လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, April 25, 2013

ဝီဂါမူဆလင်နဲ့ တရုတ်ရဲကြား ပဋိပက္ခဖြစ် ၂၁ ဦးသေ

Photo: ဝီဂါမူဆလင်နဲ့ တရုတ်ရဲကြား ပဋိပက္ခဖြစ် ၂၁ ဦးသေ
Thursday ,April25 ,2013

တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ကျန်း ပြည်နယ်မှာ ဒေသခံ ဝီဂါလူမျိုးတွေနဲ့ တရုတ်ရဲတွေအကြား ပဋိပက္ခဖြစ်ကြရာက လူပေါင်း ၂၁ ယောက် သေဆုံးခဲ့ရပါတယ်။

ဝီဂါလူမျိုး လူငယ်တချို့ ဓားတွေကိုင်ဆောင်ထားတာကို တရုတ်အစိုးရအရာရှိတွေ သတိပြုမိပြီး ရဲတွေကို အကြောင်းကြားရာက ပဋိပက္ခ စတင်ခဲ့တာလို့ တရုတ်အစိုးရပိုင် မီဒီယာမှာ ဖော်ပြထားပါတယ်။

ရဲတွေက ဒေသခံတွေရဲ့ နေအိမ်မှာ လက်နက်သိုလှောင်မှုတွေ ရှိမရှိ စစ် ဆေး ရာ က ပြဿနာ ဖြစ်တာ လို့လည်း ဖော်ပြထားပါတယ်။

ဝီဂါလူမျိုးတချို့နဲ့ တရုတ်ရဲတွေအကြား ဖြစ်နေတဲ့ ပဋိပက္ခအတွင်း တခြား ဝီဂါလူမျိုးတွေပါ ပါဝင်ပြီး ရဲတွေကို တိုက်ခိုက်ခဲ့တဲ့အတွက် ရဲတွေနဲ့ တရုတ်အစိုးရဝန်ထမ်း ၁၅ ယောက်လောက် သေဆုံးပြီး ဝီဂါလူမျိုး ၆ ယောက် သေဆုံးခဲ့တယ်လို့ ဘေကျင်းမြို့အခြေစိုက် အေဘီစီသတင်းထောက် Stephen McDonell က သတင်းပေးပို့ခဲ့ပါတယ်။

ဝီဂါလူမျိုးတွေဟာ အစ္စလာမ်ဘာသာဝင်တွေဖြစ်ကြပြီး အများစုက တရုတ်နိုင်ငံကနေ လွတ်လပ်ရေးရရှိဖို့ လိုလားကြသူတွေ ဖြစ်ပါတယ်။ ရှင်ကျန်း ပြည်နယ်မှာ ဝီဂါလူမျိုး လူဦးရေ ၉ သန်းလောက်ရှိပြီး ရှင်ကျန်းပြည်နယ် လူဦးရေရဲ့ ၆၀% ကျော်ရှိပြီး ကျန်လူတွေကတော့ ဟန်တရုတ်လူမျိုးတွေ များပြားကြောင်း သိရပါတယ်။

ဝီဂါလူမျိုးတွေကတော့ သူတို့အပေါ် တရုတ်အစိုးရက ဘာသာရေး၊ လူမျိုးရေး ဖိနှိပ်မှုတွေလုပ်တယ်လို့ ပြောဆိုထားပြီး တရုတ်အစိုးရကလည်း ဝီဂါလူမျိုးတချို့ ဟာ အကြမ်းဖက်သမားတွေဖြစ်တယ်လို့ပြောပြီး တချို့ကို ဖမ်းဆီးမှုတွေ လုပ်ခဲ့ပါတယ်။

ABC Radio Australia

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..