လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, July 31, 2013

အင်းစိန်သံဃာ့ညီလာခံကြီး၌မိန့်ကြားတော်မူ ခဲ့သော သီတဂူ ဆရာတော်ကြီး၏ အမျိုးသားရေး(၆) “စေတီ”ပျောက်သော်လည်း“ဗလီ”ကျန်

Photo: အင်းစိန်သံဃာ့ညီလာခံကြီး၌မိန့်ကြားတော်မူ ခဲ့သော သီတဂူ ဆရာတော်ကြီး၏ အမျိုးသားရေး(၆)

“စေတီ”ပျောက်သော်လည်း“ဗလီ”ကျန်

ရန်ကုန်မြို့လယ်ခေါင်မှာ သိမ်တော်ကြီးကျောင်းတိုက်ဆိုတာ ရှိတယ်။ သာသနာရောက်ကထဲကစ ရှိတဲ့''သိမ်တော်ကြီး''ပါ။ ရဟန္တာသမုတ်တဲ့ ''သိမ်ကိုးလုံး''ရှိတယ်။ သိမ်တစ်လုံးကတော့ရွှေတိဂုံတောင်ဘက်နားမှာ ရှိတယ်။

ကျန်တဲ့သိမ်တွေဘယ်ရောက်ကုန်လဲဆိုတာကို သမိုင်းကိုလေ့လာဖို့လိုပါတယ်။ ''သိမ်ကြီးဈေး'' မရှိစဉ်က အဲဒီနေရာမှာ ''ကျိုက်မြတ်သံချို''ဆိုတဲ့စေတီတော်ကြီး တစ်ဆူရှိတယ်။ ဆူးလေဘုရားလောက်ရှိတယ်။

အဲဒီစေတီတော်ကြီးရဲ့ အနီးအနားမှာ စေတီငယ်လေးတွေအများကြီးပဲ။ စေတီလေးတွေကြားမှာ ထီးလေးတွေနဲ့ဗမာတွေ ဈေးရောင်းကြတယ်။

မွတ်စလင်ပိုင် ''စူလတန်ကုမ္ပဏီ''က အင်္ဂလိပ်အစိုးရကို''ရန်ကုန်မြို့လယ်ခေါင်မှာ ဈေးမရှိသေးဘူး၊ဈေးကြီးဆောက်ချင်တယ်'' ဆိုပြီးတော့ ဈေးဆောက်ခွင့်တောင်းတယ်။

''စူလတန်''ဆိုတာ မော်လမြိုင်ဈေးကြီးဆောက်ပြီးတဲ့ ကုမ္ပဏီပဲ။ သူတို့ကအကွက်မြင်တယ်။ ''ဈေးဆောက်ခွင့်ပေးပါ''ဆိုတော့ အင်္ဂလိပ်အစိုးရက အခုသိမ်ကြီးဈေးနေရာကို ပေးလိုက်တယ်။

''စူလတန်ကုမ္ပဏီ''က ကျိုက်မြတ်သံချိုဘုရားနဲ့ အတူတူအခြားစေတီလေးတွေ အကုန်လုံး ဖျက်သိမ်းပြီးတော့ သိမ်ကြီးဈေးကို ဆောက်တယ်။

စေတီတွေ သိမ်းကြီးဈေးထဲမှာပဲပျောက်သွားတယ်။ ဒါပေမဲ့ သိမ်ကြီးဈေးဘေးမှာတော့''ဗလီ''က အခုထိ ရှိပါသေးတယ်။

သိမ်ကြီးဈေးဆာက်တော့''ဘုရား''တော့ ပျောက်သွားတယ်။ ''ဗလီ''ပဲ ကျန်တယ်။

ရန်ငြိုးနဲ့ပြောတာမဟုတ်ဘူး။ သမိုင်းအမှန်ကို ပြောပြခြင်းပါ။ သမိုင်းကြောင်းတွေကိုအရှင်ဘုရားတို့ တပည့်တော်တို့သိဖို့အရေးကြီးတယ်။

လူ့အခွင့်အရေးဆိုတာတွေပြောရင် ''စေတီတွေ မပျောက်ကွယ်ခွင့်''ဆိုတာကိုလည်းပဲပြောရမယ်။

လူ့အခွင့်အရေးသမားတွေဟာ ''ဗုဒ္ဓဘာသာဘက်'' ကလည်းရပ်တည်ပေးသင့်ပါတယ်။ အခုတော့ မြန်မာနိုင်ငံမှာ ''မွတ်စလင်လူနည်းစု''ဆိုပြီး သူတို့ဘက်ကပဲရပ်တည်ပေးနေတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာ လူနည်းစုက ''မွတ်စလင်မဟုတ်ပါဘူး။ ဟိန္ဒူတွေ ဖြစ်ပါတယ်''။

ဒါကြောင့်တပည့်တော်တို့ရဲ့အဖွဲ့အစည်းရဲ့နာက်မှာ တစ်ခုခု ပြောစရာလိုလာရင် သမိုင်း အထောက်အထား ခိုင်မာအောင်ပြောဖို့ လိုလိမ့်မယ်။ အဲဒါကိုလည်းတင်ပြပါတယ်။

by Ashin Dayweinda

ရန်ကုန်မြို့လယ်ခေါင်မှာ သိမ်တော်ကြီးကျောင်းတိုက်ဆိုတာ ရှိတယ်။ သာသနာရောက်ကထဲကစ ရှိတဲ့''သိမ်တော်ကြီး''ပါ။ ရဟန္တာသမုတ်တဲ့ ''သိမ်ကိုးလုံး''ရှိတယ်။ သိမ်တစ်လုံးကတော့ရွှေတိဂုံတောင်ဘက်နားမှာ ရှိတယ်။
ကျန်တဲ့သိမ်တွေဘယ်ရောက်ကုန်လဲဆိုတာကို သမိုင်းကိုလေ့လာဖို့လိုပါတယ်။ ''သိမ်ကြီးဈေး'' မရှိစဉ်က အဲဒီနေရာမှာ ''ကျိုက်မြတ်သံချို''ဆိုတဲ့စေတီတော်ကြီး တစ်ဆူရှိတယ်။ ဆူးလေဘုရားလောက်ရှိတယ်။အဲဒီစေတီတော်ကြီးရဲ့ အနီးအနားမှာ စေတီငယ်လေးတွေအများကြီးပဲ။ စေတီလေးတွေကြားမှာ ထီးလေးတွေနဲ့ဗမာတွေ ဈေးရောင်းကြတယ်။

မွတ်စလင်ပိုင် ''စူလတန်ကုမ္ပဏီ''က အင်္ဂလိပ်အစိုးရကို''ရန်ကုန်မြို့လယ်ခေါင်မှာ ဈေးမရှိသေးဘူး၊ဈေးကြီးဆောက်ချင်တယ်'' ဆိုပြီးတော့ ဈေးဆောက်ခွင့်တောင်းတယ်။

''စူလတန်''ဆိုတာ မော်လမြိုင်ဈေးကြီးဆောက်ပြီးတဲ့ ကုမ္ပဏီပဲ။ သူတို့ကအကွက်မြင်တယ်။ ''ဈေးဆောက်ခွင့်ပေးပါ''ဆိုတော့ အင်္ဂလိပ်အစိုးရက အခုသိမ်ကြီးဈေးနေရာကို ပေးလိုက်တယ်။

''စူလတန်ကုမ္ပဏီ''က ကျိုက်မြတ်သံချိုဘုရားနဲ့ အတူတူအခြားစေတီလေးတွေ အကုန်လုံး ဖျက်သိမ်းပြီးတော့ သိမ်ကြီးဈေးကို ဆောက်တယ်။

စေတီတွေ သိမ်းကြီးဈေးထဲမှာပဲပျောက်သွားတယ်။ ဒါပေမဲ့ သိမ်ကြီးဈေးဘေးမှာတော့''ဗလီ''က အခုထိ ရှိပါသေးတယ်။

သိမ်ကြီးဈေးဆာက်တော့''ဘုရား''တော့ ပျောက်သွားတယ်။ ''ဗလီ''ပဲ ကျန်တယ်။

ရန်ငြိုးနဲ့ပြောတာမဟုတ်ဘူး။ သမိုင်းအမှန်ကို ပြောပြခြင်းပါ။ သမိုင်းကြောင်းတွေကိုအရှင်ဘုရားတို့ တပည့်တော်တို့သိဖို့အရေးကြီးတယ်။

လူ့အခွင့်အရေးဆိုတာတွေပြောရင် ''စေတီတွေ မပျောက်ကွယ်ခွင့်''ဆိုတာကိုလည်းပဲပြောရမယ်။

လူ့အခွင့်အရေးသမားတွေဟာ ''ဗုဒ္ဓဘာသာဘက်'' ကလည်းရပ်တည်ပေးသင့်ပါတယ်။ အခုတော့ မြန်မာနိုင်ငံမှာ ''မွတ်စလင်လူနည်းစု''ဆိုပြီး သူတို့ဘက်ကပဲရပ်တည်ပေးနေတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာ လူနည်းစုက ''မွတ်စလင်မဟုတ်ပါဘူး။ ဟိန္ဒူတွေ ဖြစ်ပါတယ်''။

ဒါကြောင့်တပည့်တော်တို့ရဲ့အဖွဲ့အစည်းရဲ့နာက်မှာ တစ်ခုခု ပြောစရာလိုလာရင် သမိုင်း အထောက်အထား ခိုင်မာအောင်ပြောဖို့ လိုလိမ့်မယ်။ အဲဒါကိုလည်းတင်ပြပါတယ်။

by Ashin Dayweinda

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..