လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, July 17, 2013

မလေးရှားနိုင်ငံရှိ ထောင်အတွင်း အကျဉ်းကျခံခဲ့ရသူ ၂၀၀ နီးပါး ပြန်လည်ရောက်ရှိ

Photo: မလေးရှားနိုင်ငံရှိ ထောင်အတွင်း အကျဉ်းကျခံခဲ့ရသူ ၂၀၀ နီးပါး ပြန်လည်ရောက်ရှိ
Wednesday, 17 July 2013 

မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် ပြစ်မှုပြစ်ဒဏ် ကျခံရနေ
သူများ သီတဂူ အထောက်အကူပြု အဖွဲ့၏ ဆောင်ရွက်ချက်ဖြင့် ဇူလိုင် ၁၆ ရက် ညနေပိုင်းက မြန်မာနိုင်ငံသို့ ပြန်ရောက်ရှိလာသည်ကို တွေ့ရစဉ် 

မလေးရှားနိုင်ငံမှ ထောင်များတွင် အကျဉ်းကျခံခဲ့ရသော အလုပ်သမား ၁၇၂ ဦး သီတဂူ အထောက်အကူပြုအဖွဲ့(မလေးရှား) နှင့် ကမ္ဘောဇဘဏ် လိမိ
တက်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဇူလိုင် ၁၆ ရက်ညနေပိုင်းက ပြန်လည်ရောက်
ရှိခဲ့သည်။

အဆိုပါ ပြန်လည်ရောက်ရှိ လာသူများအနက် အမျိုးသမီး ၁၅ ဦး၊ ကလေး
ငါးဦးနှင့် လူနာနှစ်ဦးတို့ ပါဝင်ပြီး မလေးရှားနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ ထောင်ဒဏ်ကျခံ နေရသူများဖြစ်ကြောင်း သီတဂူ အထောက်
အကူပြုအဖွဲ့ (မလေးရှား)အဖွဲ့မှ ဒေါက်တာမြတ်သူက ပြောကြားသည်။

"အခု ရောက်လာတဲ့သူတွေက အရင်တစ်ခေါက် လာတဲ့သူတွေနဲ့ မတူဘူး။ ပထမအခေါက် ၁၅၆ ယောက်က အပြင်ကလူတွေ။ အခုဒီလူတွေက အကျဉ်းထောင်ထဲကလူတွေ ဖြစ်ပါတယ်။ မလေးရှား Immigration ဥပဒေအရ ပြစ်မှုပြစ်ဒဏ် ကျခံနေရသူတွေ ဖြစ်ပါတယ်။ လေဆိပ်ထိကို လက်ထိပ်ခတ် ခေါ်လာကြတယ်။ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်က လူမျိုးပေါင်းစုံ ပါဝင်လာပါတယ်" ဟု ဒေါက်တာမြတ်သူက ထပ်မံပြောကြားသည်။

ထို့ပြင် ကျန်ရှိနေသောသူများကို လာမည့်ဇူလိုင် ၂၁ ရက် (သို့မဟုတ်) ၂၄ ရက်တွင် ထပ်မံသွားရောက် ခေါ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံရှိ အကျဉ်းထောင်များထဲမှ မြန်မာအလုပ်သမား ၈၀၀ ကျော်
အတွက် ဒဏ်ကြေးအဖြစ် မလေးရှားငွေရင်းဂစ် ၄၀၀ ပေးဆောင်ပြီးဖြစ်
ကြောင်း၊ ထို့ပြင် ကျန်ရှိနေသော မြန်မာအလုပ်သမား ၁၀၀၀ ကျော်အတွက် သီတဂူဆရာတော်မှ ဒေါ်လာတစ်သိန်းကျော် ပေးပို့ကာ ထပ်မံခေါ်ဦးမည်ဖြစ်
ကြောင်း သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား) ထံမှ သိရသည်။

မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာပြီး ကလေးငယ်တစ်ဦးနှင့်အတူ တွေ့
ရသည့် အသက် ၅၀ ခန့်ရှိ အမျိုးသမီးကြီး တစ်ဦးက "အဘွားက မလေးရှား
မှာရှိတဲ့ ဒီကလေးရဲ့ အဖေဆီကို သွားတာပါ။ ကလေးကို သွားပို့တာလေ။ ကလေးအဖေက အဘွားသားဖြစ်တော့ သွားပေမယ့် မတွေ့ဘဲ အဖမ်းခံ
ရတာ။ တစ်လကျော်လောက် အချုပ်ထဲမှာ နေခဲ့ရတယ်။ ကော့သောင်းကနေ ထိုင်းကိုသွားတယ်။ ထိုင်းကနေ မလေးရှား နယ်စပ်ရောက်တော့ အဖမ်းခံ
ရတာပါ။ ထောင်ထဲမှာ အချုပ်ခံရတော့ ရောဂါရတယ်၊ ခြင်ကိုက်တယ်၊ စားရေးသောက်ရေး မကောင်းဘူး။ မြန်မာပြည်ရောက်တော့ အရမ်းပျော်
တယ်" ဟု ကော့သောင်းမြို့တွင် နေထိုင်သော ဒေါ်မြကြည်က ဆိုသည်။

