လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, July 29, 2013

ဘောလုံးကို ခေါင်းဖြင့် တိုက်ခြင်း ဦးနှောက်ကို ဒဏ်ရာရစေနိုင်

Photo: ဘောလုံးကို ခေါင်းဖြင့် တိုက်ခြင်း ဦးနှောက်ကို ဒဏ်ရာရစေနိုင်
Monday, July 29, 2013

ကမ္ဘာ့ အကျော်ကြားဆုံး အားကစား နည်းဖြစ်သည့် ဘောလုံး ကစားခြင်းတွင် ဘောလုံးအား ဦးခေါင်းဖြင့် တိုက်သည်မှာ မဖြစ်မနေ ပါဝင် ရသည့် အရာပင် ဖြစ်သည်။
သို့သော်လည်း အမေရိကန် ပညာရှင်များ၏ နောက်ဆုံး လေ့လာ တွေ့ရှိချက်များ အရ ဘောလုံးအား ဦးခေါင်းဖြင့် တိုက်ခြင်းသည် တစ်နေ့လျှင် အကြိမ် အနည်းငယ်သာ ဖြစ်စေကာမူ ဦးနှောက်အား ဒဏ်ရာ ရရှိစေ နိုင်ကြောင်း သိရှိရသည်။

အမေရိကန် ပညာရှင်များသည် နောက်ဆုံးပေါ် ဓာတ်မှန် ကိရိယာများ (MRI) ကို အသုံးပြုကာ အပျော်တမ်း ဘောလုံး သမား ၃၈ ဦးအား ပြီးခဲ့သည့်နှစ် အတွင်း ယင်းတို့ ဘောလုံး ကစားစဉ် ခေါင်းတိုက်မှု အရေအတွက်ကို တွက်ချက်ကာ လေ့လာခဲ့ခြင်း ဖြစ်သည်။ ဘောလုံး ကစားစဉ် ခေါင်းတိုက်မှု အများအပြား ပြုလုပ်ခဲ့သည့် ကစားသမားများ၏ ဦးနှောက်တွင် ဒဏ်ရာ ရရှိခဲ့ကြောင်း တွေ့ရှိခဲ့ရပြီး အဆိုပါ ဒဏ်ရာများသည် ဦးခေါင်းခွံ ထိခိုက်မှုကြောင့် ရရှိသော ဒဏ်ရာ များနှင့် ဆင်တူကြောင်း သိရှိရသည်။ နူးယောက်မြို့ရှိ Albert Einstein တက္ကသိုလ် ဆေးပညာ ဌာန၏ တွေ့ရှိချက်အရ ဘောလုံးအား တစ်နှစ်လျှင် အကြိမ် ၁၀၀၀ မှ ၁၅၀၀ အတွင်း ခေါင်းဖြင့် တိုက်ပါက ဦးနှောက်အား “ပြင်းထန်သော” ဒဏ်ရာများ ရရှိ စေနိုင် သည်ဟု သိရှိရသည်။

ဘောလုံးအား ခေါင်းဖြင့် တိုက်ခြင်းသည် ဦးနှောက်တွင်းရှိ နာဗ့်ကြော များကို ထိခိုက် စေနိုင် လောက်သည်အထိ မပြင်းထန် သော်လည်း အကြိမ်ကြိမ် အဖန်ဖန် ပြုလုပ်ပါက ဦးနှောက်ဆဲလ် များကို ယိုယွင်းပျက်စီး စေနိုင်ကြောင်း သိရှိရသည်။ သီးခြား စမ်းသပ်မှုများမှ တွေ့ရှိချက်များ အရ ဘောလုံးအား ခေါင်းဖြင့် ကြိမ်ဖန်များစွာ တိုက်ခဲ့ သူများသည် မှတ်ဉာဏ် စွမ်းအားနှင့် မျက်လုံး-လက် တူညီ ဆောင်ရွက်မှုများကို လျော့နည်း စေနိုင်ကြောင်း သိရှိ ရသည်။

အထက် ဖော်ပြပါ စမ်းသပ် တွေ့ရှိမှုများအရ ဘောလုံး ကစားရာတွင် ဦးခေါင်းဖြင့် ထပ်ခါ တလဲလဲ တိုက်ခြင်းဖြင့် ဦးနှောက်ကို ထိခိုက်စေနိုင်သလို မှတ်ဉာဏ် စွမ်းအားလည်း ကျဆင်း စေနိုင်ကြောင်း သက်သေ ပြလျှက် ရှိသည်။

မြ၀တီ ကျန်းမာရေး

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..