လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, July 8, 2013

ဒိုင်က ကစားသမား တစ်ဦးကို ဓါးနဲ့ ထိုးသတ်ပြီး၊ ပရိတ်သတ်က ဒိုင်ကို ခေါင်းပြန်ဖြတ်တဲ့ ဘောလုံးပွဲ

Photo: ဒိုင်က ကစားသမား တစ်ဦးကို ဓါးနဲ့ ထိုးသတ်ပြီး၊ ပရိတ်သတ်က ဒိုင်ကို ခေါင်းပြန်ဖြတ်တဲ့ ဘောလုံးပွဲ 

ဘရာဇီး နိုင်ငံ အပျော်တမ်း ဘောလုံးပွဲ တစ်ပွဲတွင် ကစားသမားကို ကွင်းလယ်ဒိုင်က အသင့်ယူဆောင်လာသော ဓါးဖြင့် ထိုးသတ်ခဲ့သောကြောင့်၊ အသတ်ခံရသည့် ကစားသမား၏ မိတ်ဆွေ(၀ါ) မိသားစုဟု ယူဆရသူ ပရိတ်သတ် တစ်ဦးက အဆိုပါ ကွင်းလယ်ဒိုင်ကို ခေါင်းဖြတ်သတ်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ 

မာရင်ဟာအိုရှိ Pius XII ကွင်းတွင် ယှဉ်ပြိုင် ကစားသွားခဲ့ကြသည့် အပျော်တမ်း ဘောလုံးပွဲတွင် ကွင်းလယ်ဒိုင် ဖြစ်သူက အသက်(၂၀)နှစ် အရွယ် အောက်တာဗီအို ဒါဆေးလ်ဗားအား အနီကဒ်ပြ ထုတ်ပယ်ခဲ့သည်။ 

သို့သော်လည်း အဆိုပါ ကစားသမားက ကွင်းတွင်းမှ ထွက်ခွာရန် ငြင်းဆန်ခဲ့သလို၊ ကွင်းလယ်ဒိုင်အား စတင် တိုက်ခိုက်ခဲ့ကြောင်း Correio24horas ကဖော်ပြသွားခဲ့သည်။ 

ထို့ကြောင့် ကွင်းလယ်ဒိုင်က အသင့်ယူဆောင် လာသော ဓါးဖြင့် ကစားသမားအား ထိုးသတ်လိုက်သည်။ ထိုအချိန်တွင် ဓါးဖြင့် အထိုးခံလိုက်ရသည့် ကစားသမား၏ မိတ်ဆွေ(၀ါ) မိသားစုဟု ယူဆရသူများက ကွင်းတွင်းသို့ ပြေးဝင်လာပြီး ကွင်းလယ်ဒိုင်အား ခဲဖြင့် ၀ိုင်းဝန်း ပစ်ပေါက်ခဲ့ ကြသည်။ 

ထိုပရိတ်သတ်ထဲမှ တစ်စုံတစ်ယောက်က ကွင်းလယ်ဒိုင် အသုံးပြုခဲ့သည့် ဓါးကို ကောက်ကိုင်ပြီး ကွင်းလယ်ဒိုင်၏ လည်ပင်းကို လှီးကာ ခေါင်းဖြတ်ခဲ့သည်။ အဆိုပါ ဦးခေါင်းပြတ်ကိုလည်း ဆူးချွတ်ဖြင့် ထောက်ပြီး ကွင်းတွင်း စိုက်ထူ ခဲ့သည်။ 

အဆိုပါ ဒေသမှ ရဲမှုးကြီးက - "မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုအရ ဒီကိစ္စမှာ ပါဝင်ပတ်သက်ခဲ့တဲ့ သူတွေအားလုံးကို ဖမ်းဆီးစစ်ဆေးသွားမှာပါ" ဟု ပြောကြား သွားခဲ့ပြီး၊ ခေါင်းဖြတ်ခဲ့သည့် တရားခံဟု ယူဆရသူ တစ်ဦးကိုလည်း သိရှိထားပြီး ဖြစ်ကာ၊ စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်း ရဲမှုးကြီးက ပြောကြားသွားခဲ့သည်။

http://www.football-cafe.com/newsdetail.php?newsid=1141#.UdoLUBZ1FvB
Ref: Daily Mail
Written by အောင်ဇော်လတ်(မိုးနဲ)

