လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, July 29, 2013

မဲဆောက်မြို့တွင် မိုးဆက်တိုက် ရွာသွန်း၍ သွားလာရေးခက်ခဲ (သတင်းတို)

Photo: မဲဆောက်မြို့တွင် မိုးဆက်တိုက် ရွာသွန်း၍ သွားလာရေးခက်ခဲ (သတင်းတို)

ဇူလိုင်လ ၂၉ရက်၊ ၂၀၁၃ခုနှစ်။ (ကေအိုင်စီ)

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်မြို့တွင် ယခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းသဖြင့် မြို့အတွင်းရှိ ယာဉ်လမ်းကြောင်းများတွင် ရေလွမ်းမိုးကာ သွားလာရေးအခက်အခဲ ဖြစ်ပွားလျှက်ရှိသည်။

“မဲဆောက်မြို့လယ်က Lotus ကုန်တိုက်ဟောင်း ရှေ့က ယာဉ်လမ်းဆိုရင် မနေ့ကတည်း ရေတွေစီးနေတယ်။ ဒီနေ့မနက်မှာ ပိုပြီးတောင် ရေက ကြီးသွားတယ်။ ရေက ဒူးခေါင်းနီးပါးရှိတယ်။ သွားလာလို့ အဆင်မပြေဘူး”ဟု မဲဆောက်မြို့၊ Lotus ကုန်တိုက်အနီးအနားရှိ မြန်မာအလုပ်သမားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ယခုရက်ပိုင်းအတွင်း မဲဆောက်မြို့တွင် သုံးရက်ဆက်တိုက် မိုးရွာသွန်းသဖြင့် အဓိက ယာဉ်လမ်းနှစ်ခုဖြစ်သည့် တလမ်းမောင်း ယာဉ်လမ်းတို့အပါအ၀င် မြို့တွင်းရှိ လမ်းများတွင် ယမန်နေ့မှစ၍ ယနေ့မနက်အထိ ရေများစီးဆင်းကာ သွားလာရေးအခက်အခဲဖြစ်ပွားနေခြင်း ဖြစ်သည်။

ထို့အပြင် ယနေ့မနက်တွင် မဲဆောက်မြို့ပြင်ဘက်ရှိ ၀ါထနာ ရေလှောင်တမံကို ထိုင်းအာဏာပိုင်များက ရေဖောက်ချသဖြင့် မြို့အတွင်းသို့ ရေများပို၍ စီးဝင်လာလျှက်ရှိသည်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်မြို့တွင် ယခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းသဖြင့် မြို့အတွင်းရှိ ယာဉ်လမ်းကြောင်းများတွင် ရေလွမ်းမိုးကာ သွားလာရေးအခက်အခဲ ဖြစ်ပွားလျှက်ရှိသည်။
“မဲဆောက်မြို့လယ်က Lotus ကုန်တိုက်ဟောင်း ရှေ့က ယာဉ်လမ်းဆိုရင် မနေ့ကတည်း ရေတွေစီးနေတယ်။ ဒီနေ့မနက်မှာ ပိုပြီးတောင် ရေက ကြီးသွားတယ်။ ရေက ဒူးခေါင်းနီးပါးရှိတယ်။ သွားလာလို့ အဆင်မပြေဘူး”ဟု မဲဆောက်မြို့၊ Lotus ကုန်တိုက်အနီးအနားရှိ

မြန်မာအလုပ်သမားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ယခုရက်ပိုင်းအတွင်း မဲဆောက်မြို့တွင် သုံးရက်ဆက်တိုက် မိုးရွာသွန်းသဖြင့် အဓိက ယာဉ်လမ်းနှစ်ခုဖြစ်သည့် တလမ်းမောင်း ယာဉ်လမ်းတို့အပါအ၀င် မြို့တွင်းရှိ လမ်းများတွင် ယမန်နေ့မှစ၍ ယနေ့မနက်အထိ ရေများစီးဆင်းကာ သွားလာရေးအခက်အခဲဖြစ်ပွားနေခြင်း ဖြစ်သည်။

ထို့အပြင် ယနေ့မနက်တွင် မဲဆောက်မြို့ပြင်ဘက်ရှိ ၀ါထနာ ရေလှောင်တမံကို ထိုင်းအာဏာပိုင်များက ရေဖောက်ချသဖြင့် မြို့အတွင်းသို့ ရေများပို၍ စီးဝင်လာလျှက်ရှိသည်။
  (ကေအိုင်စီ)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..