လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, July 26, 2013

စပိန်မီးရထား မတော်တဆမှုမှ ဒဏ်ရာရသူများအတွက် ရော်နယ် ဒို သွေးလှူဒါန်းဟုဆို

Photo: စပိန်မီးရထား မတော်တဆမှုမှ ဒဏ်ရာရသူများအတွက် ရော်နယ် ဒို သွေးလှူဒါန်းဟုဆို
Friday, July 26, 2013

ရီးယဲလ်မက်ဒရစ် အသင်း၏ ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ကိုယ်တိုင်ကမူ ယင်းကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိချေ။ အင်တာနက်တွင် သတင်းဌာန အချို့က သွေးဖောက်မှုကို ခံယူနေသည့် ရော်နယ်လ်ဒို၏ ဓာတ်ပုံနှင့်အတူ ၎င်း၏ သွေးလှူမှု သတင်းကို ဖော်ပြနေ

စပိန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မီးရထား လမ်းချော်မှုတွင် ဒဏ်ရာရထားသည့် လူနာများအတွက် ခရစ္စတီယာနို ရော်နယ်လ်ဒိုက သွေးလှူဒါန်းခဲ့ကြောင်း သတင်းများ ထွက်ပေါ်လျှက်ရှိသည်။ ရီးယဲလ်မက်ဒရစ် အသင်း၏ ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ကိုယ်တိုင်ကမူ ယင်းကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိချေ။ အင်တာနက်တွင် သတင်းဌာန အချို့က သွေးဖောက်မှုကို ခံယူနေသည့် ရော်နယ်လ်ဒို၏ ဓာတ်ပုံနှင့်အတူ ၎င်း၏ သွေးလှူမှု သတင်းကို ဖော်ပြနေခြင်း ဖြစ်သည်။ သို့သော်လည်း အဆိုပါ ဓာတ်ပုံသည် ရထားတိုက်မှုအတွက် ရော်နယ်လ်ဒို သွေးလှူခြင်း ဟုတ်မဟုတ်ကို အတည်မပြုနိုင်ဟုလည်း ဆိုသည်။ စပိန်တွင် ဇူလိုင်လ (၂၄)ရက်နေ့က ဖြစ်ပွားသော မီးရထား လမ်းကြောင်းချော် တိမ်းမှောက်မှုကြီးအတွင်း လူပေါင်း (၈၀)ကျော် သေဆုံးပြီး (၁၆၀)မျှ ဒဏ်ရာများ ရရှိခဲ့သည်။

ရော်နယ်လ်ဒိုသည် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍မူ ဝမ်းနည်း ကြေကွဲကြောင်း Twitterတွင် ရေးသားခဲ့သည်။ "စပိန်မှာ မီးရထား မတော်တဆမှုကြီး ဖြစ်တဲ့အကြောင်း ကြားလိုက်တော့ ကျွန်တော် အရမ်း စိတ်မကောင်း ဖြစ်မိပါတယ်။ သေဆုံးထိခိုက်သူတွေကို စာနာမိသလို တတ်နိုင်သလောက် အကူအညီပေးဖို့ ဒေသဆိုင်ရာ အရာရှိတွေကနေတစ်ဆင့် မေးမြန်းထားပါတယ်"ဟု ရော်နယ်လ်ဒိုက ဆိုသည်။ လတ်တလောတွင် ရော်နယ်လ်ဒိုသည် ရီးယဲလ်နှင့်အတူ ရာသီကြို လေ့ကျင့်ခန်း အစီအစဉ်အတွက် စခန်းသွင်း လေ့ကျင့်မှု ပြုလုပ်နေပြီး အမှန်တကယ် သွေးလှူခဲ့သည် ဆိုပါက ယင်းအစီအစဉ်မှ ခေတ္တထွက်ခွာလာသည့် သဘောမျိုး ဖြစ်နိုင်ကြောင်း သိရှိရသည်။

Planet Myanmar Network

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..