Posted From Football Cafe

ဘရာဇီး နိုင်ငံ အပျော်တမ်း ဘောလုံးပွဲ တစ်ပွဲတွင် ကစားသမားကို ကွင်းလယ်ဒိုင်က အသင့်ယူဆောင်လာသော ဓါးဖြင့် ထိုးသတ်ခဲ့သောကြောင့်၊ အသတ်ခံရသည့် ကစားသမား၏ မိတ်ဆွေ(၀ါ) မိသားစုဟု ယူဆရသူ ပရိတ်သတ် တစ်ဦးက အဆိုပါ ကွင်းလယ်ဒိုင်ကို ခေါင်းဖြတ်သတ်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ မာရင်ဟာအိုရှိ Pius XII ကွင်းတွင် ယှဉ်ပြိုင် ကစားသွားခဲ့ကြသည့် အပျော်တမ်း ဘောလုံးပွဲတွင် ကွင်းလယ်ဒိုင် ဖြစ်သူက အသက်(၂၀)နှစ် အရွယ် အောက်တာဗီအို ဒါဆေးလ်ဗားအား အနီကဒ်ပြ ထုတ်ပယ်ခဲ့သည်။

သို့သော်လည်း အဆိုပါ ကစားသမားက ကွင်းတွင်းမှ ထွက်ခွာရန် ငြင်းဆန်ခဲ့သလို၊ ကွင်းလယ်ဒိုင်အား စတင် တိုက်ခိုက်ခဲ့ကြောင်း Correio24horas ကဖော်ပြသွားခဲ့သည်။

ထို့ကြောင့် ကွင်းလယ်ဒိုင်က အသင့်ယူဆောင် လာသော ဓါးဖြင့် ကစားသမားအား ထိုးသတ်လိုက်သည်။ ထိုအချိန်တွင် ဓါးဖြင့် အထိုးခံလိုက်ရသည့် ကစားသမား၏ မိတ်ဆွေ(၀ါ) မိသားစုဟု ယူဆရသူများက ကွင်းတွင်းသို့ ပြေးဝင်လာပြီး ကွင်းလယ်ဒိုင်အား ခဲဖြင့် ၀ိုင်းဝန်း ပစ်ပေါက်ခဲ့ ကြသည်။

ထိုပရိတ်သတ်ထဲမှ တစ်စုံတစ်ယောက်က ကွင်းလယ်ဒိုင် အသုံးပြုခဲ့သည့် ဓါးကို ကောက်ကိုင်ပြီး ကွင်းလယ်ဒိုင်၏ လည်ပင်းကို လှီးကာ ခေါင်းဖြတ်ခဲ့သည်။ အဆိုပါ ဦးခေါင်းပြတ်ကိုလည်း ဆူးချွတ်ဖြင့် ထောက်ပြီး ကွင်းတွင်း စိုက်ထူ ခဲ့သည်။

အဆိုပါ ဒေသမှ ရဲမှုးကြီးက - "မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုအရ ဒီကိစ္စမှာ ပါဝင်ပတ်သက်ခဲ့တဲ့ သူတွေအားလုံးကို ဖမ်းဆီးစစ်ဆေးသွားမှာပါ" ဟု ပြောကြား သွားခဲ့ပြီး၊ ခေါင်းဖြတ်ခဲ့သည့် တရားခံဟု ယူဆရသူ တစ်ဦးကိုလည်း သိရှိထားပြီး ဖြစ်ကာ၊ စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်း ရဲမှုးကြီးက ပြောကြားသွားခဲ့သည်။

http://www.football-cafe.com/newsdetail.php?newsid=1141#.UdoLUBZ1FvB
Ref: Daily Mail
Written by အောင်ဇော်လတ်(မိုးနဲ)

Posted From Football Cafe

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..