ပြစ်ဒဏ်ချမှတ်ခြင်း ခံရသော သရုပ်ဆောင် မင်းအုပ်စိုးအား တရားရုံးမှ အထွက်တွင် တွေ့ရစဉ်
အရက်သေစာ သောက်စားမူးယစ်ကာ လမ်းအတွင်းရှိ သစ်ပင်အား မီးရှို့ခြင်း၊ လာရောက် မီးငြှိမ်းသတ် ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များအား ဆဲဆိုခြင်း၊ လုံခြုံရေး လုပ်ဆောင်ရန် ရောက်ရှိလာသော တာမွေ ရဲစခန်းမှ ရဲကားကို လက်သီးဖြင့် ထိုးခြင်းတို့ ပြုလုပ်ခဲ့ခြင်းတို့ကြောင့် တရားစွဲဆို ခံထားရခြင်း ဖြစ်သည်။ တရားစွဲဆို ခံရသော အမှုများမှာ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု၊ မူးယစ်မှု၊ မီးရှို့မှု၊ ၀တ္တရားနှောင့်ယှက်မှု စသည့်အမှုများဖြင့် သက်ဆိုင်ရာ ရဲစခန်းမှ တရားစွဲဆိုထားခြင်း ဖြစ်သည်။ သရုပ်ဆောင်/ဒါရိုက်တာ မင်းအုပ်စိုးသည် အရက်သေစား သောက်စားကာ ပြစ်မှုများကို ကျူးလွန် ခဲ့သော်လည်း တမင်ရည်ရွယ်ချက် မရှိပဲ ကျူးလွန်ခြင်းဖြစ်ကြောင်း တရားလို/ပြ သက်သေများကို စစ်ဆေးရာတွင် တွေ့ရှိရသဖြင့် ယင်းကဲ့သို့ ပြစ်ဒဏ်များကိုသာ ချမှတ်ခဲ့ကြောင်း တရားခွင်တွင် တရား သူကြီး၏ ပြောကြားမှုများအရ သိရှိရသည်။ ယခင် အမှုများဖြစ်သည့် မူးယစ်မှု၊ ၀တ္တရားနှောင့်ယှက်မှုတို့မှာ ယခင်လများတွင် တရားရုံးမှ ဒဏ်ကြေးငွေများအဖြစ် စုစုပေါင်း ၅၅၀၀၀ ကို ကျခံပြီးပြီဖြစ်ကြောင်း သိရှိရသည်။ သရုပ်ဆောင်/ဒါရိုက်တာ မင်းအုပ်စိုး ဗဟန်းတရားရုံးတွင် တရားရင်ဆိုင်သည့် ကာလမှာ တစ်နှစ်ခွဲခန့် ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။
From...EMG
No comments:
Post a Comment