“ အိန္ဒိယနိုင်ငံ ကွန်ဂရက်စ်ပါတီမှာ ဥက္ကဋ္ဌ ဆိုနီယာဂန္ဓီ
သည် ပြည်ထဲရေးဝန်ကြီးဋ္ဌာန၀န်ကြီးဆူရှယ်လ်ကူးမား
ရှင်ဒီတို့နှင့်အတူ တနင်္ဂနွေနေ့ကအကြမ်းဖက်ဗုံးခွဲခြင်း
ခံခဲ့ရသော ဗုဒ္ဓဂယာရှိ မဟာဗောဓိစေတီသို့ ယနေ့
ဇူလိုင်လ ၁၀ ရက်နေ့မှ သွားရောက်စစ်ဆေးကြည့်ရှု
ခဲ့ပါတယ်။
“ ဗုဒ္ဓဘာသာဝင်တို့ရဲ့အထွတ်အမြတ်ထားရာနေရာမှာ
ယခုလိုဗုံးတွေပေါက်ခွဲသည့်လုပ်ရပ်အား ရှုံ့ချပါတယ်။
ငြိမ်းချမ်းတဲ့ဗုဒ္ဓဂယာမှာ ဒီလိုဗုံးပေါက်ကွဲမှုကြောင့်
အထူးစိုးရိမ်မိပါတယ်။ အထူးစုံစမ်းရေးအဖွဲ့ကြီး ၂ဖွဲ့
ကိုလည်း ပို့လွှတ်ထားပါတယ်။ ဒီအဖွဲ့ဟာ အိန္ဒိယ
အထူးစုံစမ်းစစ်ဆေးရေးဗျုရိုနှင့်တွဲဖက်ထားတဲ့အဖွဲ့
ဖြစ်ပြီး၊ ဒီဖြစ်ရပ်လွန်ကျူးဖို့ ပါဝင်ခဲ့တဲ့ လူအရေအတွက်
ကိုလည်း တိတိကျကျသိရဖို့ စုံစမ်းနေတဲ့အကြောင်း ”
ပြည်ထဲရေးဝန်ကြီး ရှင်ဒီက သတင်းထောက်များကို
ပြောကြားသွားပါတယ်။
ဘီဟာပြည်နယ်အစိုးရရဲ့ မေတ္တာရပ်ခံချက်ကြောင့်
ပိုမိုပြည့်စုံတဲ့စုံစမ်းစစ်ဆေးမှုများဖြစ်နိုင်ဖို့အတွက်
NIA ကို ဗဟိုအစိုးရမှခန့်အပ်တာဝန်ပေးထားခဲ့
ကြောင်းကိုပါသူက ထပ်လောင်းပြောကြားသွားပါတယ်။
- Young Buddhist Association - Myanmar
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment