မြေခငှက်ပျောဖူးတော်ကြီး အကြောင်းပါ သိပြီးတဲ့သူတွေ ပိုသိအောင် မသိသေးသူတွေသွားရောက်ဖူးမျှော်နိုင်အောင် ပဲခူးရောက်တုန်းလေး
ကျွန်တော်သိခဲ့တာတွေထဲက တစ်ခုကို ဝေမျှချင်လို့ပါ..
ကောဇာသက္ကရာဇ်(၁၂၇၉) ခုနှစ် ပထမ၀ါဆိုလဆုပ် (၂) ရက်
(၁၉၁၇)ခုနှစ် ဇူလိုင်လ (၅)ရက် ကြာသပတေးနေ့ နံနက် (၄း၄၅)မိနစ်အချိန်တွင် ပဲခူးမြို့၌ (စတုတ္ထအကြိမ်)တုန်လှူပ်ခဲ့သော ပြင်းထန်သည့် ငလျှင်ဒဏ်ကြောင့်
ရွှေမော်ဓော စေတီတော်ကြီး ပြိုကျပျတ်စီးခဲ့ပါတယ်။
စေတီတော်မြတ်ကြီး၏ ငှက်ပျောဖူးတော်ကြီးမှာ ရင်ပြင်တော်ပေါ် တနင်္လာထောင့် သို့ မြေခတော်မူခဲ့သော်လည်း အစိတ်စိတ်အမြွှာမြွှာကွဲသွားခဲ့ခြင်း
မရှိခဲ့ပါ ထို့ကဲ့သို့သော ဖြစ်ရပ်တွေသည် ပဲခူးမြို့ ရွှေမော်ဓော စေတီတော်မြတ်ကြီး၏ အံ့ဖွယ်တစ်ပါးဖြစ်နေခဲ့ပါသည်။..

..(ပြည်သတင်း)

No comments:
Post a Comment