လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, July 31, 2013

နောက်ဆုံးပေါ် Helmetသစ်

Photo: နောက်ဆုံးပေါ် Helmetသစ်
Wednesday, July 31, 2013

Reevuဆိုတာ ဆိုင်ကယ်စီးဦးထုပ် အမျိုးအစားကောင်းတွေကို တသတ်မတ် တည်း ထုတ်လုပ်နေတာကြောင့် လူသိများတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပြီးတော့ မကြာသေးခင်ကမှ ကုမ္ပဏီက နောက်ဖက် ကင်မရာပါ ထည့်သွင်း ထားပြီး နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ထုတ်လုပ်ထားတဲ့ ဦးထုပ်သစ်ကို မိတ်ဆက်ခဲ့ပါတယ်။ ဒီဦးထုပ်သစ်ရဲ့ အားသာချက် ကတော့ ဦးထုပ်ဆောင်း ထားသူက နောက်ဖက်ကို လှည့်ကြည့်စရာ မလိုပဲ ဆိုင်ကယ်ရဲ့ နောက်ဖက်မှာ ရှိတဲ့ လှုပ်ရှားမှု ပုံရိပ်တွေကို သိရှိနိုင်အောင် ဦးထုပ်ရဲ့ ရှေ့ဖက် လေကာ မှန်ကတစ်ဆင့် မြင်တွေ့နိုင်အောင် ဖန်တီး ပေးထားတာ ဖြစ်တယ်လို့ ဆိုပါ တယ်။

သူ့ကို ဆိုင်ကယ်တွေမှာ အဓိကထား အသုံးပြုနိုင်ဖို့ ထုတ်လုပ်ထားတာ ဖြစ်ပေ မယ့် အမိုးဖွင့်ကားတွေမှာလည်း သုံးစွဲနိုင်မှာ ဖြစ်တယ်လို့ သိရပါ တယ်။ နောက်ပြီး စစ်ဖက် အသုံးဝင် ပစ္စည်း အဖြစ် လည်း အသုံးပြုနိုင်အောင် အခြားသော နောက်ဆုံးပေါ် နည်းစနစ်တွေကို သုံးထားပြီး Featureပေါင်းများ စွာ ပါဝင်တယ်လို့ ဆိုပါတယ်။ နောက်ပြီး မိုးလေ၀သ ဆိုင်ရာ သတင်းတွေ ကိုလည်း ရယူ သိရှိနိုင်မှာ ဖြစ်သလို GPSစနစ်ကိုလည်း ချိတ်ဆက် ထည့်သွင်း အသုံးပြုသွားနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ နောက်ပြီး စီးနင်းနေတဲ့ ယာဉ်ရဲ့ အရေးကြီးတဲ့ အချက် အလက်တွေ ဖြစ်တဲ့ အင်ဂျင် အပူချိန်နဲ့ အခြားသော ဆီအပိုင်းတွေ၊ အမြန်နှုန်းအပိုင်းတွေကိုလည်း ထည့်သွင်း ဖော်ပြပေး သွားမှာ ဖြစ်တာကြောင့် တကယ်ကို အသုံးဝင်မယ့် ဦးထုပ်သစ် ဖြစ်ပါတယ်။

Ref: http://www.businessinsider.com/reevu-motorcycle-helmet-has-rearview-camera-2013-7
Myanmar ICT

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..