လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, May 30, 2013

"အိမ်သာတွင်းသို့ စွန့်ပစ် ခံရသည့် တရုတ် မွေးကင်းစ ကလေးကို ကယ်ဆယ်နိုင်ခဲ့"

Photo: "အိမ်သာတွင်းသို့ စွန့်ပစ် ခံရသည့် တရုတ် မွေးကင်းစ ကလေးကို ကယ်ဆယ်နိုင်ခဲ့"
Thursday, May 30, 2013

ပြည်တွင်းသို့နိုင်ငံခြားသား အဝင် အထွက်များလာမှုသည် ပန်းချီကား ဈေးကွက်ကိုပို၍ သွက်လာစေကြောင်း မြန်မာနိုင်ငံ ပန်းချီပန်းပု အစည်းအရုံး (ဗဟို)ဥက္ကဋ္ဌ ဦးမောင်မောင်လှမြင့်က ပြောသည်။ ”ပြခန်းတွေမှာဆိုရင်လည်း အရင် ကထက် နိုင်ငံခြားသားအဝင်အထွက် များလာတယ်။ ဒါက ပွင့်လင်းလာတဲ့ နိုင်ငံရေးအခြေ အနေနဲ့လည်း ဆိုင်ပါ တယ်”ဟု ၎င်းကပြောသည်။ဗိုလ်ချုပ်ဈေးရှိ ပန်းချီပြခန်းများ၌ လည်း ယခင်နှစ်ထက်ရောင်းအား တက် လာကာ ၎င်းပြခန်းများသို့ လာရောက် ဝယ်ယူသူများမှာ ပန်းချီကားစုသည့် မြန်မာအချို့နှင့် နိုင်ငံခြားသားများ ဖြစ် သည်ဟု ပြခန်းတာဝန်ခံများထံမှ သိရ သည်။

ပန်းချီပြခန်းများသို့ စိတ်ပါဝင်စား စွာလာရောက်ကြည့်ရှုသည့် နိုင်ငံခြား သားအများစုမှာ ပြင်သစ်၊ အမေရိကန် နှင့် ဂျာမန်လူမျိုးများဖြစ်ပြီး ၎င်းတို့ စိတ် ဝင်တစားဝယ်ယူသည့် ပန်းချီကား ချပ် များမှာ ဆယ့်နှစ်လရာသီဘွဲ့ပုံများနှင့် မြန်မာ့ဓလေ့ထုံးစံ ပုံများဖြစ်သည်ဟု Myanmar Ink ပန်းချီပြခန်းမှ တာဝန်ခံ တစ်ဦးက ပြောသည်။ ”ဝယ်တာ မဝယ်တာထက်ကို ပြ ခန်းလာကြည့်တဲ့ နိုင်ငံခြားသားဦးရေက အခုဆို ပိုများလာတယ်။ အနီးစပ်ဆုံး မနှစ်ကနဲ့ ယှဉ်ရင်ကိုပဲ ပြခန်းမှာနိုင်ငံ
ခြားသားအဝင်များလာတယ်”ဟု Myanmar Ink မှ ပြောသည်။

ပန်းဆိုးတန်းလမ်းရှိ Horizons Gallery တာဝန်ခံမှလည်း ၎င်းတို့ပြခန်းသို့ နိုင်ငံခြားသား လာရောက်ကြည့်ရှုမှု များပြီးဝယ် ယူကြသည့် နိုင်ငံခြားသား များမှာ ရေးဆွဲသည့်ဆေးနှင့် ပန်းချီအ မျိုးအစားထက် ၎င်းတို့နိုင်ငံ၏ ဓလေ့နှင့် ကွဲပြားခြားနားသည့် မြန်မာ့ယဉ်ကျေးမှုကို ပို၍နှစ်သက်ဝယ်ယူကြသည်ဟု ဆို သည်။”ဒီမှာက ပန်းချီကားတွေကို စိတ် ဝင်စားကြတာ နိုင်ငံခြားသားတွေ များ တယ်လေ။ ဒီတော့ သူတို့နဲ့မတူတဲ့ ယဉ် ကျေးမှုပုံစံကားတွေ ဝယ်ကြတာပါ” ဟု ပန်းချီဆရာရွှေရိုးရာက မြန်မာ့ပန်းချီကား ဈေးကွက်အခြေအနေကို ပြောပြသည်။ ပန်းချီပြခန်း များ၌ ရောင်းချရန် ဈေးနှုန်းများကို ဒေါ်လာများဖြင့် သတ် မှတ်ထားကာမြန်မာငွေနှင့် ပန်းချီကားဖိုး ပေးချေပါကလည်း လက်ရှိဒေါ် လာပေါက် ဈေးနှင့် မြန်မာငွေအားတွက်ချက် လက် ခံကြပြီး ပန်ချီကားတစ်ချပ်၏ရောင်းဈေး များမှာ ကျပ်ငါးထောင်မှ သိန်းနှစ်ဆယ် အထိရှိကြောင်း ပြခန်းများမှသိရသည်။
Popular

အိမ်စည်စိုးစံ

Popular Myanmar News Journal

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..