လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, March 21, 2013

တစ်ခါသုံး ၀ါးတူများသည် အသည်းကင်ဆာ ဖြစ်နိုင်သည့်အတွက် မသုံးစွဲသင့်ဟုဆို

Photo: တစ်ခါသုံး ၀ါးတူများသည် အသည်းကင်ဆာ ဖြစ်နိုင်သည့်အတွက် မသုံးစွဲသင့်ဟုဆို
================================
အလွယ်တကူ ရယူ သုံးစွဲနေကြသည့် တစ်ခါသုံး ၀ါးတူများသည် အသည်းကင်ဆာ ဖြစ်နိုင်သည့်အတွက် မသုံးစွဲ သင့်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းမှ အသင်းဝင် ဒေါ်ရီလွင်ကျော်ဇောက ၁၅-၃-၂၀၁၃ ရက်တွင် ပြောကြားသည်။ “ကျွန်မတို့ အသင်းက ပြည်သူတွေ စားသုံးဖို့ မသင့်တဲ့ အစားအသောက်တွေကို အမြဲ လေ့လာ စစ်ဆေးနေပါသည်။ အခု နောက်ဆုံး စစ်ဆေး တွေ့ရှိချက်တွေအရဆိုရင် ၀ါးတူတွေမှာ မှိုတွေ ပေါက်လာတယ်ဆိုတာကို တွေ့ရတယ်။ မြန်မာနိုင်ငံမှာ ၀ါးတူ တော်တော်များများက ပေါင်းမထားပါဘူး။ ၀ါးပင်ကို ခုတ်ပြီး ထွက်လာတဲ့ ၀ါးကိုပဲ အဆင်ပြေသလို အချောသတ်ပြီး သုံးတာ ဖြစ်တယ်။ ဒီတော့ ငါးရက်လောက်ဆိုရင် မှိုတွေက မမြင်ရပေမယ့် ရှိနေပါပြီ။ ဒီတော့ မှိုပါတဲ့ တူကို သုံးမိတဲ့အတွက် မှိုတွေကို စားသလို ဖြစ်သွားနိုင်တယ်။ အသည်းကင်ဆာတွေ ဖြစ်နိုင်တယ်။ တတ်နိုင်ရင် ၀ါးတူကို မသုံးဘဲ သစ်သားတူ၊ စတီးတူတွေကိုပဲ သုံးသင့်တယ်။ ပလတ်စတစ်တူကျတော့ အပူနဲ့ တွေ့ရင် ကင်ဆာဖြစ်နိုင်တာတွေ ရှိတယ်။ ကျန်းမာရေးအတွက် ရှောင်သင့်တယ်” ဟု ယင်းက ပြောကြားသည်။ အခြား ပြည်ပနိုင်ငံများသည် ၀ါးများကို သေချာပေါင်းခံပြီးမှ ၀ါးတူဖြတ်စက်ထဲသို့ ထည့်လေ့ရှိပြီး ပြည်တွင်းမှ ၀ါးတူများသည် ပေါင်းခံခြင်း မရှိကြောင်း သိရသည်။ လက်ရှိ ဈေးကွက်တွင် သုံးနေသော တစ်ခါသုံး တူများသည် ဈေးကွက်သို့ ရောက်ရှိရန် အတွက် တူဖြစ်ပြီး ပါကင်ထုတ်ပြီး ၇ ရက်ခန့် အနည်းဆုံးကြာကာ အဆိုပါ အချိန်တွင် မှိုများသည် နှစ်ရက်သားခန့် ရှိပြီး ဖြစ်ကြောင်း သိရသည်။ အဆိုပါ မှိုများသည် သေးငယ်ပြီး လူမျက်စိနှင့် မြင်နိုင်ရန် ၂၇ ရက် ကြာအောင် စောင့်ရကြောင်း သိရသည်။ ထို့ကြောင့် ဆေးလိပ်မသောက်၊ ကွမ်းမစား၊ အရက်မသောက်ဘဲ အသည်းကင်ဆာဖြစ်သူ ပမာဏ မြင့်တက်လာခြင်းသည် ၀ါးတူ အသုံးပြုမှုကြောင့်လည်း ဖြစ်ကြောင်း သိရသည်။ (ပြည်မြန်မာ ဂျာနယ်)

