MQ-8C Fire-X လို့အမည်ပေးထားတဲ့ ဟယ်လီကော်ပတာ ဖြစ် ပါတယ်။ အမေရိကန်က ထုတ်လုပ်တာပါ။ လူလုံးဝမလုပ်ပဲ တိုက်ပွဲမှာ ပွဲကြမ်းနိုင်မယ့် ဖိုက်တာ ရဟတ်ယာဉ် ဖြစ်ပါတယ်။
ဒီလိုလေယာဉ်ရလာဖို့အတွက် အမေရိကန် စစ်ဌာနချုပ်က နှစ်အတော်လေး ကြိုးစားယူရပါတယ်။ မောင်းသူမဲ့ တိုက်လေယာဉ်ထုတ်လုပ်တုန်းက နည်းပညာနဲ့ ကွဲပြားနေပါတယ်။ ဟက်စကီးရဲ့  သွားနှုန်းဟာ တိုက်လေယာဉ်ထက်နှေးတဲ့အတွက် ထိန်းချုပ်ဖို့က ပိုတောင် ခက်ပါသေးတယ်။
သို့ပေမယ့် မောင်းသူမဲ့ တိုက် ရဟတ်ယာဉ် တစ်စီး ကတော့ ပုံမှာ မြင်တွေ့ရတဲ့ အတိုင်း သားသား နားနား ရှိနေပါတယ်။ အင်ဂျင် တစ်လုံးတည်းပါဝင်ပြီး ဘလိတ်လေးပြားတပ် ပန်ကာကို အသုံးပြု ပါတယ်။
တိုက်ခိုက်ဖို့အတွက် အမြောက်၊ ဒုံးကျည်လက်နက် အစုံအလင် ပါရှိပြီး ရေပေါ်၊ မြေပေါ် စစ်ဆင်ရေးများမှာ ကောင်းစွာ တာဝန်ထမ်းဆောင် နိုင်မယ်လို့ဆိုပါတယ်။ ရဟတ်ယာဉ် တစ်စီးရဲ့  ဈေးနှုန်း ဘယ်လောက်ရှိမယ်ဆိုတာကို တိတိကျကျ မပြောသေး ပါဘူး။ သို့ပေမယ့် တီထွင်ထုတ်လုပ်မှုအတွက် အမေရိကန်ဒေါ်လာ ၇၁ သန်း မက အကုန်ကျခံထားကြောင်း သိရပါတယ်။
--
techblog
ColayOnline:Automobile

No comments:
Post a Comment