လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, April 25, 2013

လူရွှင်တော်မေတ္တာ ပြောပြတဲ့ အကြောက်တရား ၂ မျိုး

Photo: လူရွှင်တော်မေတ္တာ ပြောပြတဲ့ အကြောက်တရား ၂ မျိုး 
Thursday, April 25, 2013

ပန်းတနော်မြို့ အကယ်ချောင်းကျေးရွာမှာ အင်္ဂါနေ့က ကျင်းပပြုလုပ်တဲ့ တောင်သူလယ်သမားနဲ့ ရေလုပ်သားဖွံ့ဖြိုးတိုးတက်ရေးသမဂ္ဂ ညီလာခံကို လူရွှင်တော် မေတ္တာလည်း လာရောက်ပြီးတော့ အားပေးစကား ပြောခဲ့ပါတယ်။

မိခင်၊ ဖခင်ရဲ့ကျေးဇူးကို သူဆပ်ခဲ့တယ်၊ အခု လယ်သမားကြီးတွေရဲ့ကျေးဇူးကို ပထမဆုံးလာဆပ်ခြင်းပါပဲ တဲ့။

သူပြောတဲ့အထဲက ရယ်မောစရာ၊ မှတ်သားစရာစကားလေးတွေကို ထုတ်နှုတ်တင်ပြရရင်....

“လူတွေများ အသစ်တီထွင်ရင် သိပ်သဘောကျတယ်၊ ကျနော်ဒီနေ့ ကားမောင်းလာရင်းနဲ့ တွေ့လိုက်တယ်၊ ရန်ကုန်တိုင်း။
အရင်အတိုင်းပဲပေါ့၊ ရန်ကုန်တိုင်းဆို ပြီးတာပဲ။
ဘာထပ်တိုးလာလဲ ဒေသကြီး ထပ်တိုးလာတယ်။
ဘာထူးလဲ။ ဒီအတိုင်းပါပဲ။ ဘာမှမထူးပါဘူး။
ထူးလာရင်တော့ ထပ်ထည့်လိုက်ပါ။ အရမ်း အကျိုးရှိပါတယ်။ မထူးဘဲနဲ့ နာမည်တွေလျှောက်တတ်နေရင် အလကားပါပဲ”

“ကျနော်တို့လယ်သမားတွေ မှန်အောင်နေပါ။ မှန်မှန်ကန်ကန်နေပါ။ မှန်နေရင် လာထိရင် ပြန်ကန်လိုက်ရုံပါပဲ။ အမှန်သမားဟာ အကန်သမားလို့ သတ်မှတ်ပါတယ်”

“ဟောဒီမြန်မာပြည်မှာ လူတိုင်းလူတိုင်း မေးကြည့်ရင် အကြောက်တရား ၂ မျိုးပဲရှိတယ်။ ကျနော်တို့ အုပ်ချုပ်ခံရတဲ့လူက ဖိနှိပ်မှာကြောက်တယ်။ ချုပ်ချယ်မှာ ကြောက်တယ်။ ဘယ်နေ့လာခေါ်မလဲ ကြောက်တယ်။ ဟိုကြောက် ဒီကြောက် ကြောက်တယ်။
ဟိုးအပေါ်ကလူက သူတို့ အဲဒီကုလားထိုင်ကနေ ပြုတ်သွားမှာ သိပ်ကြောက်တယ်။
အကြောက်တရားက ဒီ ၂ မျိုးပဲရှိတယ်”

အဆုံးသတ်မှာတော့ ....
တောင်သူလယ်သမားများက သားသမီးတွေကို ပညာတတ်အောင်၊ ပညာတကယ်ရအောင် သင်ပေးကြပါ၊ ဒါမှ သူများ လိမ်လို့ညာလို့ ဖြီးဖြန်းလို့မရမှာ ဖြစ်တယ်လို့ တိုက်တွန်းပြောဆိုသွားပါတယ်။

ဆလိုင်း သန့်စင် ~
ဧရာဝတီ

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..