အလွယ်တကူ ရယူ သုံးစွဲနေကြသည့် တစ်ခါသုံး ၀ါးတူများသည် အသည်းကင်ဆာ ဖြစ်နိုင်သည့်အတွက် မသုံးစွဲ သင့်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းမှ အသင်းဝင် ဒေါ်ရီလွင်ကျော်ဇောက ၁၅-၃-၂၀၁၃ ရက်တွင် ပြောကြားသည်။ “ကျွန်မတို့ အသင်းက ပြည်သူတွေ စားသုံးဖို့ မသင့်တဲ့ အစားအသောက်တွေကို အမြဲ လေ့လာ စစ်ဆေးနေပါသည်။ အခု နောက်ဆုံး စစ်ဆေး တွေ့ရှိချက်တွေအရဆိုရင် ၀ါးတူတွေမှာ မှိုတွေ ပေါက်လာတယ်ဆိုတာကို တွေ့ရတယ်။ မြန်မာနိုင်ငံမှာ ၀ါးတူ တော်တော်များများက ပေါင်းမထားပါဘူး။ ၀ါးပင်ကို ခုတ်ပြီး ထွက်လာတဲ့ ၀ါးကိုပဲ အဆင်ပြေသလို အချောသတ်ပြီး သုံးတာ ဖြစ်တယ်။ ဒီတော့ ငါးရက်လောက်ဆိုရင် မှိုတွေက မမြင်ရပေမယ့် ရှိနေပါပြီ။ ဒီတော့ မှိုပါတဲ့ တူကို သုံးမိတဲ့အတွက် မှိုတွေကို စားသလို ဖြစ်သွားနိုင်တယ်။ အသည်းကင်ဆာတွေ ဖြစ်နိုင်တယ်။ တတ်နိုင်ရင် ၀ါးတူကို မသုံးဘဲ သစ်သားတူ၊ စတီးတူတွေကိုပဲ သုံးသင့်တယ်။ ပလတ်စတစ်တူကျတော့ အပူနဲ့ တွေ့ရင် ကင်ဆာဖြစ်နိုင်တာတွေ ရှိတယ်။ ကျန်းမာရေးအတွက် ရှောင်သင့်တယ်” ဟု ယင်းက ပြောကြားသည်။ အခြား ပြည်ပနိုင်ငံများသည် ၀ါးများကို သေချာပေါင်းခံပြီးမှ ၀ါးတူဖြတ်စက်ထဲသို့ ထည့်လေ့ရှိပြီး ပြည်တွင်းမှ ၀ါးတူများသည် ပေါင်းခံခြင်း မရှိကြောင်း သိရသည်။ လက်ရှိ ဈေးကွက်တွင် သုံးနေသော တစ်ခါသုံး တူများသည် ဈေးကွက်သို့ ရောက်ရှိရန် အတွက် တူဖြစ်ပြီး ပါကင်ထုတ်ပြီး ၇ ရက်ခန့် အနည်းဆုံးကြာကာ အဆိုပါ အချိန်တွင် မှိုများသည် နှစ်ရက်သားခန့် ရှိပြီး ဖြစ်ကြောင်း သိရသည်။ အဆိုပါ မှိုများသည် သေးငယ်ပြီး လူမျက်စိနှင့် မြင်နိုင်ရန် ၂၇ ရက် ကြာအောင် စောင့်ရကြောင်း သိရသည်။ ထို့ကြောင့် ဆေးလိပ်မသောက်၊ ကွမ်းမစား၊ အရက်မသောက်ဘဲ အသည်းကင်ဆာဖြစ်သူ ပမာဏ မြင့်တက်လာခြင်းသည် ၀ါးတူ အသုံးပြုမှုကြောင့်လည်း ဖြစ်ကြောင်း သိရသည်။
 (ပြည်မြန်မာ ဂျာနယ်)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..