အလားတူ အသက် ၁၄ နှစ်သာရှိပြီး မလေးရှားနိုင်ငံရှိ ရော်ဘာခြစ် လုပ်ငန်းတွင် လုပ်ကိုင်နေစဉ် အဖမ်းခံရသူ မောင်အောင်မြင့်ထွန်းက "ခြံထဲမှာ အလုပ်လုပ်နေတုန်း လာပြီးဖမ်းတာ ခံရတယ်။ သွားတုန်းက
အောက်လမ်းကသွားတယ်။ ရော်ဘာခြစ် အလုပ်ရတာ မကြာသေးဘူး။ အချုပ်ထဲမှာ တစ်လထားတယ်။ ထောင်ထဲမှာ တစ်လထားတယ်။
နောက်တော့ သီတဂူဆရာတော်ရဲ့အဖွဲ့ ရောက်လာတော့ သံရုံးက လုပ်ပေးတာနဲ့ မြန်မာပြည်ကို ပြန်ရောက်ခဲ့ပါတယ်" ဟု အဆိုပါ မွန်အမျိုးသားက ပြောကြားသည်။

အဆိုပါ မလေးရှားရောက် မြန်မာအလုပ်သမားများ ခေါ်ဆောင်ရာတွင် သီတဂူ ဆရာတော်မှ အမေရိကန်ဒေါ်လာ တစ်သောင်း၊ အာရှတော်ဝင်
ဆေးခန်းမှ အမေရိကန်ဒေါ်လာ တစ်သောင်းနှင့် Eleven Media Group မှတစ်ဆင့် လှူဒါန်းသော အမေရိကန်ဒေါ်လာ ရှစ်သောင်း စုစုပေါင်း အမေရိကန်ဒေါ်လာ တစ်သိန်းဖြင့် သွားရောက်ခေါ်ဆောင်ခြင်းဖြစ်ပြီး
လေကြောင်းခရီးစဉ်ကို MAI မှ ပံ့ပိုးကူညီခဲ့ကြောင်း သီတဂူ အထောက်
အကူပြုအဖွဲ့ (မလေးရှား)ထံမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

eleven media group
မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် ပြစ်မှုပြစ်ဒဏ် ကျခံရနေ
သူများ သီတဂူ အထောက်အကူပြု အဖွဲ့၏ ဆောင်ရွက်ချက်ဖြင့် ဇူလိုင် ၁၆ ရက် ညနေပိုင်းက မြန်မာနိုင်ငံသို့ ပြန်ရောက်ရှိလာသည်ကို တွေ့ရစဉ်
မလေးရှားနိုင်ငံမှ ထောင်များတွင် အကျဉ်းကျခံခဲ့ရသော အလုပ်သမား ၁၇၂ ဦး သီတဂူ အထောက်အကူပြုအဖွဲ့(မလေးရှား) နှင့် ကမ္ဘောဇဘဏ် လိမိ
တက်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဇူလိုင် ၁၆ ရက်ညနေပိုင်းက ပြန်လည်ရောက်
ရှိခဲ့သည်။အဆိုပါ ပြန်လည်ရောက်ရှိ လာသူများအနက် အမျိုးသမီး ၁၅ ဦး၊ ကလေး
ငါးဦးနှင့် လူနာနှစ်ဦးတို့ ပါဝင်ပြီး မလေးရှားနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ ထောင်ဒဏ်ကျခံ နေရသူများဖြစ်ကြောင်း သီတဂူ အထောက်
အကူပြုအဖွဲ့ (မလေးရှား)အဖွဲ့မှ ဒေါက်တာမြတ်သူက ပြောကြားသည်။

"အခု ရောက်လာတဲ့သူတွေက အရင်တစ်ခေါက် လာတဲ့သူတွေနဲ့ မတူဘူး။ ပထမအခေါက် ၁၅၆ ယောက်က အပြင်ကလူတွေ။ အခုဒီလူတွေက အကျဉ်းထောင်ထဲကလူတွေ ဖြစ်ပါတယ်။ မလေးရှား Immigration ဥပဒေအရ ပြစ်မှုပြစ်ဒဏ် ကျခံနေရသူတွေ ဖြစ်ပါတယ်။ လေဆိပ်ထိကို လက်ထိပ်ခတ် ခေါ်လာကြတယ်။ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်က လူမျိုးပေါင်းစုံ ပါဝင်လာပါတယ်" ဟု ဒေါက်တာမြတ်သူက ထပ်မံပြောကြားသည်။

