လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, March 25, 2013

ဖိနပ်အရောင်ကြောင့် ကျောင်းတွင် ဝိုင်းပယ်ခံရ

Photo: ဖိနပ်အရောင်ကြောင့် ကျောင်းတွင် ဝိုင်းပယ်ခံရ
Monday, March 25, 2013

ဖိနပ်အရောင်ကြောင့်ကျောင်းမှဝိုင်းပယ်ခံရသည့် ဖြစ်ရပ်တစ်ခုအမေရိကန်နိုင်ငံတွင်ဖြစ်ပွားခဲ့သည်။

အသက် ၁၃ နှစ်အရွယ်ရှိ မိန်းကလေးတစ်ဦးသည် သူမ၏ ခြေထောက်အနေ
အထား ပုံမှန်မဟုတ် သောကြောင့် သီးသန့်ဖိနပ်ကို ဝတ်ဆင်နေရသူဖြစ်
သည်။သူမအား ကျောင်းမှဆရာများက သတ်မှတ်ထားသည့်ဖိနပ်ကိုမဝတ်
ဆင်ပါကသီးခြားခွဲထုတ်ထားခြင်းခံရမည်ဟုသတိပေးခြင်းခံခဲ့ရသည်။

ကီလေ စကော့ဆိုသည့် မိန်းကလေးတစ်ဦးသည် ခြေဖနောင့်တွင် အရွတ်ဖြစ်ပြီး နာကျင်သည့်ဝေဒနာခံစား နေရသောကြောင့် သီး
သန့်ဖိနပ်ဝတ်ဆင်နေရသူဖြစ်သည်။

ကျောင်းမှထုတ်ပေးထားသည့် ဖိနပ်သည် သူမနှင့် ဝတ်ဆင်ရန် အဆင်မပြေသဖြင့် သီးသန့်ဖိနပ်အဖြူ၊ အနက် နှစ်ရောင်စပ် ဖိ
နပ်ကိုသာ ဝတ်ဆင်ပြီး ကျောင်းကိုလာရသည်။

သို့သော် အမေရိကန်ပြည်ထောင်စု၊ တမ်းဝပ်ပြည်နယ်၊ ဝီနီကုတ် အထက်တန်းကျောင်းမှ အာဏာ ပိုင်များကသူမတင်ပြသည့်
ဆေးစာကိုလစ်လျူရှုပြီး၊ ကျောင်းမှထုတ်ပေးသည့်ဖိနပ်ကိုသာ
ဝတ်ဆင်ရန် အမိန့်ထုတ်ခဲ့ သည်။

ကျောင်းမှဆရာများသည် ကီလေအား သတ်မှတ်ထားသည့် ဖိနပ်ကို ဝတ်ဆင်မလာပါက သီးခြားခွဲ ထုတ်ထား မည်ဟု ခြိမ်းခြောက်ခဲ့
ကြသည်။

သူမ၏မိခင်ဖြစ်သူ ကာရီ စကော့က ကီလေသည် ရှက်ရွံ့တတ်သည့် မိန်းကလေးဖြစ်ကြောင်း၊ သူမအနေဖြင့် မည်မျှ ကြိုးစားသည်ဖြစ်စေ
ကျောင်းမှဤသို့ အရေးယူဆောင်ရွက်ချက်သည် ဝမ်းနည်းအားငယ်
စိတ်ဖြစ်စေ ကြောင်း၊ နေ့စဉ် မျက်ရည်နှင့်မျက်ခွက်ဖြစ်နေရကြောင်း
ပြောကြားခဲ့သည်။

မိခင်ဖြစ်သူက ဆေးစာကို ကျောင်းကလက်မခံခြင်းသည် စိတ်ပျက်ဖွယ်ဖြစ်
ကြောင်း၊ သူမအတွက် သီးသန့်ဖိနပ် စီးခွင့်ကို ပြူစေလိုကြောင်းပြော
ကြားခဲ့သည်။

ကျောင်းအုပ်ကြီး စတူးအက် တော့န်ကလည်း မိမိတို့အနေဖြင့် ကျောင်းသား
အားလုံး တူညီယူနီ ဖောင်းဝတ်ဆင် ရန် အမိန့်ချပြီးဖြစ်နေသဖြင့် ပြင်ဆင်ပေး
ရန် မဖြစ်နိုင်ကြောင်း ငြင်းဆိုခဲ့သည်။ သူတို့ကျောင်းတွင် ကျောင်းသား အား
လုံး ဝတ်ဆင်သည့်ဖိနပ်မှာ အနက်ရောင်သီးသန့်ဖြစ်သဖြင့်ယခုလို အဖြူ
အနက်ရောထားသော ဖိနပ်ကို ဝတ်ဆင်ခွင့် မပြုနိုင်ကြောင်း ပြောဆိုခဲ့သည်။

မောက္ခပညာရေးမဂ္ဂဇင်း

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..