်နဲ့ ချဲလ်ဆီးတို့ရဲ့ ပွဲမှာ ရော်နယ်ဒိုက နှစ်ဂိုးသွင်းပြီး ရီးရဲလ်ကို ချန်ပီယံဖြစ်စေခဲ့သလို ရော်နယ်ဒိုရဲ့ အောင်ပွဲခံပုံက မော်ရင်ဟိုကို တုန့်ပြန်တဲ့ဟန်ရှိခဲ့ပါတယ်။ ဒါတင်မကပွဲပြီးတဲ့နောက် ရော်နယ်ဒိုပြော
ခဲ့တာက “ဘောလုံးကွင်းထဲရောက်မှ ကျွန်တော် စကားပြောပါတယ်”လို့ပါပဲ။
http://yoyarlay.com/sport/football/37049-2013-08-08-15-35-07
ဇော်ထွန်း(ရိုးရာလေး)

No comments:
Post a Comment