လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, March 27, 2013

တရုတ်နိုင်ငံ မြစ်အတွင်း ဘဲအသေကောင်များ မျောပါလျက်ရှိ

Photo: တရုတ်နိုင်ငံ မြစ်အတွင်း ဘဲအသေကောင်များ မျောပါလျက်ရှိ

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ ဟွမ်ပူမြစ် အတွင်းမှ ဝက်အသေကောင် ထောင်ပေါင်း များစွာ ဆယ်ယူမှုမှာ ပြီးစီးခါနီးပြီ ဖြစ်ကြောင်း
တရုတ် အစိုးရအဖွဲ့က ပြောကြားပြီးနောက် စီချွမ်ပြည်နယ် ပန်ရှန်း ခရိုင် အတွင်းရှိ နန်ဟေမြစ် အတွင်း ဘဲအသေကောင်များ ၁ဝဝဝ ထက်မနည်း မျောပါလျက် ရှိကြောင်း  နိုင်ငံပိုင်  မီဒီယာ တစ်ခုက မတ် ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

နိုင်ငံတောင်ပိုင်း စီချွမ် ပြည်နယ်ရှိ အာဏာပိုင် များက ဘဲအသေကောင် များကို မြစ်အတွင်းမှ ဆယ်ယူလျက် ရှိပြီး ဆယ်ယူ ရရှိသော ဘဲအကောင် ၁ဝဝဝ ခန့်ကို  ပလတ်စတစ် အိတ်နှင့် ထုပ်၍ မြေအောက် ၃ မီတာ အတွင်း မြှုပ်နှံ ခဲ့ကြောင်း၊ ဘဲများ သေဆုံးရခြင်းနှင့် စပ်လျဉ်း၍  မသိရှိရသေးကြောင်း အစီရင်ခံစာတွင်    ဖော်ပြထားသည်။

ရှန်ဟိုင်းမြို့၏ ရေပြင်အတွင်း ဝက်အသေကောင်များ ဆယ်ယူမှု လုပ်ငန်းစဉ်သည် အခြေခံ အားဖြင့် ပြီးစီးပြီဖြစ်ကြောင်း ရှန်ဟိုင်း အစိုးရ အဖွဲ့က မတ် ၂၄ ရက် နှောင်းပိုင်းက ထုတ်ပြန်သော အစီရင် ခံစာတွင် ဖော်ပြ ထားသည်။

http://www.myawady.net.mm/allnews/global/item/10202-2013-03-27-14-53-38

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..