လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, July 1, 2013

ဘရာဇီးလ်က စပိန်အသင်းကို ၃-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရ

Photo: ဘရာဇီးလ်က စပိန်အသင်းကို ၃-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရ 
Monday, July 01, 2013

ယနေ့ (ဇူလိုင်လ ၁ ရက်၊ တနင်္လာနေ့) နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားသည့် FIFA Confederations Cup 2013 ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် အိမ်ရှင် ဘရာဇီးလ်က စပိန်အသင်းကို ၃-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရ ဗိုလ်စွဲသွားသည်။

ဘရာဇီးလ်အတွက် အနိုင်ဂိုးများကို ပွဲအစ ၂ မိနစ်တွင် ဖရက်ဒ်ကလည်းကောင်း၊ ပထမပိုင်းပြီးဆုံးခါနီး ၄၄ မိနစ်တွင် နေမာကလည်းကောင်း သွင်းယူခဲ့ကာ ပထမပိုင်းအပြီးတွင် ၂-၀ ဂိုးဖြင့် ဦးဆောင်ခဲ့သည်။

ဒုတိယပိုင်း ပြန်လည်စတင်ပြီး မကြာမီ ၄၇ မိနစ်တွင် ဘရာဇီးလ်အတွက် တတိယအနိုင်ဂိုးကို ဖရက်ဒ်ကပင် ထပ်မံသွင်းယူခဲ့ပြီး ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ယခုပွဲစဉ်တွင် စပိန်အသင်း နောက်ခံကစားသမား ဂျရတ်ပီကေးမှာ ပွဲကစားချိန် ၆၈ မိနစ်တွင် အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။

ဇွန်လ ၃၀ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် Confederations Cup တတိယနေရာလုပွဲတွင် အီတလီက ဥရုဂွေးကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ထိုပွဲစဉ်တွင် သာမန်ပွဲကစားချိန် မိနစ် ၉၀ ၌ ၂ ဂိုးစီ သရေရလဒ်ဖြစ်ခဲ့ပြီး အချိန်ပို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့သော်လည်း တစ်ဖက်နှင့်တစ်ဖက် ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ သရေရလဒ်ဖြင့်သာ ပြီးဆုံးခဲ့သည်။

အချိန်ပို ပွဲကစားချိန် မိနစ် ၁၁၀ တွင် အီတလီ ကစားသမား မွန်တိုလီဗို အနီကတ်ဖြင့် ထုတ်ပယ်ခံရသ ည်။ ဆက်လက်၍ ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းရာ အီတလီက ၃-၂ ဖြင့် အနိုင်ရသွားခြင်းဖြစ်သည်။

Planet.com.mm

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..