လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, July 29, 2013

လီဗာပူးကတော့ ဘန်ကောက်မှာလည်း နိုင်ပွဲဆက်ခဲ့တယ်

Photo: လီဗာပူးကတော့ ဘန်ကောက်မှာလည်း နိုင်ပွဲဆက်ခဲ့တယ်
Monday, July 29, 2013

ရာသီကြိုခြေစမ်းပွဲတွေမှာ ရာနှုန်းပြည့် နိုင်ပွဲရနေတဲ့ လီဗာပူးဟာ ထိုင်းအသင်းနဲ့ ခြေစမ်းပွဲမှာလည်းကော်တင်ဟို၊ အက်စ်ပက်၊ ဂျရတ်တို့ရဲ့ ဂိုးတွေနဲ့အတူ၃ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ မဲလ်ဘုန်းကို နှစ်ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲက လူစာရင်းကို အပြောင်းအလဲ ၆နေရာ လုပ်ခဲ့တဲ့ လီဗာပူးဟာ ဆွာရက်ဇ်ကိုတော့ အရန်ခုံမှာပဲ ဆက်ထားခဲ့ပြီး ပွဲအစ ၁၆မိနစ်မှာပဲ လူငယ်ကစားသမားကော်တင်ဟိုရဲ့ တစ်ကိုယ်တော် ထိုးဖောက်မှုက အဖွင့်ဂိုးဖြစ်စေခဲ့ပါတယ်။ ကော်တင်ဟိုဟာ ပြိုင်ဘက်အသင်း ခံစစ်မှူးနှစ်ဦးကို ကျော်ဖြတ်ပြီး ဧရိယာထဲအရောက် အနိမ့်ဘောကန်သွင်းခဲ့တာပါ။

ဒါပေမဲ့ လီဗာပူးအတွက် ဂိုးသမား မစ်နိုလတ် လက်စွမ်းပြခဲ့လို့ ပထမပိုင်းမှာ ချေပဂိုး ပြန်မပေးခဲ့ရတာဖြစ်ပြီး ကာကွယ်မှု နှစ်ကြိမ်လုပ်ခဲ့တာ တွေ့ရပါတယ်။ ဒုတိယပိုင်း ပြန်စပြီး ၅မိနစ်အကြာမှာတော့ လီဗာပူးတို့ ဒုတိယဂိုး ထပ်ရခဲ့ပြီး ကော်တင်ဟို ထိုးပေးတဲ့ ဘောလုံးကို အက်စ်ပက်က ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် နောက် ၉မိနစ်အကြာမှာလည်း ဂျရတ်က တတိယဂိုး သွင်းခဲ့ပြီး ပွဲချိန် ၆၂မိနစ်မှာ ဆွာရက်ဇ် လူစားဝင်လာခဲ့ပါတယ်။ ဒီကစားသမားဟာ ၆ကိုက် အကွာကနေ အပိုင်ဂိုးသွင်းခွင့် ရခဲ့ပေမယ့် သူ့ရဲ့ ခေါင်းတိုက်ချက် ဘားထိသွားခဲ့တဲ့အတွက် ဂိုးမသွင်းနိုင်လိုက်ပါဘူး။

http://yoyarlay.com/sport/football/36840-2013-07-28-17-28-24
ဇော်ထွန်း(ရိုးရာလေး)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..