လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, April 23, 2013

အီဗန်နိုဗစ်ကို ကိုက်လို့ ဆွာရက်ဇ် ဒဏ်ရိုက်ခံရ

ချဲလ်ဆီးဘက်ကိုချေပဂိုးသွင်းပေးခဲ့တဲ့တိုက်စစ်မှူး ဆွာရက်ဇ်ကို
လီဗာပူးက ဒဏ်ငွေတပ်ခဲ့သလို နည်းပြ ရော့ဂျာကလည်း ဆွာရက်ဇ်နေရာကို တခြားကစားသမားနဲ့ အစားထိုးသွားဖို့ရှိတယ်လို့ သတိပေးတဲ့အထိ
ဖြစ်သွားခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ ချဲလ်ဆီးနဲ့ပွဲမှာ အီဗန်နိုဗစ်ရဲ့လက်မောင်းကို ကိုက်ခဲ့ပြီး ဒီလုပ်ရပ်ကြောင့် မာဆေးဆိုဒ်ရဲတွေက သူ့ကို လာစစ်ဆေးခဲ့ပေမယ့်
အရေးယူခြင်း ခံရဖို့တော့ မရှိပါဘူး။ ဒိုင်မမြင်ခဲ့တဲ့ ဒီလုပ်ရပ်ဟာ ရုပ်သံပြကွက်တွေအရတော့
ပြစ်မှုကျူးလွန်တာ ထင်ရှားနေပြီး ဆွာရက်ဇ်ကတော့ သူ့လုပ်ရပ်အတွက် ပြန်တောင်းပန်ထားခဲ့ပါတယ်။
ဒီကစားသမားဟာ PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက် ပဏာမစာရင်းမှာ ပါဝင်ခဲ့ချိန်မှာ အားကစားသမား မပီသတဲ့သူ့ရဲ့လုပ်ရပ်တွေကြောင့် မေးခွန်းထုတ်ခံခဲ့ရပြီး အခုလုပ် ရပ်ကြောင့် ဆုရဖို့ မဖြစ်နိုင်တဲ့ အခြေအနေဖြစ်လာခဲ့ပါတယ်။ ဆွာရက်ဇ်ပေးဆောင်ခဲ့ရတဲ့ ဒဏ်ငွေဟာ ပေါင် ၂၀၀၀၀ကနေ ပေါင် ၄၀၀၀၀၀န်းကျင်ခန့်ရှိနိုင်ပြီး ဒီငွေတွေကို ဟေးလ်ဘရော့ဖြစ်ရပ်ဆိုး ခံစားခဲ့ရတဲ့မိသားစုဝင်တွေကို ထောက်ပံ့နေတဲ့အဖွဲ့ကို ပေးလှူမှာဖြစ်ပါတယ်။
ဆွာရက်ဇ်ကို ဒေါသထိန်းတတ်အောင် သင်ကြားပေးဖို့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားများ အဖွဲ့အစည်းက ကမ်းလှမ်းခဲ့ပြီး ဒီကိစ္စကြောင့် သူ့ရဲ့အနာဂတ်ကိုလည်း ထိခိုက်လာနိုင်ပါတယ်။ လီဗာပူး စီမံခန့်ခွဲမှု ဒါရိုက်တာ အေယီက ဆွာရက်ဇ်ကို စည်းမျဉ်းအရ ပြစ်ဒဏ်တပ်ခဲ့ပေမယ့် အသင်းကနေ ရောင်းထုတ်ဖို့မရှိဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ပေါင်သန်း ၄၀အထက် ပြောင်းရွှေ့ကြေး နဲ့ ပြည်ပကလပ်တွေက ကမ်းလှမ်းလာရင် ဆွာရက်ဇ်က ရောင်းချသွားဖို့ရှိတယ်လို့ သိရပါတယ်။

HONE

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..