ထို့ပြင် ကျန်ရှိနေသောသူများကို လာမည့်ဇူလိုင် ၂၁ ရက် (သို့မဟုတ်) ၂၄ ရက်တွင် ထပ်မံသွားရောက် ခေါ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံရှိ အကျဉ်းထောင်များထဲမှ မြန်မာအလုပ်သမား ၈၀၀ ကျော်
အတွက် ဒဏ်ကြေးအဖြစ် မလေးရှားငွေရင်းဂစ် ၄၀၀ ပေးဆောင်ပြီးဖြစ်
ကြောင်း၊ ထို့ပြင် ကျန်ရှိနေသော မြန်မာအလုပ်သမား ၁၀၀၀ ကျော်အတွက် သီတဂူဆရာတော်မှ ဒေါ်လာတစ်သိန်းကျော် ပေးပို့ကာ ထပ်မံခေါ်ဦးမည်ဖြစ်
ကြောင်း သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား) ထံမှ သိရသည်။

မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာပြီး ကလေးငယ်တစ်ဦးနှင့်အတူ တွေ့
ရသည့် အသက် ၅၀ ခန့်ရှိ အမျိုးသမီးကြီး တစ်ဦးက "အဘွားက မလေးရှား
မှာရှိတဲ့ ဒီကလေးရဲ့ အဖေဆီကို သွားတာပါ။ ကလေးကို သွားပို့တာလေ။ ကလေးအဖေက အဘွားသားဖြစ်တော့ သွားပေမယ့် မတွေ့ဘဲ အဖမ်းခံ
ရတာ။ တစ်လကျော်လောက် အချုပ်ထဲမှာ နေခဲ့ရတယ်။ ကော့သောင်းကနေ ထိုင်းကိုသွားတယ်။ ထိုင်းကနေ မလေးရှား နယ်စပ်ရောက်တော့ အဖမ်းခံ
ရတာပါ။ ထောင်ထဲမှာ အချုပ်ခံရတော့ ရောဂါရတယ်၊ ခြင်ကိုက်တယ်၊ စားရေးသောက်ရေး မကောင်းဘူး။ မြန်မာပြည်ရောက်တော့ အရမ်းပျော်
တယ်" ဟု ကော့သောင်းမြို့တွင် နေထိုင်သော ဒေါ်မြကြည်က ဆိုသည်။

အလားတူ အသက် ၁၄ နှစ်သာရှိပြီး မလေးရှားနိုင်ငံရှိ ရော်ဘာခြစ် လုပ်ငန်းတွင် လုပ်ကိုင်နေစဉ် အဖမ်းခံရသူ မောင်အောင်မြင့်ထွန်းက "ခြံထဲမှာ အလုပ်လုပ်နေတုန်း လာပြီးဖမ်းတာ ခံရတယ်။ သွားတုန်းက
အောက်လမ်းကသွားတယ်။ ရော်ဘာခြစ် အလုပ်ရတာ မကြာသေးဘူး။ အချုပ်ထဲမှာ တစ်လထားတယ်။ ထောင်ထဲမှာ တစ်လထားတယ်။
နောက်တော့ သီတဂူဆရာတော်ရဲ့အဖွဲ့ ရောက်လာတော့ သံရုံးက လုပ်ပေးတာနဲ့ မြန်မာပြည်ကို ပြန်ရောက်ခဲ့ပါတယ်" ဟု အဆိုပါ မွန်အမျိုးသားက ပြောကြားသည်။

အဆိုပါ မလေးရှားရောက် မြန်မာအလုပ်သမားများ ခေါ်ဆောင်ရာတွင် သီတဂူ ဆရာတော်မှ အမေရိကန်ဒေါ်လာ တစ်သောင်း၊ အာရှတော်ဝင်
ဆေးခန်းမှ အမေရိကန်ဒေါ်လာ တစ်သောင်းနှင့် Eleven Media Group မှတစ်ဆင့် လှူဒါန်းသော အမေရိကန်ဒေါ်လာ ရှစ်သောင်း စုစုပေါင်း အမေရိကန်ဒေါ်လာ တစ်သိန်းဖြင့် သွားရောက်ခေါ်ဆောင်ခြင်းဖြစ်ပြီး
လေကြောင်းခရီးစဉ်ကို MAI မှ ပံ့ပိုးကူညီခဲ့ကြောင်း သီတဂူ အထောက်
အကူပြုအဖွဲ့ (မလေးရှား)ထံမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

eleven media group

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..