လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, March 26, 2013

တရုတ်ဥပဒေကြောင့် လင်မယားတွေ ကွဲကြ

Photo: တရုတ်ဥပဒေကြောင့် လင်မယားတွေ ကွဲကြ
~~~~~~~~~~~~~~~~~~~~~~~~
တရုတ်နိုင်ငံ ဘေဂျင်းမှာ အခုတလော လင်မယားကွဲကွာတာတွေ ရုတ်တရက် များလာပါတယ်။ ရာနဲ့ချီတဲ့ စုံတွဲတွေ မှတ်ပုံတင်ရုံးကိုလာပြီး ကွဲကြတာပါ။ ကွဲတဲ့အခါမှာလည်း ရန်မဖြစ်၊ မငြင်းမခုံ၊ ငွေရေးကြေးရေး ပိုင်ဆိုင်မှု ပစ္စည်းကိစ္စ ပြဿနာ မလုပ်၊ နှစ်ဦးသဘောတူ အမြန်ဆုံး ကွဲကြပါတယ်။ 

ဘယ်လို ဖြစ်တာလဲ။ ဘာဖြစ်ကြတာလဲ။
 ငွေရေးကြေးရေးကိုတောင် အလေးမထားကြတော့ဘူးလား။ 
တကယ်ကတော့ ငွေရေးကြေးရေးက အဓိက တရားခံပါ။

ဒီအကြောင်းလေ့လာကြည့်တော့ အခွန်ဥပဒေပြင်ဆင်တာက အခြေခံ အကြောင်းရင်း ဖြစ်နေတာကို တွေ့ရပါတယ်။ ဘေဂျင်းအာဏာပိုင်တွေက ဒုတိယအိမ်ကို ရောင်းရင်ပေးရတဲ့ အခွန်ကို ၂၀ % အထိ မကြာခင်လေး ကပဲ မြှင့်တင်လိုက်ပါတယ်။  လူတွေပြောင်းရွှေ့ဝင်ရောက်လာတာ များလွန်းတော့ ဘေဂျင်းမှာ အိမ်ဈေးတွေက ထိုးတက်လာတဲ့နောက် အခွန်ကိုတင်လိုက်တာ ဖြစ်ပါတယ်။ 

ဒီတော့ အိမ်နှစ်လုံးရှိတဲ့ လင်မယားက တရားဝင်ကွဲလိုက်ရင် တယောက်တအိမ်ပိုင်သွားတာမို့ အဲဒီအိမ်ကို ရောင်းရင်အခွန် မပေးရတော့ပါဘူး။ နောက်တော့မှ ပြန်ပြီး လက်ထပ်ကြတာပေါ့တဲ့။ လက်တွေ့ကျလိုက်ကြပါပေ့။ m

ကိုးကား- http://globalpublicsquare.blogs.cnn.com/2013/03/18/why-chinese-are-rushing-to-get-divorced/?hpt=wo_r1

တိုက်ရိုက်ရှယ်နိုင်ပါတယ်။ စာသားကူးယူဖော်ပြခွင့် မပေးပါ။

Burma-Newselite

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..